Tuesday, November 26, 2013

ခံစားချက်တစ်စုံတစ်ရာဖြင့်
လောကကြီးကိုအမြင်မစောင်းပါလေနဲ့
ဘာပဲဖြစ်နေဖြစ်နေမင်းရထားတဲ့ဘ၀လေးဟာအကောင်းဆုံးပါ
ငွေမရှိလို့စိတ်မညစ်နဲ့ငွေရှိသူတွေရဲ့သောကမင်းထက်မကဆိုးလှပါတယ်
မပြည့်စုံလို့သောကမင်းမကြောင်းကြပါနှင့်
ပြည့်စုံပါတယ်ဆိုသူကမ္ဘာပေါ်တွင်ပုထုဇဉ်တို့သဏ္ဍာန်မြင်ရခြင်းမရှိပါဘူး
ဘ၀ဆိုတာဘာလဲ ? မင်းနာလည်အောင်ကြိုးပါ။
မင်းဘ၀ဘယ်လောက်ဆိုးဆိုးအဲ့ဒါဟာအဆိုးဆုံးမဟုတ်သေးဘူးဆိုတာမင်းနာလည်ထားပါ။
မင်းထက်မကအဆိုးတွေကြုံနေရသူကိုမင်းမြင်ရရင်
မင်းဘ၀ဆိုးတယ်ဆိုတာရယ်စရာဖြစ်နေပေလိမ့်မယ်။

ပျိုးခင်းရှင်(မစိုးရိမ်)
109/110 တို့ရေ
ဘ၀ဆိုးလှတယ်ဆိုတာတကယ်မဟုတ်ပါဘူး
ကိုယ့်ဘ၀ကိုကိုယ်ကကောင်းအောင်ပြုလုပ်နေသမျှဆိုးလှတယ်မထင်ပါလေနဲ
ဖြစ်သမျှအကြောင်းတိုင်းဟာအကောင်းမြင်စိတ်သာရှိရင်အားလုံးကောင်းမယ်လို့ထင်ပါတယ်
ကိုယ်ရပ်တည်နေတဲ့နေရာဟာဘယ်နေရာလဲဆိုတာတော့သိကြဖို့လိုတာပေါ့
ဘာမှမဟုတ်တဲ့သူတွေတောင်လုပ်ရင်းလုပ်ရင်းနဲ့ပဲထိပ်ဆုံးကိုရောက်လာခဲ့ကြတာပါ
မင်းတို့ဘ၀ကောင်းစာကြမယ်ဆိုတာဘယ်သူမယုံယုံငါယုံတယ်
ဒါကြောင့်မင်းတို့ဘ၀သာယာလှပဖို့ယနေ့မှ(သို့)အခွင့်အရေးရှိချိန်မှပေါ့
ကြိုးစားကြမယ်ဆိုတာငါကတော့အကြွင်းမဲ့ယုံပါတယ်ကွာ......။

ပျိုးခင်းရှင်(မစိုးရိမ်)

Monday, November 25, 2013

ကြေငြာချက်

စာမူကြမ်းကိုပြင်ဆင်ပြီးပြီးဖြစ်တဲ့အတွက် ၂၇ရက်နေ့တွင် အရာတာ် အ.ထ.ကနှင့်ရွှေပန်းကုံးအ.ထ.ကတို့တွင်စတင်ဖြန့်ဝေပေးပါမည်။
စာစောင်အား အခမဲ့ ဖြန့်ဝေလိုသူများနှင့်
ဆက်လက်တဆင့်ပြန်လည်ကူးယူဖြန့်ဝေလိုသူများဆက်သွယ်နိုင်ပါသည်။
စာစောင်အားမူရင်းအတိုင်းအကန့်အသတ်မရှိဖြန့်ဝေခွင့်ပြုပါသည်။
ပထမသုံးလ အလှူရှင်ကတော့
ဝက်လက်မြိုးနယ် ရွှေရိုးရွာ မှ ရတနာပျိုးခင်းအသင်းအသင်းသူ/သားများ မှ
သုံးလစာ (၃၀၀၀၀)ကျပ်လှူဒါန်းထားပါသည်။
ဒီလအတွက် စာစောင်ရွက်ရေ (၁၀၀၀)ရွက်ဖြန်ဝေပါမည်။နောက်လများတွင်
ရွက်ရေအပေါ်မူတည်ကာအလှူငွေအတိုးအလျှောရှိနိုင်ပါသည်။
အလှူရှင်များနှင့်သက်ဆိုင်ရာသူများသိစေနိုင်ရန်အတွက်ဆက်လက်တင်ပေးပါအုန်းမည်။

ပျိုးခင်းရှင်(မစိုးရိမ်)

ဆက်သွယ်ရန်။ ။ ဖုန်းနံပါတ် 09-256219938/ 09-402638303
အီးမေးလိပ်စာ။ ။ pyoekhinshin2013@gmail.com
aungmyintmyatmdy1500@gmail.com
ဖေ့ဘုတ်နှင့်ပေ့စာမျက်နှာ
https://www.facebook.com/pages/ရတနာပျိုးဥယျဉ်လူငယ်လစဉ်လက်ကမ်းစာစဉ်/1418110625073563?ref=hl

https://www.facebook.com/pyoekhinshin2013

ဘလောဂါ။ ။ http://yadanarpyoekhin.blogspot.com/

ဝင်ရောက်ဖတ်ရူနိုင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
"မွန်မြတ်သော ဆုတောင်း"

ငါသည် မည်သူ့ ကိုမျှ ဒုက္ခမပေးပါရစေနှင့် ၊
သူတစ်ပါးတို့ ၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်ရပါလို၏ ။

ငါသည် သူတစ်ပါးတို့ ၏ ဒုက္ခကိုပယ်ဖျောက်၊
ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏။

ငါသည် ငါ့ထက်သာလွန်သူကို မည်သည့် အခါမှ
အတုမပြိုင်ပါရစေနှင့်၊ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါစေလို၏။

ငါသည် လောက၏ဆိုးသော အခြေအနေ၌လည်း
စိတ်မပျက်ရပါစေနှင့် ၊လောက၏ကောင်းသော
အခြေ အနေကိုလည်း မတပ်မက်ရပါစေနှင့် ၊
ကောင်းဒဏ်ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူ ဖြစ်ရပါလို၏။

