ရတနာပျိုးခင်းမျိုးဆက်သစ်လူငယ်အသင်း အသင်းအမည်အဓိပ္ပါယ်ဖွင့်ဆိုချက်
ရတနာပျိုးခင်း။ ။အနာဂါတ်၏သားကောင်းရတနာ/သမီးကောင်းရတနာလေးများပေါ်ထွန်းလာစေဖို့
လူငယ်လေးတွေ၏စိတ်၌ကောင်းသောမနသိကာရများဖြင့်ယဉ်ကျေးလိမ္မာပြီးလူတော်လူကောင်းလေးများဖြစ်လာအောင်
မွေးထုတ်ပေးခြင်းပျိုးခင်းပမာပျိုးပေးသောရတနာပျိုးခင်း ။
မျိုးဆက်သစ်လူငယ်။ ။နောင်တခေတ်၏ခေါင်းဆောင်လောင်းမျိုးဆက်သစ်လင်းလတ်ကြယ်ပွင့်ကလေးများ။
အသင်း။ ။အဖွဲ့အစည်း၊ညီညွတ်သောလူငယ်အပေါင်းအစု။
အသင်းဖွဲ့စည်မှုပုံစံ
အသင်းဝင်လူငယ်များကိုဗဟိုပြုကာအဖွဲ့ငယ်များခွဲကာခေါင်းဆောင်များရွေးချယ်လျှက်အသင်းတစ်ခုလုံးအားချိတ်ဆတ်ထားခြင်း။
အဖွဲ့ခေါင်ဆောင်များနှင့်ဘဏ္ဍာရေးစသောအခြားတာဝန်ယူထားသူများမှတင်ပြသောအကြောင်းအရာများကိုနာယကဆရာတော်များမှလိုအပ်သလို
ဖြေရှင်းဆောင်ရွက်ပေးခြင်း။
နာယကဆရာတော်များမှာသြ၀ါဒါစရိယဆရာတော်များအထံမှသြ၀ါဒခံယူကာမှာကြားချက်များဖြည့်စည်းဆောင်ရွက်ပေးခြင်း။
အနီးကပ်ဦးဆောင်သူခေတ္တခဏမရှိ၇ာအခါများ၌အသင်းခေါင်ဆောင်များနှင့်ဘဏ္ဍာရေးစသောတာဝန်ယူထားသူများမှရွာ၌ရှိသောနာယကဆရာတော်များနှင့်
သြ၀ါဒါစရိယဆရာတော်များအထံတင်ပြခြင်း၊လျောက်ထားခြင်းဖြင့်၎င်း၊(သို့)ဦးဆောင်ဆရာတော်ထံဆက်သွယ်ကားတင်ပြလျောက်ထားခြင်းဖြင်း၎င်း
ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်များကိုလည်ပတ်သွားပါမည်။။
အသင်းလေး၏ပဏာမရည်ရွယ်ချက်နှင့်အဓိကကျသောရည်မှန်းချက်
စတင်ကာဖွဲ့စည်ရခြင်းကတော့ယဉ်ကျေးလိမ္မာသင်တန်းနှင့်ဗုဒ္ဓ၀င်ပြိုင်ပွဲဝင်းလူငယ်များအတွက်စာအုပ်စာတမ်းလှူဒါန်းပေးနိုင်ရန်နှင့်အခါအားလျှော်စွာရှိသော
အခါကြီးရက်ကြီးများ၌လေးကျောင်းတိုက်တာသို့ဝေယျာဝေစ္စပြူလုပ်ပေးနိုင်ရန်အတွက်စတင်ဖွဲ့စည်းရခြင်းပင်ဖြစ်ပေသည်။
အသင်း၏အဓိကကျသောရည်မှန်ချက်အနေဖြင့်အသင်းဝင်များနှင့်တကွကျောင်းသားလူငယ်များအားလုံတို့၏ပညာသင်ယူမှုအထောက်အကူပြုအကူအညီများ
ပေးနိုင်ရန်နှင့်ကျောင်ပညာသင်ယူစဉ်တလျှောက်၌ထူးချွန်ထက်မြတ်ပြီးဗဟုသုတပြည့်ဝသောယဉ်ကျေးတဲ့ကလေးလူငယ်လေးများဖြစ်လာအောင်၊များလာအောင်
အသင်း၏လုပ်ငန်းစဉ်များကိုတစ်ခုခြင်းဖော်ဆောင်ပေးသွာဖို့ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
လူငယ်များနှင့်လုပ်ရသောအလုပ်ဖြစ်သောကြောင့်တိကျမှု၊ယုံကြည်လေးစာမှုရှိဖို့ရန်မလွယ်သည်မှာအမှန်ပင်မို့အာလုံးသောမိဘများကပင်ဝိုင်ဝန်ကာစိတ်ရှည်
သည်းခံလျှက်အားပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။
ဖိတ်ခေါ်ပါရစေ
