အရှင်ဣန္ဒာစက္က (ပျိုးခင်းရှင်) မောင်အောင်မြင့်မြတ်(အရာတော်)
Thursday, September 19, 2013
ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ် . . . .
ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊
အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ် . . . .
================= ==========
နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီး ရပါတယ်၊ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သားဟာလည်းပဲ သဘောထားကြီးရပါတယ်၊
အခုဥစ္စာက ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊ အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ်၊
ငါ့ဟာမှ မှန်တယ်၊ ဒို့ဝါဒမှ မှန်တယ်လို့ ဆိုတဲ့ အတ္တဒိဋ္ဌိ အားကြီးတယ်၊ ဒါကြောင့် အတ္တဒိဋ္ဌိ အားမကြီးဘဲနဲ့ နှစ်ဦးနှစ်ဘက် သဘောထား ညှိနှိုင်းကြမယ် ၊ နိုင်ငံအတွက် ဒို့တတွေ သဘောထားကြီးကြမယ် ဆိုရင်တော့ ဒီနိုင်ငံ တိုးတက်မှာပဲ ဟုတ်လား၊
ဒီကလပ်တို့ ကင်ဒေးယျုံတို့လို သဘောထားကြီးကြရင် ကောင်းမှာပဲ။ ဒီကလပ်လဲ သဘောထားကြီးပါတယ်၊ ဟုတ်လား၊ ဘာဖြစ်လို့တုန်း၊ သဘောထားကြီးလို့မို့ မင်းဒဲလားတို့ ဘာတို့ ဖြစ်လာတာပဲ၊ ကင်ဒေးယျုံလဲ သဘောထားကြီးပါတယ်၊ ဘယ်လို သဘောထားကြီးသလဲ သူ့ကို သတ်ပစ်ဖို့ ကြံစည်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ သူတက်လာတော့ကို အဲဒီပုဂ္ဂိုလ်တွေကို ဘာမှ အရေးမယူဘူး၊ အဲသလောက်ထိ သဘောထားကြီးတယ်။
ဒီတော့ နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီးရပါတယ်၊ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သားတွေဟာလဲ သဘောထားကြီးရပါတယ်၊ အတ္တဒိဋ္ဌိ သိပ်မကြီးကြဖို့ အရေးကြီးတယ်၊ ငါကတော့ အဲဒါပဲ သြ၀ါဒ ပေးချင်တယ်၊ ဟုတ်လား၊ ငါ့ သြ၀ါဒမဟုတ်ပါဘူး၊ ဘုရားရှင်ရဲ့ သြ၀ါဒ ဟုတ်လား၊ အေး ဘုရားအဆူဆူဟောတဲ့ သြ၀ါဒအတိုင်း သဘောထားကြီးကြဘို့ လိုပါတယ် ။ ။
------------------------------
-------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော်၊ မန္တလေး။ ။
ဘာသာသာသနာလူမျိုးတိုးတက်
ပါစေသတည်း.....................။
ပျိုးခင်းရှင
်(19
/9/13)
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)