သီတဂူဆရာတော်ကြီး

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Friday, November 22, 2013

ခေတ်လူငယ်နှင့်ယဉ်ကျေးမှု


          နိုဝင်ဘာလအတွက်လက်ကမ်းစာစောင်စာမူကြမ်းလေးပါ


                                    ခေတ်လူငယ်နှင့်ယဉ်ကျေးမှု
    
           ဆယ်ကျော်သက်လူငယ်လေးတို့အတွက်ရည်ရွယ်လျှက်၂၀၁၃၊နိုးဝင်ဘာလမှစတင်ထုတ်ဝေသော လူငယ်လစဉ်လက်ကမ်းစဉ်တွင်ပထမဆုံးအဖြစ် ခေတ်လူငယ်နှင့်ယဉ်ကျေးမှုဟူသောခေါင်းစဉ်ဖြင့်လူငယ်လေး တို့သိသင့်ထိုက်ကျင့်သင့်ကျင့်ထိုက်သောမြန်မာ့ယဉ်ကျေးမှုအကြောင်းကိုစာရေသူနာလည်ခံယူထားသလို တင်ပြပေးပါရစေ။ဒီလက်ကမ်းစာစဉ်လေးကြောင့်လူငယ်များအသိအလိမ္မာဗဟုသုတတစ်စုံတစ်ရာရရှိမည်ဆို ပါကစာရေးသူအပင်ပန်းခံရေးရကျိုးနပ်၏ဟုခံယူပါတယ်။ 
    ယဉ်ကျေးမှုဟုဆိုရာဝယ်မြန်မာ့ယဉ်ကျေးမှုနယ်ပယ်သည်ကျယ်ဝန်းပါပေ၏ရိုးရာဓလေ့ထုံးတမ်းဘာသာ စာပေဂီတအနုပညာလူမှုပေါင်းသင်းဆက်ဆံရေးစသည်ဖြင့်များစွာပင်ရှိလို့နေပါသည်။အတုအယောင်မပီမပြင် ၀ိုးတ၀ါးဖြင့်သူများယဉ်ကျေးမှုကိုအတုခိုးထားသောယဉ်ကျေးမှုမဟုတ်။ကိုယ်ပိုင်ယဉ်ကျေးမှုရှိသောနိုင်ငံပင်ဖြစ်လေသည်။    
  ပုဂံခေတ်ဘုရင်အနော်ရထာ၏ဘာသာရေးအတုအယောင်အရည်းကြီးသာသနာကိုဖျတ်းဆီးလျှက် ရှင်အရဟံကိုယ်တော်မြတ်၏အဆုံးအမအောက်တည်ကာဗုဒ္ဓဘာသာကိုအထူးပင်အားထားယုံကြည်ကိုးကွယ်ခဲ့ပါသည်။ ထိုခေတ်ထိုအချိန်မှစတင်ကာမြန်မာ့ယဉ်ကျေးမှုသည်ဗုဒ္ဓဘာသာနှင့်ယဉ်တွဲလျက်ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုသည် လည်းအသက်ဝင်ပီပြင်လာခဲ့ပါလေသည်။ဘုရင်အနော်ရထာနှင့်ပုဂံပြည်သူ/ပြည်သားတွေရဲ့ဗုဒ္ဓဘာသာအပေါ်သက်ဝင် ယုံကြည်မှုအဘယ်မျှလောက်ကြီးမားသလဲဆိုရရင်တော့ပုဂံစေတီဘုရားတွေကပဲသက်သေခံလိုနေပါသည်။ယဉ်ကျေးမှု ဟူသည်သမိုင်းတွင်မြုပ်နှံထားအပ်သောအရာမဟုတ်ခေတ်အဆက်ဆက်လိုက်နာကျင့်သုံးအပ်ထိန်းသိမ်းစောင့်ရှောက် အပ်သောအရာပင်ဖြစ်သည်။နိုငငံတကာတွင်လည်းကိုယ့်ရိုးရာယဥင်္ကျေးမှုကိုထိန်းသိမ်စောင့်ရှောက်လိုက်နာကျင့် သုံးလျက်ရှိပါသည်။ 
     မည်သည့်နိုင်ငံကမှကိုယ့်ယဉ်ကျေးမှုပျတ်မည့်အခြားယဉ်ကျေးမှုတွေ၏လွှမ်းမိုးမှုကိုမခံယူလိုကြပါဘူး။ တခြားသူတွေ၏ယဉ်ကျေးမှုအဘယ်မျှလောက်ကောင်းကောင်းနေကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုလောက်ကောင်းသည် မထင်မမြတ်းနိုးမခင်တွယ်တက်ကြသည်မှာအမျိုးသားရေးစိတ်ဓါတ်ခံယူမှုကောင်းမြတ်ကြခြင်း ကြောင့်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့သည်မြန်ာလူမျိုးဖြစ်တဲ့ရွှေမြန်မာတို့အတွက်အဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုဖြစ် တာကြောင့်ရွှေမြန်မာတိုင်းသည်မြန်မာ့ယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးထိန်းသိမ်းစောင့်ရှောက်ကြရန်အထူးပင်လိုအပ်နေပါ သည်။စာရိတ္တမဏ္ဍိုင်မယိမ်းယိုင်ခင်ဟိုယခင်ကကိုယ့်ယဉ်ကျေးမှုကိုအမြတ်တနိုးတန်ဖိုးထားတက်ကျင့်သုံးတက်သောရွှေမြန် မာတို့သည်ကမ္ဘာ့အလယ်နိုင်ငံတကာနယ်ပယ်မှာသူခိုးမရှိသောနိုင်ငံဟုပင်ကျော်ဇေားထင်ရှာခဲ့ပါလေသည်။   ယခုချိန်ခါမှာတော့ခေတ်တွေစနစ်တွေလူတွေမူတွေပြော်ငးလဲလာသည်နှင့်အမျှနိုင်ငံ၏ယဉ်ကျေးမှုဂုဏ်ဟာ လည်းတဖြည်းဖြည်းနှင့်မှေးမှိန်လာခဲ့လေသည်မှာနိုင်ငံတကာတွင်မျက်နှာငယ်စရာပင်ဖြစ်လိုကနေပါသည်။  သို့ပေမင့်အမှားကိုမြင်သောအချိန်အမှန်ကိုပြင်ခြင်းဟူသည်ဘယ်သောအခါမှနောက်ကျနေတာမျိုးမရှိပါဘူး။အချိန်မှီပဲ ရှိနေသေးတာကြောင့်ယခုမျိုးဆက်သစ်တို့၏ပြင်ဆင်ခြင်းဖြင့်နောင်မျိုးဆက်သစ်ပေါင်းများစွာတိုင်တည်စေနိုင်ဖို့ယခု မျိုးဆက်တို့မှာတာဝန်တို့ရှိနေပါသည်။     ထို့ထက်တဖန်မျိုးဆက်သစ်တွေကိုယဉ်ကျေးမှုအစစ်အမှန်များပေးနိုင်စေရေးယဉ်ကျေးမှုဂုဏ်မြင့်မာ လာရေးမျှော်တွေးကာအလေးထားပေးကြဖို့လိုနေပါသေးသည်။လည်ကတု့နှင့်တိုက်ပုံဝတ်ပုဆိုးတောင်ရှည်ခေါင်းပေါင်းမောင့် ကျတ်သရေဖြင့်သနပ်ခါးလေးပါကွပ်ကြားလိမ်းမှသာယဉ်ကျေးမငကိုထိန်းစောင့်တာမဟုတ်သလိုရင်ဖုံးအကျီ င်္ချိတ်ထမီးနှင့် ဆံထုံးတော်ကြီးမာန်ဝင့်လျှက်နြေ္ဒကြီးတခွဲသားနေမှသာယဉ်ကျေးတာမဟုတ်ပါဘူးကွယ်။မြန်မာမိန်းကလေးညီမလေးတို့ ဟာခေတ်နှင့်အညီယဉ်ကျေးမှုကိုတော့ထိန်းသိမ်းစေချင်ပါတယ်ကွယ်။ဖတ်ရှင်တခေတ်ဆန်းသစ်လာလို့ခေတ်ပေါ်ဖတ်ရှင်တို့ ကြာင့်စာရိတ္တတွေမပျတ်စီးစေလိုပါဘူး။မဖော်သင့်တာမပေါ်သင့်တာမတိုသင့်တာမခွဲသင့်တာ တွေမပါတဲ့လုံလုံခြုံခြုံဝတ်လို့ ရမဲ့ဖတ်ရှင်ကိုသာရွေးချယ်ကာဝတ်ပါလို့ပြောလိုပါတယ်ညီမလေးတို့ရေ။   အဲ့ဒီလိုမှမဟုတ်ရင်တော့ကျားတို့၏မာယာသမင်ငယ်၏မလိမ္မာမှု ပေါင်းစပ်မိရင်တော့အန္တရာယ်ဆိုတာအဝေးမှာ မဟုတ်အနီးမှာပဲရှိနေပေလိမ့်မယ်။မဖတိခေါ်ပဲအန္တရယ်ပေါင်းစုံကိုရင်ဆိုင်ရ ပေလိမ့်မယ်ညီမငယ်ဒါကြောင့်လိမ္မာ မှုဖြင့်နာလည်နိုင်ပါစေ။
       ယောကျာင်္လေးတွေဆိုရင်လည်းနည်းပညာတိုးတက်မှုတွေကြောင့်ဖျော်ဖြေရေးမီဒီယာတို့၏အားကောင်းခြင်းအင်တာနက်၏ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးဟာရွာကြီးတရွာလိုဆက်သွယ်မငတွေသတင်းအချက်အလက်တွေမြန်ဆန်လာခြင်းကြောင့် အတုမှားစရာတွေကအများကြီးပါပဲ။သရုပ်ပျတ်အ၀တ်အစားတွေနဲ့လူကြီးသူမတွေရှေ့ရဟန်းသံဃာတွေတွေရှေ့ဘုရားကျောင်း ကန်တွေမှာသွားလာလိုမသင့်တော်သောစတိုင်လ်တွေနဲ့RuppreတွေလိုလိုRocker တွေလိုလိုဆံပင်တွေထိုးလို့ ထောင်လောင် ကာလာအရောင်စုံတွေနဲ့စကားတွေဟောင်ဖွာဟောင်ဖွာပြောပြီးလူကြီးသူမတွေကိုမလေးမစားနဲ့ ဘိုးတော် ဘွားတော်ဘဲတွေ ဆော်တွေခေါ်ဝေါ်သုံးနှူန်းခြင်းတို့သည်ကိုယ့်အမျိုးဘာသာကိုစော်ကားရာရောက်ပြီးတော့ကိုယ့်ယဉ်ကျေး မှုကိုဖျတ်ဆီးရာရောက်ပါတယ်။အဲ့ဒီလိုဖြစ်နေခြင်းဟာလူငယ်လေးတွေအတွက်ပျတ်စီးရာလည်းဖြစ်ပါတယ်။       အဲ့ဒီလိုသရုပ်ပျတ်အ၀တ်အစားတွေဝတ်မှလူနားမလည်တဲ့စကားတွေပြောမှခေတ်မှီတယ်ခေါ်တာမဟုတ်ပါဘူးကွယ်။  တိုင်းတပါးသာတွေမြင်ရင်ဒါလားကွယ့်မြန်မာဆိုပြီးတော့အထင်သေးအမြင်သေးစရာတောင်ဖြစ်နေပါသေးတယ်။ကိုယ့်ယဉ် ကျေးမှုနှင့် မဆန့်ကျင်တဲ့ခေတ်ပေါ်အ၀တ်အစားတွေလည်းရှိလို့နေပါတယ်။သူများတကာတွေအမြင်မှာကဲ့ရဲ့ရာမဖြစ်မဲ့အ၀တ်အစားခေတ်ပေါ် ဖတ်ရှင်နဲ့လူအများနာဝင်ချိုစေမဲ့စကားတွေပြောပြီးကိုယ့်အမျိုးဘာသာကိုယ့်ယဉ်ကျေးမှုကိုခေတ်မှီမှီနဲ့စောင့်ထိန်းစေချင်ပါတယ်။ဒါမှ သာလျှင်ခေတ်မှီးတဲ့မြန်မာလူငယ်လေးတွေဟာယဉ်ကျေးမှုဂုဏ်ကိုစောင့်ထန်းနေကြတယ်ဆိုပြီးနိုင်ငံတကာကလေးစားမှုမြင့်မားလာ မယ်မဟုတ်လားကွယ်။လူငယ်တစ်ယောက်လူတစ်ယောက်ယဉ်ကျေးလိမ္မာသလားမယဉ်ကျေးမလိမ္မာဘူးလားဆိုတာဟာ အပြင်ပိုင်းဗဟိဒ္ဓ၀တ်စားဆင်ယင်မှုလူမှုဆက်ဆံရေးနှင့်ခွဲခြားလို့ရသလိုအတွင်းပိုင်းအဇ္ဈတ္တသဏ္ဍာန်၌စာရိတ္တကောင်းမွန်ခြင်း မကောင်းမွန်ခြင်းနဲ့ပါခွဲခြားလို့ရပါတယ်…။    ၀တ်စားဆင်ယင်မှုနဲ့ပါတ်သတ်တာကိုပြေားသင့်သလောက်ပြောပြီးပါပြီးစာရိတ္တပိုင်းဆိုင်ရာကိုဆက်ပြီးတော့ပြောရရင်တော့ စာရိတ္တဆိုတာကိုယ့်ကျင့်တရားကိုပြောတာပါ။စာရိတ္တသီလဆိုတော့ကိုယ့်ကျင့်သီလကိုပြောလိုတာပေါ့။ကိုယ်ကျင့်တရားဆို၍ လန့်မသွာပါလေနဲ့အုန်း။ကိုယ်ကျင့်တရားကောင်းမွန်သူဆိုတာဟာစိတ်ကောင်းစေတနာကောင်းတို့ဖြင့်အရာရာကိုအကောင်း မြင် တက်ကာကိုယ့်ထက်ကြီးသူကိုရိုသေရွယ်တူကိုလေးစားငယ်သူကိုသနားညှာတာလျှက်မိမိတို့ကျင့်ဆောင်ရမဲ့ဝတ္တရာတွေ ကိုကျေပွန်စွာထမ်းဆောင်ရင်းလူကြီးသူမဆရာသမားအသက်ဂုဏ်ဝါကြီးမြင့်သူတို့၏ကောင်းမြတ်သောလမ်းညွန်ဆုံးမမှုများကို နားထောင်တက်ကာမင်္ဂလာတရားတော်တွေကိုလိုက်နာကျင့်သုံးနေထိုင်သူတွေကိုစာရိတ္တကောင်းမွန်သူလို့ဆိုကြပါတယ်။ထိုသို့ စာရိဆ္ဆကောင်းမွန်ခြင်းသည်နိုင်ငံတော်တိုးတက်အတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်တာကြောင့်လည်းစာသင် ကျောင်းတွေမှာ စာရိတ္တပညာနှင့်ပြည်သူ့နီတိကိုနိုင်ငံတော်ကထည့်သွင်သင်ကြားပေးနေရခြင်းဖြစ်ပါသည်။    လူတစ်ဦးနှင့်တစ်ဦးမွေးဖွားရှင်သန်နေထိုင်ကြရာနေရာဒေသ မွေးရာပါမျိုးရိုးဗီးဇ စရိုက်ဝါသနာချင်းမတူညီကြတာကြောင့် စာရိတ္တပိုင်းရာများနှင့်စိတ်ဓါတ်ရေးရာတွင်ကောင်းမွန်သူများရှိသလို မကောင်းသောသူများလည်းရှိပါပေ၏။သို့ပေမဲ့အရာ အားလုံးပြီးပြည့်စုံသောသူမည်သည်တစ်ရာမှာတစ်ယောက်ဖြစ်ဖို့ရာအလွန်ပင်ခတ်ခဲပါပေ၏။မည်သူမဆိုအားနည်းချက်ကိုယ်စီရှိနေ တက်ကြတာဟာလောကတံထွာဓမ္မတာပေမို့ကိုယ်တစ်ယောက်တည်းမပြည့်စုံတာဟူ၍မထင်ပါလေနဲ့။ဒီလိုပြောလို့စိတ်အားလည်း ငယ်မသွာပါလေနဲ့အုန်း။ထိုသို့ပင်အားနည်းချက်ကလေးတွေရှိနေကြလင့်ကစား။ဘယ်သူမဆိုမည်သို့သောအရပ်ဒေသစရိုက်ဝါသနာ မျိုးရိုးဗီဇရျနေကြပါစေသင်ယူလေ့ကျတ်လိုက်နာကျင့်ကြံအပ်သောကောင်းမြတ်သောအကျင့်ကောင်းတို့ဖြင့်စာရိတ္တကောင်းမွန်သော ယဉ်ကျေးလိမ္မာသူများအမျိုးဘာသာကိုစောင့်ထိန်းသောလူလိမ္မာလူယဉ်ကျေးလေးများဖြစ် လာနိုင်တယ်ဆိုတာမေ့မထားကြပါနဲ့။သင်ယူပါလေ့လာပ်။ကိုယ့်ထက်ကြီးသူတွေရဲ့ကောင်းမြတ်သောအကျင့်တွေကိုလိုက်နာကျင့် သုံကြမယ်ဆိုရင်ဖြင့်ဘယ်လိုပဲစရိုက်ကြမ်းနေသူဖြစ်နေပါစေတဖြည်းဖြည်နှင့်ယဉ်ကျေးလိမ္မသူများဖြစ်လာကြရမှာမလွဲဧ ကန်အမှန်ပေတည်း။  လူငယ်မျိုးဆက်သစ်လေးတွေကိုဦးဇင်းပြောပြလိုတဲ့အသိလေးကတော့ငယ်ရွယ်စဉ်မှာအချိန်ကိုတန်ဖိုး ရှိစွာအသုံးချပြီးအသိပညာအတက်ပညာများကိုမပျင်းမရိဝီရိယထားလေ့လာဆည်းပူးကြပါ။အကြောင်းအမျိုးမျိုးကြောင့်   ကျောင်းပညာရေးကိုဆက်လက်မသင်ယူနိုင်ကြလင့်ကစားအသက်မွေးဝမ်းကြောင်းပညာတခုခုကိုတော့ဝမ်းရေးအတွက်မဖြစ် မနေသင်ယူလေ့ကျတ်ပါ။ဗဟုသုတကိုစာပေတွေကရောဘ၀ထဲကပါလေ့လာဆည်းပူးကြပါ။အချို့ဗသာဆယ်ကျော်သက်လူ ငယ်များနှင့်လူရွယ်လေးတွေကောလူကြီးပိုင်းတွေကပါပညာသင်ယူမှုပြီးကြသည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ရပ်နားကြရသည်ဖြစ်စေစာအုပ်စာပေတွေနှင့်ဝေးသွားတက်ကြသလို၊စာဖတ်းအားလည်း အတော်အားနည်းသွားကြလေ့ရှိပါတယ်။တကယ်တော့ဘ၀ဆိုတဲ့ကျောင်းတော်ကြီးမှာလူတိုင်းလူတိုင်းဟာ ဘ၀သင်ခန်းစာတွေကိုသင်ယူနေကြရတဲ့ထာဝရကျောင်း တော်သားလေးတွေပါပဲ။ ဘယ်တော့မှအားလပ်ရက်အားလပ်ချိန်ဆိုတာမရှိပါဘူး။အချိန်တိုင်းနေရာတိုင်းမှာသင်ယူနေကြရပါတယ်။ ဒါကြောင့်မို့ကိုယ့်ရဲ့ဘ၀ကိုယ့်ရဲ့လောကကိုယ့်ရဲ့အသိုင်းအ၀ိုင်းကိုယ့်နိုင်ငံရပ်ရွာနယ်ပယ်အမျိုးဘာသာသာသနာ ကိုကောင်းစေချင်တယ်တိုးတက်းထွန်းကားစေချင်တယ်ဆိုရင်တော့လုပ်သင့်တာကတော့စာဖတ်ခြင်းပါပဲ။ စာပေတွေကနေ ပေးတဲ့ဗဟုသုတတွေသင်ခန်းစာတွေစိတ်ဓါတ်ခွန်အားတွေအောင်မြင်ရေးလမ်းညွန်ချက် အစရှိတာတွေနဲ့တိုးတက်ကောင်းမွန်အောင်လုပ်ရမှာကနောင်တစ်ခေတ်ရဲ့ခေါင်ဆောင်တွေဖြစ် ကြမဲ့လူငယ်လေးတွေရဲ့တာဝန်ပါပဲကွယ်။စာပေနဲ့ပါတ်သက်တာစာဖတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့ ပါတ်သက်တာကိုနောက်မှသီးသန့်ရေးပေးပါ့မယ်။ခုတော့ဖြင့်ယဉ်ကျေးမှုနဲ့ပါတ်သက်တာကိုအဆုံးသတ်ပါအုန်းမယ်။     ကိုယ်၏ယဉ်ကျေးခြင်း ကာယကံယဉ်ကျေးမှု၊နှုတ်၏ယဉ်ကျေးခြင်းဝစီကံယဉ်ကျေးမှု၊စိတ်၏ ယဉ်ကျေးခြင်းမနောကံယဉ်ကျေးမှုတို့ဖြင့်အပြင်၏ယဉ်ကျေးခြင်းအဆင်း၏ကောင်းခြင်းနှင့်ပြည့်စုံကြသောမျိုးဆက်တွေတိုး ပွားလာလေအမျိုးဘာသာသာသနာနဲ့ကိုယ့်ရဲ့ယဉ်ကျေးမှုအဓွန့်ရှည်ကြာတည်တံ့နိုင်လေပါပဲ။     ကာယကံယဉ်ကျေးမှုဝတ်စားဆင်ယင်ပြုမူနေထိုင်သွားလာခြင်း၌ယဉ်ကျေးတာ၊၀စီကံယဉ်ကျေးမှု သုံးနှုန်းပြောဆိုဆက်ဆံရာ၌ယဉ်ကျေးတာ၊ မနောက့ယဉ်ကျေးမှုစိတ်ကောင်းထား၍မကောင်းကြံစည်မှုမရှိဘဲအစဉ်သဖြင့်စိတ်ကောင်းမွေးခြင်း  ကာင်းမြတ်သည်ကိုသာလျှင်ကြံစည်တွေးတော့ဆင်ခြင်နှလုံးသွင်းခြင်းအစရှိ သည်ဖြင့်ယဉ်ကျေးခြင်း၏အဓိကကျင့်ဆောင်သင့်တာလေးတွေကိုမမေ့မလျှော့မပေါ့မဆ ပဲကောင်းမြတ်သောယောနိသောမနသိကာရတို့ဖြင့်ကျင့်ဆောင်ကြဖို့ ဦးဇင်းအနေနဲ့ဆုံးမသွန်သင်လမ်းညွန်ပါတယ်မောင်ညီမလေးတို့ရေ။          ယဉ်ကျေးခြင်းလိမ္မာခြင်းထူးချွန်ထက်မြတ်ခြင်းစာရိတ္တကောင်းမွန်ခြင်းအစရှိတာတွေ ဟာမျိုးဆက်သစ်လူငယ်မောင်ညီမငယ်တို့အတွက်အကောင်းဆုံး အဖော်မွန်တွေမို့အကောင်းဆုံးရှာဖွေလေ့လာသင်ယူကြပါကွယ်။     အစဉ်သဖြင့်တိုးတက်ပြောင်းလဲနေသောခေတ်ကြီးထဲမှာနည်ပညာတွေဘယ်လောက် ပဲတိုးတက်နေပါစေကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့ဘာသာသာသနာ နိုင်ငံရဲ့ဂုဏ်သိက္ခဲာ့အမျိုးဘာသာရဲ့ယဉ်ကျေးမှုဂုဏ်ကိုတော့အကောင်းဆုံးထိန်းစောင့်ဖို့ မျိုးဆက်သစ်မင်းတို့ငါတို့ရောနောင်လာနောင်သားတွေရော ခုခေတ်မှာခုချိန်မှာအာဏာပါဝါလုပ်ပိုင်ခွင့်လုပ်နိုင်ခွင့်ရှိသူလူကြီးတွေမိဘပြည်သူတွေ အားလုံးအားလုံးမှာတာဝန်တွေကိုယ်စီကိုယ်ငှရှိနေကြတာကြောင့် ကျရာတာဝန်နိုင်ရာဝန်ကိုကျေးပွန်စွာထမ်းဆောင်ရင်းအမိမြန်မာနိုင်ငံတော် ကြီး၌ယဉ်ကျေးမှုအမွေအနှစ်များအဓွန့်ရှည်ကြာတည်တံ့နိုင်စေဖို့နဲ့မြတ်ဘုရား၏ သာသနာတော်သည်လည်းငါးထောင်မကတည်တံ့စေရေးစိတ်မှာတွေး၍ နိုးဆော်ပေးရင်းဆောင်းပါးလေးကိုအဆုံးသတ်ပါရစေ။     
(ပထမဆုံးသောလ ပထမဆုံးသောလုပ်ဆောင်ချက်တို့ဖြင့်ပထမဆုံးသောဆောင်းပါးလေးတွင် လိုအပ်ချက်အားနည်ချက် တွေများစွာပင်ရှိနေနိုင် တာကြောင့်အကောင်းဆုံးကိုရှုမျှော်တွေးရင်းယောနိသောမနသိကာရတို့ဖြင့်ဝေဖန်      အကြံပြုပေးကြပါရန်ထောက်ပြပြောဆိုကြပါရန်တိုင်တွန်းပါရစေ)
                                      
            ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အားလုံးသတ္တ၀ါဝေနေယျတိုဗုဒ္ဓမြတ်စွာရှင်တော်၏မဟာဂရုဏာမေတ္တာရိပ်အောက်တွင်   အစဉ်အေးချမ်းစွာတည်ရှိနိုင်ပါစေ

ပျိုးခင်းရှင် (မစိုးရိမ်)  
အရှင်ဣန္ဒာစက္က(မစိုးရိမ်တိုက်သစ်။မန္တလေး)

Friday, November 15, 2013

မိန်းကလေးတွေအတွက်အကြုံပြုချက်(၁၄)ချက်

မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
==========================

၁) စာဖတ်ဝါသနာရှိပါစေ

၂) အဆင့်အတန်းရှိပါစေ

၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

၎) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ

၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ

၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ

၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ

၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ

၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ

၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ

၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ

(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ

၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ

Wednesday, November 13, 2013

Sunday Dhamma School

Sunday Dhamma School

ပို့စ်တွေ မရေးဖြစ်တာကြာပြီ၊ အင်တာနက် အသုံးရခက်တဲ့နေရာရောက်လို့ပါ ဟု
ဆင်ခြေပြန် ပေးမိခဲ့သည်။ အခု အင်တာနက်သုံးရတာအဆင်ပြေနေပြီလေ၊
ဘာ့ကြောင့်လဲလို့ ထပ်မေးရင်
ရိုးနေတဲ့စကားလုံးအတိုင်းတုံ့ပြန်မိခဲ့ပြန်တယ်၊ အလုပ်မအားလို့ပါ။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသည့်အတိုင်း လူတိုင်း အလုပ်ရှိမှ တင့်တယ်မယ်လေ၊
လူတိုင်းပေါ့၊ အလုပ်မလုပ်တဲ့တိုင်းပြည် မွဲပြာကျသလို ငုတ်တုတ်သာ
ထိုင်နေမိရင် ဒီနေရာ ရောက်လာမယ် မထင်ပါဘူး။ အဲဒီအထဲကမှ အလုပ်မရှိရင်
မနေတက်တဲ့ သူငယ်ချင်းတွေ စုမိ၊ ပေါင်းသင်းမိတော့ ပိုဆိုးတာပေါ့၊ ခြေဗွေပဲ
ပါခဲ့ကြလို့လားမသိပါဘူး။ ထိုင်နေရင် ဖျားတယ်၊ နာတယ်၊ ခေါင်းကိုက်တယ်
ဆိုတာတွေ တကယ်ဖြစ်တာပါ၊ 2008 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဦးဇင်းတို့ရဲ့
Sunday Dhamma School လုပ်ငန်း ယခုထိ ဆက်လက် ရှင်သန်နေဆဲပါလို့
ပြောလိုက်ရင် စောစောက အလုပ်မအားဘူး ဆိုတာ ထင်သာ မြင်သာသွားပါ့မယ်၊
မျှဝေကာ ပေးရင်ဖြင့် တန်းတူအခွင့်အရေးဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဒီမိုကရေစီ
လမ်းစဉ်အတိုင်း ဦးဇင်းတို့ အငြိမ်မနေခဲ့သမျှတွေကို ဘ၀င်မှာ ရွှင်ပျစေဖို့
ရည်ရွယ်ရင်း ၁ နှစ်စာ အပျင်းခိုခဲ့တဲ့ ပို့စ်ကို
ကြိုးစားရေးပေးလိုက်ပါတယ်။
Sunday School၊ မြန်မာပြန်အားဖြင့် တနင်္ဂနွေကျောင်းလို့
အသိများပါလိမ့်မယ်၊ ဘာ့ကြောင့်ခေါ်သလဲ၊ တနင်္ဂနွေနေ့တိုင်း၊ တနင်္ဂနွေနေ့သာ
စာသင်လို့ပါ။ ဘာတွေ သင်ပေးသလဲဆိုရင် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ လူငယ်
ပေါင်းစုလို့ ကောင်းမှုဖြစ်စေရန်၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ သုခ ရစေရန်
နည်းလမ်းအသွယ်သွယ်တွေပေါ့၊ ဗုဒ္ဓအဆုံးအမတွေပါ၊ ဘယ်လိုသင်သလဲဆိုရင်
ပျော်ပျော်ရွှင်ရွှင်ပဲသင်ပါတယ်၊ လိုချင်အောင် သင်ပေးပါတယ်၊ တတ်ချင်အောင်
ဖိတ်ခေါ်ပါတယ်၊ ဘယ်လိုဖိတ်ခေါ်သလဲ ဆိုရင် ဆော့တတ်တဲ့ကလေးကို
ဆော့စေခြင်းဖြင့်၊ စားချင်တဲ့ကလေးကို ကျွေးစေခြင်းဖြင့်၊
ပျော်တတ်တဲ့သဘာဝကို လွတ်လပ်စွာ ထားပေးခြင်းဖြင့်၊ ပညာလိုလားတဲ့ကလေးကို
အတတ်ပညာအမြင့်ဆုံးအထိ ပေးခြင်းဖြင့် ဖိတ်ခေါ်ပါတယ်၊
တနင်္ဂနွေနေ့စဉ် နံနက် ၇ နာရီက စလို့ ဗုဒ္ဓကို ပူဇော်စေတယ်၊
အသင်းအဖွဲ့တိုင်းရဲ့ အလေးထားရာ အလံတော်၊ ဗုဒ္ဓဘာသာ ဦးဆောင်သူတွေဆိုတော့
သာသနာ့အလံတော်ကိုပေါ့၊ အလေးပြု ဦးတိုက်ရတယ်၊ အလံတော်ရဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဘုရားဂုဏ်တော် ရွတ်ဆိုတယ်၊ ရောင်ခြည်တော်
ကွန့်မြူးခြင်းရဲ့ အကြောင်းဖြစ်တဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းကို ရွတ်ပွါးစေတယ်၊
ရည်ရွယ်ချက်တွေ မှေးမှိန်ပျောက်ကွယ်မသွားအောင် သတိဆောင်တဲ့ အဓိဋ္ဌာန် ၃
ချက် ပြိုင်တူ ရွတ်ဆိုတဲ့ အလေ့အကျင့် မွေးထားတယ်။
၁။ ကျွန်ုပ်တို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးနှင့် မိခင် ဖခင်
ဆရာသခင်တို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။
၂။ ကျွန်ုပ်တို့သည် အမျိုး ဘာသာ သာသနာကို အသက်ထက်ဆုံး ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ပါမည်။
၃။ ကျွန်ုပ်တို့သည် လူ့ကျင့်ဝတ်တရားဖြစ်သော ကံငါးပါးကို မြဲမြံအောင်
စောင့်ထိန်း၍ ရပ်ရွာအကျိုး နိုင်ငံ့အကျိုး သာသနာ့အကျိုးတို့ကို
အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည် ဟူသော အသံကို
တနင်္ဂနွေနေ့တိုင်း ဘ၀ဂ်ထံအထိ လွင့်ပျံစေတယ်။ နောက် သတ်မှတ်ထားတဲ့
သင်ရိုးအတိုင်း သင်ကြားရေးကဏ္ဍကို စတင်ကြတယ်။
သိပ်ပြီး အဆန်းထွင်ထားတဲ့ နည်းစံနစ်မဟုတ်ပေမယ့် တကယ်ထိရောက်မှုရှိစေတာပါ။
ကျောင်းတက်ချိန်ကို ၂ ပိုင်းခွဲထားပြီး ရိုးရှင်းအောင်ပြောရရင်
ကိုယ်ပေးချင်တာရယ်၊ သူတို့လိုချင်တာ ရယ်တွေပေါ့၊ နံနက်ပိုင်းမှာ
ကိုယ်ပေးချင်တာကို ပေးတယ်။ ဘာတွေပေးသလဲဆိုရင် အဆုံးအမ၊
လူ့ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းတွေ၊ လိုက်နာရမယ့်စည်းကမ်းတွေ(စာရိတ္တသီလ)
ရှောင်ကျဉ်ရမယ့် ကျင့်ဝတ်တွေ(၀ါရိတ္တသီလ) အစရှိသည်တွေ ပါဝင်ကြတယ်။
ကလေးဆိုရင် ကလေးစိတ်ဝင်စားမယ့် ကဗျာတွေပါတယ်။ ပုံပြင်တွေပါမယ်။
ဇာတ်တော်တွေကို နားထောင်ကောင်းအောင် ပြောတတ်တဲ့ ဆရာ/မတွေ သင်ပြပေးကြတယ်၊
ထိုသူတွေကိုလည်း ဦးဇင်းတို့ကပဲ အပတ်စဉ် စနေနေ့တိုင်း Pre Training
ပေးတယ်။ အခု နောက်ပိုင်းတော့ လက်လွှတ်နိုင်လောက်တဲ့ အရည်အချင်းတွေ
ပြည့်စုံနေကြပြီ ဆိုတော့ ရှေ့ဆက် လုပ်ငန်း တိုးချဲ့ ဖို့
စဉ်းစားနိုင်နေပါပြီ။
ကိုးနာရီ ခွဲတာနဲ့ နံနက် မုန့်စားကျောင်း ဆင်းပါပြီ။ ကလေးဆိုတော့
ဆော့တတ်တယ်၊ အငြိမ်မနေတဲ့သူတိုင်း ဆာလောင်မှု ဖြစ်တတ်ကြတယ်၊
လူအငြိမ်မနေနိုင်သေးရင် ခန္ဓာကိုယ်ရဲ့ ဆာလောင်မှုဖြစ်ပြီး ဖြေသိမ့်ပေးရသလို
စိတ်အငြိမ်မနေနိုင်ရင်တော့ ဆန္ဒဆိုတဲ့ မွတ်သိမ့်မှု ဖြစ်တတ်ကြတယ်။
ကလေးဆိုတော့ ဗိုက်ဆာတာထက် ပိုမဖြစ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ဆော့ပြီး
