ကျောင်း
ကျောင်း သားလူလေးမောင်ရွှေသွေး
ကျောင်း တော်ကြီးသို့ပြေး
ကျောင်း တော်ဆီကခေါင်းလောင်းသံ
ကျောင်း ပတ်ဝန်းကျင်မိုးသို့ညံ
ကျောင်း ခန်းသို့ဝင်ဆရာမ “မင်္ဂလာ”ဟုနှုတ်ဆက်ရ
ကျောင်း ကဆရာမသင်တဲ့စာ
ကျောင်း ပြင်ပကကျူရှင်စာ
ကျောင်း ခန်းထည်မှာတွေဝေစွာ
ကျောင်း ဆရာမ မသိခင်ရွေးချယ်လျှက်
ကျောင်း သင်ခန်းစာဆက်၍တက်
ကျောင်း ဆင်းခေါင်းလောင်း
ကျောင်း ဆရာအကြောင်းနှင့်
ကျောင်း မှအလံအလေးပြုရန် ဟု
ကျောင်း ဆရာမ သင်ပေးကြ၏
ကျောင်း အုပ်ကြီး၏ရာဇသံ
ကျောင်း သားလူလေးမောင်ရွှေသွေးတို့
ကျောင်း သာကြီးလိုလိုက်နာလို၍
ကျောင်း သာပီစွာသေ၀ပ်ကျနမှတ်သားကြ၏
ကျောင်း တော်ကြီး၏ကျောင်းဆင်းချိန်
ကျောင်း သာလူငယ်သူငယ်ချင်း အချင်းချင်းတို့
ကျောင်း မှဆင်းရင်းစ,နောက်ခြင်းဖြင့်
ကျောင်း မှအိမ်ပြန်ပျော်စရာဟန်ပေါ့
ကျောင်း မှအိမ်ရောက်မိဘမျက်မှောက်
ကျောင်း စာရွတ်ရင်း”မင်္ဂလာ”ပါဟုနှုတ်ဆက်စကား
ကျောင်း မှာလိုပဲ ရိုသေစွာနဲ့ပြောကြားလေ၏
ကျောင်း ၀တ်စုံလဲ တကိုယ်ရေသန့်ရှင်းတောက်ပြောင်ပြီး၍
ကျောင်း ၀န်းနဲ့အဝေးကျူရှင်သို့အပြေး
သြော်မောင်ကျောင်းသားတို့ ပညာရေး တစတစနဲ့တော့ကောင်းလာဖို့အရေး
အနာဂါတ်ကိုရှုမျှော်တွေးရင်း ရင်လေးနေဆဲ…။
ဦးဣန္ဒာစက္က “ရတနာပျိုးခင်း "
(ဓမ္မာစရိယ) Y.Y.G.P.A
မစိုရိမ်တိုက်သစ်၊မန္တလေး။