Friday, August 23, 2013

မိဘ

မိဘ

မိဘဟူသော စကားသည် မာတာပိတု
ဟူသောပါဠိဝေါဟာရနှင့် အနက်အဓိပ္ပါယ်တူညီမှု ရှိပါသည်။
“အမိနှင့်အဖ” ဟူသောအဓိပ္ပါယ်ဖြစ်ပါသည်။

အမိ

အမိဟူသည် သားသမီးများကို
မိမိ၏၀မ်းဖြင့် ကိုးလလွယ်၍
ဆယ်လဖွားပြီး နို့ချိုတိုက်ကျွေးခြင်းဖြင့်
အချိန်ရှိသမျှ ယုယပိုက်ထွေးကာ
ကျင်ကြီးကျင်ငယ်များကို သုတ်သင်ပေးခြင်း၊
မှတ်,ခြင်,ယင်စသော သတ္တ၀ါများ
မကိုက်ခဲအောင် စောင့်ရှောက်ပေးခြင်း
စသည်ဖြင့် မြတ်နိုးတတ်၊ ကြင်နာတတ်၊
သားသမီးတို့၏ စိတ်နှလုံးကို ရွှင်ပြုံးကြည်နူးစေ၍
လူ့လောကသို့ပို့ဆောင်ပေးတတ်သော
အမျိုးသမီးကို “အမေ”ဟုခေါ်ပါသည်။
(သူစိ၊၄၂၄)

အဖ

အဖဟူသည် သားသမီးနှင့်တကွ
အိမ်သူသက်ထား ဇနီမယားကို
တစ်သက်တာပတ်လုံး
ရှာဖွေပြုစုစောင့်ရှောက်ပေးတတ်သော
အမျိုးသားကို “အဖေ”ဟုခေါ်ပါသည်။
(သူစီ၊ ၃၅၄)

မိခင်သည်

မိခင်သည် သားသမီးတို့ ကိုယ်ဝန်တည်သည့်
အချိန်မှစ၍ မွေးဖွားသည့်ကာလ၊
အရွယ်ရောက်သည့် ကာလအထိ
ကြည်လင်အေးမြသော မေတ္တာနှလုံးသားဖြင့်
ထာဝရစောင့်ရှောက်ပေးတတ်သော
အမျိုးသမီးကောင်းဖြစ်ပါသည်။

ဖခင်သည်

ဖခင်သည် သားသမီးတို့၏ဘ၀သာယာရေး၊
အန္တရာယ်ကင်းစေရေးတို့ကို သေတပန်
သက်တဆုံး ပြုစုစောင့်ရှောက်ပေးတတ်သော
အမျိုးကောင်းသားဖြစ်ပါသည်။

ထို့ကြောင့်သားကောင်းတစ်ယောက်၊
သမီးကောင်းတစ်ယောက် လောကအလယ်
ဝင့်ဝင့်ထည်ထည် ပြည်စုံစွာနေထိုင်နိုင်ရေးအတွက်
လက်ဦးဆရာအမည်ရသော အမိနှင်အဖ
မိဘတို့၏အပေါ်တွင် မှီတည်၍နေပါသည်။
မိဘတို့၏ ပြုစုစောင့်ရှောက်မှုသည်
သားကောင်းတစ်ယောက် သမီးကောင်းတစ်ယောက်
ဖြစ်ပေါ်လာရေး အတွက် အဓိက
အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။


ချမ်းမြေ့ပါစေ