ဗိုက်ဆာတဲ့ ကလေးတွေအတွက် အစီအစဉ်တစ်ခုက အာဟာရ ကျွေးမွေးခြင်းပါ။
၁၀ နာရီထိုးတာနဲ့ သူတို့လိုချင်တဲ့၊ မိဘတိုင်း ဖြစ်စေချင်တဲ့
ခေတ်ပညာကဏ္ဍပါ။ အင်္ဂလိပ်စာ သင်ပေးတယ်။ ကျောင်းစာအထောက်အကူဖြစ်စေမယ့်
လမ်းညွှန်ချက်တွေ ပေးကြတယ်။ နယ်ခံ စေတနာ့ဝန်ထမ်းတွေ ရှိသလို ပုံမှန်
ရန်ကုန်က လာသင်ပေးတဲ့ သူငယ်ချင်းတွေလည်း ပါဝင်ကြတယ်။
အခု ၁၂ နာရီထိုးပြီဆိုတော့ ကျောင်းဆင်းပေးလိုက်ပါပြီ။ စီရီစွာ ကြားရမယ့်
ကျောင်းဆင်း ကဗျာကတော့ ´´လိမ်မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊ တို့တွေ
အမြဲတမ်း ကြိုးစားမယ်၊ ဆရာတော်ရဲ့စကား (ဆရာ ဆရာမ စကား၊ ဖေဖေ မေမေစကား)
နာထောင်မယ်၊ ရိုသေလို့ ချစ်ပါ့မယ်´´ ကဗျာနဲ့ ´´အိမ်ကိုပြန်ဖို့
ပြင်ဆင်ကွယ်၊ ကျောင်းဆင်းရတော့မယ်၊ လွယ်အိပ်လွယ်လို့ ဖိနပ်စီး၊ စသည်
(စ)သည်ဖြင့် တို့ ငယ်ငယ်တုံးက သင်ခဲ့ရပြီး အတိတ်ကို ပြန်ပို့ဆောင်ပေးတဲ့
ကျောင်းတက် ကျောင်းဆင်းကဗျာတွေပေါ့။ ဒါဟာ Sunday Dhamma School
(အများသိတဲ့ တနင်္ဂနွေကျောင်း)ရဲ့ ပုံမှန် လည်ပတ် လုပ်ဆောင်ချက်ပါ။
၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ အဲဒီအတိုင်းပဲ
လည်ပတ်လုပ်ကိုင်နိုင်ခဲ့ သေးတယ်လေ။ သူ့လိုပဲ ပုံမှန် လုပ်ကိုင်နိုင်တာ
နောက်တစ်ခုက နွေသင်တန်းတွေ ဖွင့်လှစ်ခြင်းပါ။ နွေကျောင်းပိတ်ရက်တွေမှာ
တနင်္ဂနွေကျောင်း ပုံမှန်မတက်နိုင်ခဲ့တဲ့ကျောင်းသားများအတွက် သီးသန့်
ယဉ်ကျေးလိမ်မာသင်တန်းရယ်၊ အလယ်၊ အထက်တန်းတွေနဲ့ ဘွဲ့ကြို
ဘွဲ့ရတွေအတွက်ရည်ရွယ်တဲ့ အင်္ဂလိပ်စာသင်တန်းတွေကလည်း မပျက်မကွက်
ဖွင့်လှစ်နိုင်ခဲ့ပါသေးတယ်။ နောက်ပိုင်း မြို့ပေါ် ကျေးရွာတွေမှာ
လိုအပ်ချက်တွေနဲ့ မိမိတို့ လုပ်နိုင်တဲ့စွမ်းရည်ပေါ်မူတည်ပြီး
ထပ်မံတိုးချဲ့လိုက်တာက ဆယ်တန်းကျူရှင်ပါ။ ဒါပေမယ့် သတ်မှတ်ချက် စည်းကမ်း
၂ ခုတော့ရှိတယ်၊ အဲဒါတွေကတော့ စီးပွါးရေးသမားတွေရဲ့အခပေးကျူရှင်တွေနဲ့
သူဌေးသားသမီးတွေအများစုသာ တက်ရောက်နိုင်တဲ့ ဘော်ဒါတွေရဲ့
ကျောင်းသားရာသီကုန်ပြီးလို့မှ ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား၊
ကျန်တဲ့ငါး ငါ့အပါး ဆိုသည့်အတိုင်းပဲ ကျူရှင်၊ ဘော်ဒါလည်းမနေနိုင်၊
ဆက်လက်ပြီးတော့လည်း ပညာရေးပန်းတိုင်ကို လျှောက်လှမ်းချင်ကြတဲ့
ဆင်းရဲသားကျောင်းသားတိုင်းအတွက် ရေကြည်စမ်း လို့ အမည်ပေးပြီး
လူငယ်အသင်းထပ်မံဖွဲ့ခဲ့တယ်၊ အဲဒီအမည်နဲ့ပဲ တနင်္ဂနွေကျောင်းလုပ်ငန်းမှာ
ဆယ်တန်းကျူရှင် ဖွင့်လှစ်နိုင်ခဲ့ကြတယ်၊
စတင်ဖွင့်လှစ်ချိန်မှာ ကျောင်းသား ၆၅ ဦး ရှိခဲ့ပေမယ့် လုံ့လ
ဝီရိယမြဲပြီး ဇွဲသန်ကြတဲ့ ၃၄ ဦးသော ကျောင်းသားများသာ
စာမေးပွဲပန်းတိုင်အထိ ကျန်ရှိခဲ့ကြတယ်။ အဲဒီကျူရှင်သင်တန်းကတော့ တစ်ပတ်
မှာ ၇ ရက်လုံး သင်ကြားပေးရပါတယ်။ သင်ကြားပေးသူတွေကတော့
နွေသင်တန်းဖွင့်ပြီးတိုင်း လုပ်ငန်းစိတ်ဝင်စားတဲ့ လူငယ်တွေ
အားဖြည့်ကြတယ်လေ၊ အဲဒီအထဲကမှ ယခုလည်း ကျူရှင်လုပ်ငန်းနဲ့
အသက်မွေးနေကြသူတွေနဲ့ ပြန်လည် စွမ်းဆောင်နိုင်ကြသူ တပည့်တွေ တပည့်မတွေကပဲ
ဦးဆောင်သင်ကြားပေးကြတယ်။ ဘိုကလေးက အထက ၂ ဆိုတဲ့ ကျောင်းက ဆရာ/မ ၁၀
ဦးကတော့ သင်ကြားမှုတွေကို ဦးဆောင်ပေးကြ၊ တည့်မတ်ပေးကြပါတယ်၊
သေချာတာကတော့ တစ်ပြားမှမရတဲ့ ပညာဒါနပါ။ ပညာပဲ ဒါနလုပ်တာမဟုတ်ပါဘူး။
ဆင်းရဲသားကျောင်းသားပီပီ လိုအပ်တဲ့ သင်ထောက်ကူ၊ မိသားစုအရေးကိစ္စတွေကအစ
အားလုံးဖြေရှင်းပေးပါတယ်။ စာမေးပွဲနီးလို့ အနီးကပ် ၁ လ
သင်ကြားချိန်ရောက်တော့ ယခင် ပုံမှန်အချိန်လို မဟုတ်တော့ပါဘူး။ နံနက် ၈
နာရီက စတယ်။ ည ၁၁ နာရီ သိမ်းတယ်၊ နေ့လည်စာကတော့ စီစဉ်မပေးနိုင်လို့
ညနေစာပဲ စီစဉ်ပေးနိုင်ခဲ့တယ်။ သင်ထောက်ကူပစ္စည်း ထပ်မံဖြည့်စွက်ဖို့
ရန်ကုန်က U4 ထံ အကူအညီတောင်းခံခဲ့တယ်၊ Projector တစ်လုံး ငှားရမ်းပြီး
ပါမောက္ခတွေရဲ့ ပို့ချစဉ်တွေ၊ အနီးကပ် မေးခွန်းတွေကို အဆင့်မြင့်မြင့်
သင်ကြားပေးနိုင်ခဲ့ပါတယ်။ ၇၀%နှုန်းတော့ အောင်ချက် မှန်းထားပါတယ်။
သဘာဝတရားကိုက ကိုယ်တိုင်စိုက်တဲ့ သစ်ပင်လေးတွေ ချမကိုက် ပိုးမစား
ထွားထွားကြိုင်းကြိုင်း သန်သန်မာမာဖြစ်စေချင်တာပါ။ သူတို့လေးတွေရဲ့
ဘ၀ပန်းတိုင်မှာ ဆုံးခန်းတိုင် တာဝန်မယူပေးနိုင်ပေမယ့်
အထောက်အကိုင်ဖြစ်စေမယ့် အခက်အခဲကျော်လွှားမှုကို ပေးချင်တာပါ။
အသီးအပွင့်လေးတွေပါ ဝေဆာလာမယ်ဆိုရင်တော့ အတိုင်းမသိပေါ့၊
အဲဒီကျူရှင်သင်တန်းအတွက် ကုန်ကျစားရိတ်အားလုံးဟာ နှစ်စကနေ နှစ်ဆုံးအထိ ၁၀
သိန်းကုန်ကျခဲ့တယ်။ လစဉ် တစ်နေ့ ငါးဆယ်နဲ့ ရေကြည်စမ်းပညာဒါန ဆိုပြီး
အလှူခံထားတာက တစ်လကို ၁ သိန်းရပါတယ်၊ တနင်္ဂနွေကျောင်းလုပ်ငန်းက တစ်လကို
တစ်သိန်းရှစ်သောင်းကုန်ကျတယ်၊ လုပ်ငန်းနှစ်ခုအတွက် အနှုတ်လက္ခဏာ
(အဲလေ၊ပညာဒါနလုပ်ငန်းဆိုတော့) ကိုယ်စိုက်လှူရတယ် ငွေက တစ်လကို
ပုံမှန်၂သိန်း ၆ သောင်းပါ၊ သာဓုခေါ်နိုင်အောင်လို့ပါ။ ညဘက်ဆို
ကျောင်းဆင်းချိန် ၁၁ နာရီနဲ့ နောက်နေ့ သင်္ခန်းစာတွေအတွက် ပြင်ဆင်ရလို့
သူငယ်ချင်းရဟန်းတွေနဲ့ ဦးဆောင်လူငယ်တိုင်း ၁ နာရီကျော်မှ
အိပ်စက်အနားယူရတာ ကြာငြောင်းခဲ့ပြီ။ ယခုတော့ စာမေးပွဲပြီးချိန်
အနားယူဖို့ အားယူမယ်စဉ်းစားတော့ ပြီးတဲ့ရက်က ၁၇ ရက် ၃ လ ၂၀၁၁၊
နွေသင်တန်းဖွင့်ရက်က နောက် ၃ ရက်အကြာ၊ ဘာမှ မပြင်ဆင်ရသေးတော့ ၁ ညသာ
အပူအပင်ကင်းစွာ အိပ်ခဲ့ကြရတယ်၊
နွေသင်တန်း စတင်ပါပြီ။ ယခင်နှစ်တွေကတော့ ရွာတွေအထိ သွားရောက်
သင်ကြားပေးနိုင်ခဲ့တယ်။ ရွာပေါင်း၁၀ရွာတိတိ သင်ကြားပေးနိုင်ခဲ့ကြပေမယ့်
ဒီနှစ်တော့ အဲဒီလောက်အထိ ကုန်ကျစရာ ငွေစက္ကူရှားတာနဲ့ ဒီနှစ်အတွက်
ကျေးရွာသာသနာပြုခြေလှမ်းတွေ တွန့်ဆုတ်ခဲ့ကြရတယ်။ ရွာတွေရဲ့ ခြေလှမ်း
ရပ်တန့်ခဲ့ရလို့ သက်သာမလားမှတ်တယ်၊ နောက်မဆုတ်နဲ့ ကိုကံချွန်လိုပဲ
နောက်မဆုတ်ရဘဲ ရှေ့တိုးခဲ့ရပုံက ဖျာပုံမြို့နယ်က ဖိတ်ကြားချက်ကို
လက်ခံခဲ့ရပြန်တာပါ။ ဖျာပုံမှာလည်း Sunday School ဖွင့်နေတာ ၂ လ ကျော်ပြီ။
ယခု နွေရာသီသင်တန်းဖွင့်ဖို့ ကျောင်းသား ၆၀၀ ကျော် လက်ခံထားကြတယ်၊
အင်္ဂလိပ်စာသင်တန်းလေး အတွက်ပါ တွဲလျက် ကူညီပေးပါဟူသော သာသနာဆိုင်ရာ
လိုအပ်ချက်ကို တောင်းခံလာကြတော့ ၀ါသနာတူချင်းမို့ အရူး
အမဲသားကျွေးသည့်ပမာ လက်ခံပြီး သင်ကြားပေးရတော့မယ်။
ကျောင်းဖွင့်ရက်တွေက အတူတူချမှတ်ခဲ့ကြတယ်၊ ယခုနှစ်အတွက် ရဟန်းအင်အားက ၅
ပါးသာ ရှိတဲ့အတွက် အုပ်ချုပ်ရေးနဲ့ သင်ကြားရေးတာဝန်တွေ ခွဲလိုက်တော့ ၃
အုပ်စုသာရခဲ့ကြတယ်၊ ယဉ်ကျေးမှု သင်တန်းအတွက် ရဟန်းနဲ့ စေတနာ့ဝန်ထမ်း