လုပ်ဆောင်နေသူများ၏လုပ်ဆောင်ချက်များသည်ယအူဝါဒ၊လမ်းစဉ်၊ခံယူချက်၊တယူသန်၊တဇွတ်ထိုး၊အမှားများ၊လောကနှင့်ဆန့်ကျင်သောအရာများပါဟုအခိုင်အမာ
ပြောဆိုကန့်ကွက်ချင်ပါကမှန်ရာကိုထောက်ပြပြောဆိုဝေဖန်ပေးနိုင်သလိုအကြံပေးကာပါဝင်ကူညီးပေးလိုပါလာရောက်ဆွေးနွေးတင်ပြနိုင်ပါသည်။
အားလုံးသောလူကြီးသူမများ၏ထောက်ခံအားပေးမှုကိုမမျှော်လင့်ပေမင့်တစိတ်တဒေသလက်ခံနိုင်ကာအမှန်တကယ်တိုးတက်စေလိုသောစိတ်ဆန္ဒရှိသူမည်သူမဆို
အသင်းလေး၏ထာဝရမိတ်ဆွေအဖြစ်ကြို့လင့်နေပါကြောင်းထပ်လောင်းကာဖိတ်ခေါ်ပါရစေ....။
မေတ္တာဖြင့်သာဆောင်ရွက်ပါ
အသင်းဝင်လူငယ်များ၏ပညာသင်ယူမှုတစုံတရာထိခိုက်မှုမရှိစေဖို့နှင့်အခန့်မသင့်ကာမတော်တဆဖြစ်ပေါ်တက်သောပြဿနာများ၌မိဘများ၏စိုးရိမ်ပူပန်မှုများအတိုင်း
မဖြစ်ရအောင်ကြိုတင်ကန့်သတ်ခြင်းဖြင့်၎င်း၊တားမြစ်ခြင်း၊ဆုံးမသြ၀ါဒပေးခြင်း၊စည်းကမ်းများချမှတ်ခြင်းဖြင်းမိဘများ၏ယုံကြည်မှုတည်ဆောက်နိုင်စေဖို့အားလုံးသော
အသင်းဝင်းများ၊အသင်း၏အထောက်အပံ့ပေးကြသူများ၊ဆရာများ၊နာယကဆရာတော်များတို့သည်မေတ္တာရှေ့ထားကာဆောင်ရွက်အားပေးဖို့ကြိုတင်ကာပဲပန်ကြားပါရစေ..။
မေတ္တာရပ်ခံပန်ကြားလွှာ
ယုံကြည်မှုကင်းမဲ့သောအသင်းအဖွဲ့မှန်သမျှတို့သည်တိုးတက်ခွင့်မရနိုင်တာအမှန်ပင်မို့အိဿာ၊မစ္ဆရိယ၊ဒေါသ၊ဗျာပါဒ၊သောကတစ်ဖြာ၊မောဟများလျှက်ယုံကြည်မှုမဖျတ်ဆီးပါရန်
အနူးအညွတ်တောင်ပန်ပါရစေ.။လူငယ်များအပေါ်၌ထားရှိသောစေတနာ၊မေတ္တာများသည်အသင်းအပေါ်၌သက်ရောက်မှုများလေသောကြောင့်အခတ်အခဲအတားအဆီးများ
ကြီးကြီးမားမားမတွေ့အောင်တော့စီစဉ်ထားလင့်ကစားအကြောင်းမတိုက်ဆိုင်ကားအကြောင်းကြောင်းကြောင့်ပျတ်စီးမှုရှိခဲ့သော်သဗ္ဗေသတ္တာကမ္မသကာပဲမို့အဝေးသို့လွင့်ရုံမှတပါး
အခြားမရှိလေတော့ပြီတကား။။။။။ ၼ
အသင်းခေါင်းဆောင်များ
အဖွဲ့(၁)ခေါင်ဆောင် မောင်ချစ်တိုးခိုင် (၈)တန်း အဖ ဦးမျိုးညွန့်
ဒု ခေါင်းဆောင် မောင်ဇော်လှိုင်ဖြိုး (၈)တန်း အဖ ဦးလွင်တိုး
အဖွဲ့(၂)ခေါင်းဆောင် မဝေေ၀ထွန်း (၉)တန်း အဖ ဦးမြင့်စိုး
ဒု ခေါင်းဆောင် မသန်းသန်းစိုး (၉)တန်း အဖ ဦးကျော်လွင်
အဖွဲ့ (၃)ခေါင်းဆောင် မယဉ်မွန်အေး (၈)တန်း အဖ ဦးနှင်းမောင်
ဒု ခေါင်းဆောင် မဇင်မော်အောင် (၈)တန်း အဖ ဦးအောင်ဆန်း
အဖွဲ့ (၄)ခေါင်းဆောင် မညိမ်းသီရိအောင် (၇)တန်း အဖ ဦးအောင်ပိုင်
ဒု ခေါင်းဆောင် မအေးငြိမ်းမွန် (၇)တန်း အဖ ဦးဇော်မျိုးလွင်
ဘဏ္ဍာရေးမှုး(၁) မထက်ထက်ခိုင် (၈)တန်း အဖ ဦးရေလင်း (၂) မဖြိုးကေသီ (၈)တန်း အဖ ဦးအောင်မှုး စာရင်ကိုင် (၁) မဇင်မာမိုး (၈)တန်း အဖ ဦးဇော်ထွန်း (၂) မခိုင်ဇင်ဖြိုး (၈)တန်း အဖ ဦးကျာက်ခဲ
အရာအားလုံးအဆင်ပြေပါစေ
ReplyDeletehappy
ReplyDelete