တစ်အုပ်စု၊ အင်္ဂလိပ်စာသင်တန်းအတွက် ရဟန်းနဲ့ စေတနာ့ဝန်ထမ်းတစ်အုပ်စု၊
ထပ်မံတိုးချဲ့သင်ကြားပေးတဲ့ ရဟန်းနဲ့ စေတနာ့ဝန်ထမ်းက တစ်အုပ်စုရှိခဲ့တယ်၊
ဖွင့်ရက်ပြိုင်တူ သင်စရာဌာန သုံးခုမှာ အုပ်စုတာဝန်ခွဲက ၃ စုကို
လည်ပတ်အောင်စီစဉ်ရတော့ ဂျာအေး သူ့အမေအရိုက်ပြီး မုန့်လုံးကို စက္ကူကပ်
ကဗျာလို ဆိုင်ကယ်တစ်စီးနဲ့ ဘိုကလေး ဖျာပုံ ၂၁ မိုင်ခရီးကြမ်းကို
အပြင်းလှမ်းခဲ့ကြတယ်၊ ၂၁ ရက် စုစုပေါင်းကြာမြင့်ခဲ့တယ်။ အဲဒီရက်အတွင်းမှာ
ကူညီ ထမ်းဆောင် ၊ မြို့နှစ်မြို့အကြား ဘုန်းကြီး ငါးပါးကို
လည်ပတ်အောင်ပို့ဆောင်ပေးကြတဲ့ စေတနာ့ဝန်ထမ်းတွေ အန္တရာယ်နဲ့
ကြုံတွေ့ခဲ့ကြရတယ်။ ဆိုင်ကယ်မှောက်ပြီး ဘုန်းကြီးတွေကတော့
ဒဏ်ရာမရခဲ့ကြပေမယ့် လူငယ်လေးနှစ်ယောက် ဒဏ်ရာ အပြင်းရခဲ့ကြတယ်၊ ညဘက်
အမှောင်ထဲမှာ လကမ္ဘာကဲ့သို့ ချောမွတ်တဲ့လမ်းကြမ်း ၂ ရက်တစ်ခါ
မောင်းနှင်တဲ့ခရီးဆိုတော့ အန္တရာယ်က တကွေ့မကြုံ တကွေ့ကြုံခဲ့ကြရတာပေါ့၊
မှတ်မိနေသေးတယ်။ ည ကိုးနာရီခွဲခန့် ဖျာပုံမှာ စာသင်အပြီး နောက်နေ့ မနက်
ဘိုကလေး ယဉ်ကျေးလိမ်မာ သင်တန်းအတွက် အပြန်ခရီးပေါ့၊ ဖျာပုံက
ငါးမိုင်ခွဲခန့်နေရာမှာ ဆိုင်ကယ်မှောက်တော့ ကျောင်းသားတစ်ယောက်က
လက်နှစ်ဘက်စလုံး သွေးချင်းချင်းရဲလို့၊ တစ်ယောက်က လုံးဝမထနိုင်၊
ဆိုင်ကယ်မီးနဲ့ ထိုးကြည့်တော့ ဒူးခေါင်းမှာ ငှက်ကျီးတောင်ဒါးနဲ့
ပိုင်းထားသလားမှတ်ရတယ်၊ ၇ ချက်လောက်ချုပ်ခဲ့ရတဲ့ အကွဲဒဏ်ရာ၊ ဗိုက်မှာလဲ
ဓားနဲ့ ထိုးထားသလားမှတ်ရတဲ့ ကျောက်ခဲနဲ့ ထိုးမိတဲ့ ဒဏ်ရာ၊ တံတောင်မှာ
ဟက်တက်ကွဲ၊ ရင်ဘက်မှာလည်း သွေးချင်းချင်းရဲလို့။ ဒါတောင် ခေါင်းက
ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားလို့ ဦးထုပ်သာ ကျေမွခဲ့ပေမယ့်
ခေါင်းမထိခဲ့ဘူး။ ကံကောင်းစွာ ကျန်ခဲ့တဲ့ ဘုန်းကြီးကတော့
သွေးပျက်လို့ပေါ့၊ ကယ်ပါ ယူပါ တစာစာအော်ခေါ်မိသော်လည်း အသံက မထွက်၊
တွေ့သမျှ နံပါတ် ဖုံးတွေ ဆက်ကြည့်တော့ ဖျာပုံက ဆရာဇော်ဂျီကို
အထိမ်းအမှတ်ပြု ဖွင့်လှစ်ထားတဲ့ ၂၄ နာရီ ဆေးခန်းကား လာရောက်မည်ဟု
ကတိပြုခဲ့တယ်၊ သို့ပေမယ့် သွေးလွန်လျှင် သတိလစ်လျှင်
အန္တရာယ်ဖြစ်မှာစိုးလို့ အမှောင်ထဲ မီးရောင်အနဲငယ် မြင်ရသလို မည်သူမျှ
မရှိတဲ့အချိန် ဘိုကလေးက ရန်ကုန်တက် ခရီးသည်တင်
လိုင်းကားတစ်စီးဆိုက်ရောက်လာတယ်၊ လက်ပြ တားပြီး ဒဏ်ရာရသူတွေကို
လက်ညှိုးထိုးပြ၊ ဘိုကလေးသားအချင်းချင်း အကူအညီရမလားလို့ ငိုပြခဲ့သော်လည်း
နေရာကျပ်နေသည်ဟူသော ဆင်ခြေဖြင့်သာ ကျေနပ်ခဲ့ရပြီး မျှော်လင့်ချက်တွေ
ရေစုန်မျောခဲ့ရတယ်၊
ဒုက္ခရောက်နေသူကို ဥပေက္ခာ ဗြဟ္မစိုရ်တရားနဲ့ တုံ့ပြန်ပေးခဲ့တဲ့
ပွင့်သစ်နိုင်ဆိုတဲ့ 30.3.2011 ည ၈ နာရီခွဲ မီနီဘက်စ်ကားနဲ့ ဒရိုက်ဘာ၊
စပါယ်ယာတွေကို ပို့နေကျမေတ္တာပို့အစဉ်အတိုင်း ပုထုစဉ်သဘာဝ
ပယ်ရှားခဲ့မိတာကတော့ ၀န်ခံချက်ပါ။ အဲဒီလို ဒုက္ခတွေ၊ လူပင်ပန်းမှုတွေ၊
စိတ်ညစ်နွမ်းမှုတွေ၊ ငွေကြေးကုန်ခန်းမှုတွေ တစ်သီကြီးနဲ့
ရင်းနှီးကြိုးစားခဲ့ရတဲ့ သင်တန်းများ 8 ရက် 4လပိုင်းမှာ
ဖျာပုံသင်တန်းသိမ်းပွဲ၊ ယဉ်ကျေးမှုကလေး ၅၅၀ကျော်နဲ့ စုပေါင်းဓါတ်ပုံ၊
ညပိုင်း ပို့ချပေးတဲ့ ၁၅၀ အထက်တန်းအဆင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ၊
10.4.2011 မှာ ပြုလုပ်တဲ့ ဘိုကလေးယဉ်ကျေးလိမ်မာသင်တန်း၊
အင်္ဂလိပ်စာသင်တန်းဆင်းပွဲ၊ ကွန်ပျူတာသင်တန်းဆင်းပွဲ၊ တစ်နှစ်စာ
အကောင်းဆုံး စေတနာ့ဝန်ထမ်းဆု ချီးမြှင့်ပွဲတွေရဲ့ ဓါတ်ပုံတွေ၊ ကလေးတွေရဲ့
ကျေးဇူးတင်စကားပြောကြားချက်တွေနဲ့ပဲ အမောတွေကို ရေစုန်မျော၊ အနွမ်းတွေကို
အဲဒီပီတိပုံရိပ်လေး တွေနဲ့ အပန်းဖြေ၊ နှစ်သိမ့်စရာ ကျေနပ်စရာလေး တွေကိုပဲ
ရင်မှာပိုက်ထွေးခဲ့ကြပြီး အတာသင်္ကြန် ရက်မှာ ခေတ္တအနားယူကြဖို့ လုပ်ငန်းကို
ရုံးပိတ်ရက် ကြေငြာခဲ့ကြတယ်။
ယခုဆိုရင် ဦးဇင်းတို့ Sunday School(ယခင်) Dhamma School(ယခု)ဟာ
လုပ်ငန်းစဉ် စီမံကိန်းအနေနဲ့ ရပ်တည်နိုင်နေပါပြီ။
ယနေ့တိုင်လုပ်ဆောင်နေတဲ့ ပညာပါရမီလုပ်ငန်းတွေ အကျဉ်းကတော့
၁။ တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ်မာနဲ့ အင်္ဂလိပ်စာသင်တန်း(မူလတန်းသီးသန့်)
၂။ နေ့စဉ် ဆယ်တန်းကျူရှင် (ရေကြည်စမ်းလူငယ်ဦးစီး)
၃။ ဒီဇင်ဘာ၊ နွေရာသီ လူငယ်တရားသင်တန်း၊ ယဉ်ကျေးလိမ်မာသင်တန်း၊
၎။ နွေရာသီ အလယ်၊ အထက်တန်းများအတွက် ကွန်ပျူတာ (ပညာ)ဒါနသင်တန်း။
၅။ စနေ၊ တနင်္ဂနွေနေ့တိုင်း စေတနာ့ဝန်ထမ်း(သီးသန့်) ပညာဒါန ကွန်ပျူတာ၊
အင်တာနက်၊ အီးမေးလ် သင်တန်း၊
၆။ အခါအားလျော်စွာ စေတနာ့ဝန်ထမ်းများအတွက် ဆရာဖြစ် မွမ်းမံသင်တန်းများ၊
ထပ်မံ တိုးချဲ့ ပြုလုပ်မည့် လုပ်ငန်းများကတော့
မူလတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ထိုလုပ်ငန်းများအတွက် ပညာရေးလုပ်ငန်းစဉ်လည်ပတ်မှု ကုန်ကျစရိတ်မှာ ၅
သိန်းခွဲခန့် ပါရမီ ပြုရပါသည်။ ထိုအလှူငွေများအတွက်ကိုလည်း
ရေကြည်စမ်းလူငယ် တစ်နေ့ ငါးဆယ် စုဘူးဖြင့် ကြိုးစားခြင်းမှာ ယခုဆိုလျှင်
တစ်လ ငွေပဒေသာပင် ၂ သိန်းခန့် ရရှိနေ၍ အသင့်အတင့်
အောင်မြင်နေပြီဖြစ်ပါသည်။
လိုအပ်ချက်များကို ဖြည့်ဆည်း ပါဝင် ပါရမီပြုလိုပါလျှင်
၁။ ယခု ဆောက်လုပ်နေဆဲ ရပ်တန့်ထားရသော Dhamma School
(တနင်္ဂနွေဗုဒ္ဓဓမ္မသင်တန်း ၂ထပ်ကျောင်းဆောင်တွင်လည်းကောင်း
၂။ လစဉ် ကုန်ကျစားရိတ်အတွက် အသီးအသီး သတ်မှတ်ထားသော အလှူငွေ ပမာဏဖြင့် လည်းကောင်း၊
၃။ ကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြင့် ထမ်းဆောင်ပြီး
ပညာပါရမီကုသိုလ်ပြု၍လည်းကောင်း အားဖြည့် ပါဝင် ပါရမီကုသိုလ်
ယူနိုင်ကြောင်းကို စပ်မိစပ်ရာများပြောပြရင်းဖြင့် ကုသိုလ်ကြော်ငြာ
ဝင်ခဲ့ပါသည်၊ သူငယ်ချင်းရဟန်း၊ မိတ်ဆွေသီလရှင်၊ လူငယ်စေတနာ့ဝန်ထမ်းနှင့်
သာသနာအစစ်အမှန် ပြုလိုကြသော အလှူရှင်သူတော်ကောင်းအပေါင်းတို့ခင်ဗျား။။။။
နောက်ဆက်တွဲ----------
ထူးခြားပြီး သေသပ်တဲ့ အစီအစဉ်တစ်ခုကို နှစ်စဉ် ကျင်းပခဲ့တာ
ယခုနှစ်မှာတော့ စည်းကမ်းပါ ထပ်တိုးခဲ့တယ်၊ အဲဒါကတော့ စေတနာ့ဝန်ထမ်း
အကောင်းဆုံးဆုတွေ ရွေးချယ် ချီးမြှင့်ခြင်းပါ၊
ပထမအကောင်းဆုံးနဲ့ ဒုတိယအကောင်းဆုံးဆု၊ ပညာသင်ဆု ၂ ဆုတို့ဖြစ်ကြတယ်၊
ပထမအကောင်းဆုံးက တစ်သိန်းခွဲကျပ်+ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဒုတိယအကောင်းဆုံးက
တစ်သိန်းကျပ်+ဂုဏ်ပြုမှတ်တမ်းလွှာ၊ ပညာသင်ဆု ၂ ဆုက တစ်သိန်းခွဲကျပ်
အသီးအသီးဖြစ်ကြပါတယ်။ စည်းမျဉ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

နှစ်စဉ် ပြုလုပ် ရွေးချယ် ချီးမြှင့်ပေးနေကျဖြစ်သော
တနင်္ဂနွေကျောင်း စေတနာ့ဝန်ထမ်းများနှင့် ရေကြည်စမ်း လူငယ်အသင်းလူငယ်များအတွင်းမှ
တစ်နှစ်စာ အကောင်းဆုံး 2010-The Best Award of Director General Of DS
ချီးမြှင့်ခြင်းစည်းကမ်းများ။
ဆုချီးမြှင့်ရွေးချယ်သတ်မှတ်ရာတွင်
A. တနင်္ဂနွေကျောင်း စေတနာ့ဝန်ထမ်းများသည် ပထမအဆင့်ရွေးချယ်မှု၊ ရေကြည်စမ်း
လူငယ်အသင်းသူ/သား များသည် ဒုတိယအဆင့်ရွေးချယ်မှုဖြစ်ပြီး ကျား / မ
မည်သူမဆို ရွေးချယ်ခံရမည်ဖြစ်သည်။
B. ရွေးချယ်ရာတွင်ဆုတစ်ခုနှင့်၊ တွဲဘက်တစ်ယောက်သာပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
C. ဆုကြေးငွေပမာဏမှာ အမြောက်အများ ဖြစ်သည် မဖြစ်သည် ဆိုသည်မှာ အဓိက
မကျသည့်အတွက် ကြိုတင်ဖေါ်ပြပေးနိုင်ခြင်းမရှိပါ။ ထိုက်တန်စွာ
ဆုပေးမည်ဟုသာ သိစေလိုပါသည်။
အမှတ်ပေးစည်းမျဉ်းများ
1. စေတနာ့ဝန်ထမ်းအချင်းချင်း၊ သင့်မြတ်စွာ ဆက်ဆံပြောဆိုတက်ပြီး
ပုထုဇဉ်သဘာဝအရ ဖြစ်ပေါ်လာသော ပြဿနာငယ်ကလေးများကိုလည်း
ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ပြီး လူမှုဆက်ဆံရေး တိုးတက်မှု
အခြေအနေများ သင့်တင့်စွာ ရှိရမည်။
2. ပညာရပ်အားဖြင့် အလုံးစုံ အားကိုးထိုက်သူ
ဖြစ်သော်လည်းကောင်း/မဖြစ်သော်လည်းကောင်း ဦးစားပေးစဉ်းစားမည်မဟုတ်ဘဲ
လုပ်ငန်းဆိုင်ရာတွင်သာ ညီညွှတ်မှုရရှိအောင် ဆောင်ရွက်နိုင်သူ/ ဆောင်ရွက်
နိုင်အောင် ကြိုးစားပေးချင်စိတ်ရှိသူဖြစ်ရမည်။
3. ယခုဖွင့်လှစ်ထားသော Dhamma School လုပ်ငန်းစဉ်သည် မိုးကျရွှေကို
လုပ်ငန်းမဟုတ်ဘဲ မျိုးဆက်သစ်အလိုက် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရမည့်
လုပ်ငန်းဖြစ်ရာ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စံနစ်ကို လက်ကိုင်ကျင့်သုံး၍
အစဉ်အဆက် ထိန်းသိမ်းနိုင်သော အရည်အချင်းမရှိသေးသော်လည်း
အလားအလာကောင်းတစ်ဦးဖြစ်နိုင်လောက်သော အရည်အချင်း အသင့်အတင့်
ပြည့်စုံရမည်ဖြစ်သည်။
4. သင်ကြားမှုကဏ္ဍတွင်အားကိုးနိုင်သောအရည်အချင်းနှင့်
အချင်းချင်းလူမှုဆက်ဆံရေး တိုးတက်မှု တို့တွင် ပေးမှတ်ရာနှုန်း%
များမည်ဖြစ်သည်။
5. မိမိအခက်အခဲများစွာကြားမှ Dhamma School ၏ ပညာပါရမီလုပ်ငန်းကို
အချိန်ပြည့် မဟုတ်သည့်တိုင်အောင် စွမ်းဆောင်နိုင်သရွေ့
ပြုလုပ်ပေးခြင်းတွင်လည်း ရ မှတ် ရရှိမည်ဖြစ်သည်။
6. တာဝန်ကိုယ်စီ အသီးအသီးအလိုက် ဦးဆောင်မှုအရည်အချင်းရှိသူက
ဦးဆောင်ရဲတဲ့ သတ္တိရှိခြင်း နှင့် ဦးဆောင်မှုအတွက် ကြိုးစားဆဲကာလတွင်
နောက်လိုက်ကောင်းပီသစွာ အတုယူတက်မှု၊ ကြိုးစားတက်မှုတို့ သည်လည်း
အမှတ်အတူတူပင်ဖြစ်သည်။
7. မိမိတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့အသိဖြင့်
စေတနာ့ဝန်ထမ်း(မိမိကိုယ်ပိုင် စေတနာ့၏ ၀န်ကို ထမ်းနေပါတယ်)ဆိုတဲ့
ပညာရှိဆန်သော အသိကို သိရှိနေခြင်းသည်လည်း ပေးမှတ်စရင်းတွင် ပါဝင်သည်။
8. မိမိ၏ ကိုယ်ပိုင်အားနည်းချက်ကိုလည်း ကောင်းစွာ ရှုမြင်နိုင်ပြီး
ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် မိမိ၏ မာနကို နှိမ်ချကာ ဆက်ဆံတက်မှုသည်လည်း
အမှတ်ပေးစည်းကမ်းနံပါတ် ၄၊၁၊၅၊၆ တို့နှင့် အတူတူ ဖြစ်ပါသည်။
9. လုပ်ငန်းစဉ်ကြီးကျယ်လာသည်နှင့်အမျှ လိုအပ်နေသော
စေတနာ့ဝန်ထမ်းများကိုလည်း စိတ်ပါဝင်စားအောင် ရှင်းလင်းပြသတက်၍
အသစ်ဝင်ရောက်လာသူတို့အား နွေးထွေးစွာ ကြိုဆိုလိုစိတ် အပြည့်ရှိခြင်း၊
အရည်အချင်းသာလျှင် အဓိက ၊ အရေအတွက်သည် ပဓာနမဟုတ် ဟု ဆိုသော်လည်း ထိုအရေ
အတွက်ထဲမှပင် အရည်အချင်းကောင်းများထွက်ပေါ်လာနိုင်သည်ဟုသော မူကို
လက်ကိုင်ကျင့်သုံးတက်သူ၊ ကျင့်သုံးလိုစိတ်ရှိသူ သည်လည်း အမှတ်စဉ် နံပါတ်
၎ ကဲ့သို့ ရာနှုန်းမှတ်% ရရှိနိုင်သည်။
အထက်ပါစည်းမျဉ်းများနှင့် ပြည့်မှီလျှင်သော်လည်းကောင်း၊
အနီးစပ်ဆုံးဖြစ်သူကိုသော်လည်းကောင်း ရွေးချယ်၍ လက်ရှိ
စေတနာ့ဝန်ထမ်းများနှင့် အနီးကပ် သင်ကြားစီမံဆရာတော်များဖြစ်သော
ဦးဆောင်ဆရာတော် (၄)ပါး ရေကြည်စမ်း ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး
(၆)ဦးကော်မတီအဖွဲ့ထံ တင်ပြ ဆွေးနွေး အတည်ပြုချက် ရယူပြီး နှစ်စဉ်
နွေရာသီ သင်တန်းများပြီးချိန်တိုင်း ထိုက်တန်စွာ ပေးအပ်
ချီးမြှင့်သွားမည်ဖြစ်ပါသည်။
ဝန်ခံချက်။ ။ 2010-The Best Award of Director General Of DS
ဆုချီးမြှင့်ခြင်းအစီအစဉ်သည် 2010 ခုနှစ် တွင် ပထမအကြိမ်အဖြစ် စတင်
ပေးအပ်ခဲ့ဖူးသည်၊ ထိုအကြိမ်တွင် (only Eyewitness) မျက်စိအမြင်ဖြင့်သာ
ဆုံးဖြတ်ခဲ့သောကြောင့် ဘက်လိုက်သည်ဟူသော အမြင်မျိုး ပုထုဇဉ်သဘာဝ
ရှိကောင်း ရှိနိုင်မည်၊ သို့အတွက်ကြောင့် ယခုနှစ် 2011-The Best Award of
Director General of DS ဆုချီးမြှင့်ခြင်းတွင် အချက်အလက်များဖြင့်
ရွေးချယ်စီစစ်သတ်မှတ်မှာဖြစ်ပြီး နောက်နှစ်တွင်
ထိုအချက်အလက်များအတွင်းမှ လိုသည်များကို ဖြည့်ဆွက်၊ ပိုသည်များကို
နှုတ်ပယ်ကာ ထို စည်းမျဉ်းအတိုင်း ဆိုင်ရာ အလှူရှင်၊ ဆရာတော်များ၊
ကျောင်းသားများကိုယ်တိုင် မဲပေးစံနစ်ဖြင့် ပေးအပ်ချီးမြှင့်သွားမည်
ဖြစ်သည်။
ချီးမြှင့်ပေးမည့်ဆုများအရေအတွက်များမှာ
၁။ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံးဆု၊
၂။ Dhamma School လုပ်ငန်းစဉ်တစ်လျောက် အကောင်းဆုံးဆု
ချီးမြှင့်ပေးမည့် ဆုအမျိုးအစားများမှာ၊
(က) The Best Award of 2010 အတွက် ငွေသားဆုနှင့် ဆုအမှတ်တံဆိပ်တစ်ခု
(ခ) Dhamma School လုပ်ငန်းစဉ်တစ်လျှောက် အကောင်းဆုအတွက် ပညာသင်စား၇ိတ်
ထောက်ပံ့ခြင်းနှင့် အခြားခံစားပိုင်ခွင့်တစ်ခု
(ဂ) တွဲဘက် ရရှိသောသူအတွက် ထောက်ပံ့ခြင်းအစီအစဉ်တစ်ခု တို့ ဖြစ်ကြပါသည်။

ဓမ္မစကူးဆိုင်ရာဆောင်ပါးလေးပါ။ဖတ်ရှုကြပါအုန်း။  (ပျိုးခင်းရှင်)

၃၈-ဖြာမင်္ဂာလကဗျာများ

၃၈-ဖြာ မင်္ဂလာ ကဗျာများ

၁။ အသေ၀နာ စ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၂။ ပတိရူပ
ကုသိုလ်ဥစ္စာ ပညာရဖို့ ၊ သင့်ရာဒေသ အမြဲနေ ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ ။
ဥစ္စာကိုပေး နေထိုင်ရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြား နားလည်စေ ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ၊ ဆိုရေးတတ်ပါစေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြှော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို ကျင့်ပါလေ ။
ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ ၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ ။
အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၇။ ဂါရဝေါ စ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ ။
မာနတံခွန်ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ ။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၈။ ခန္တီ စ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း ၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား ၊ ပြောကြားလာက နာလွယ်စေ ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၉။ တပေါ စ
လောကီအာရုံ ဇိမ်ယစ်မူးလို့ ၊ အပျော်မကြူးနဲ့ ခြိုးခြံလေ ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင် ကြိုးစားလေ ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချည်း အလင်းပေါက်နိုင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ ၊ တွေ့ကြုံနေကြ လူတိုင်းပေ ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ ၊ တလဲစီလှည့် အမြဲနေ ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ ။
သောကကိုထိန်း ရမ္မက်သိမ်း အေးငြိမ်းချမ်းသာနေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

( မင်္ဂလာ၏အကျိုး )
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို ၊ လိုက်နာကျင့်သုံး ပန်သူတွေ ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ၊ ကျောင်းကျိုးစည်ပွင့် တဝေေ၀ ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ ။
ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ ။
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလပန်းခိုင်တွေ ။
 




ကြေငြာချက်

                                          ကြေငြာချက်
                                        ----------------

        ရတနာပျိုးဥယျာဉ်လူငယ်လစဉ်လက်ကမ်းစာစဉ်အတွက်ပထမဆုံးလစာမူအကြမ်းစိစစ်ပြီးပါပြီး 
နောက်တစ်၇က်နှစ်ရက်အတွင်းမူကြမ်းတင်ပေးပါမည်။ဝေဖန်အကြုံပြုလိုပါက(တစ်ပါတ်အတွင်း)သာအကြုံ
ပေးစေချင်ပါသည်၊သို့မဟုတ်ပါကအချောထုတ်ဖြစ်လျှင်ပြင်ရန်မလွယ်ကူမည်စိုးသောကြောင့်သာလျှင်ဖြစ်ပါ
သည်။ဆက်လက်ပြီးဖြန်ကဝေဌာနများသို့မူကြမ်းဖြန့်ဝေအတည်ပြုပါမည်။အတည်ပြုပြီးမှသာလျှင်(22/24)
အတွင်းဖြန့်ဝေမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
      ဖြန့်ဝေရန်လျှာထားစာရင်းအရ(1000)သာလျှင်ဖြစ်ပါသည်။မိမိတို့နှင့်ပတ်သက်သောကျောင်းများတွင်
ဖြန့်ဝေလိုပါကလည်းဆက်သွယ်နိုင်ပါသည်။ပထမဆုံးဖြန့်ဝေသောစာစဉ်ဖြစ်တာကြောင့်လိုအပ်ချက်များစွာရှိ
နေနိုင်တာကြောင့်နာလည်ပေးကြရန်နှင့်လိုအပ်သည်များရှိပါကအကြံပြုပေးကြပါရန်အနူးအညွတ်တောင်ဆိုပါ
တယ်။အ.ထ.က ကျောင်းများတွင်(၈)တန်းနှင့်အထက်ကျောင်းသူ/ကျောင်းသာများကိုသာလျှင်ဖြန့်ဝေပါမည်
မိမိတိုဖြန့်ဝေလိုသောကျောင်းများ၏အတန်းလိုက်ဦးရေနှင့်(၈)တန်းနှင့်အထက်ကျောင်းသား/ကျောင်းသူများ၏
စာရင်ကိုကြိုတင်ပေးပို့ကြပါရန်။အခမဲ့ဖြန်ဝေမည်ဖြစ်တာကြောင့်လစဉ်အလှူရှင်များကိုကြိုတင်မှတ်တမ်းတင်
ပေးပါမည်။ရွက်ရေအနည်းအများအလိုက်အလှူငွေအတိုးအလျှောရှိနေပါမည်။သိုမဟုတ်ကိုယ်တိုင်ဖြန့်ဝေလို
ပါကမူကြမ်းပေးပို့ပါမည်။ဆက်သွယ်ရန်အဖြစ်ဂျီးတော့နှင့်ဖေ့ဘုတ်ကသာလျှင်ဆက်သွယ်ရန်လွယ်ကူပါသော
ကြောင့်ထိုမှသာလျှင်ဆက်သွယ်ကြပါရန်ကြိုတင်အသိပေးကြေးငြာအပ်ပါသည်။

                                                                ပျိုးခင်းရှင်(မစိုးရိမ်)
                                                 ဓမ္မသီတလကျောင်း၊မစိုးရိမ်တိုက်သစ်။
                                                                   မန္တလေး။
                                                pyoekhinshin2013@gmail..com
                                                https://www.facebook.com/pyoekhinshin2013
                                                http://yadanarpyoekhin.blogspot.com/


 https://www.facebook.com/pages/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%A5%E1%80%9A%E1%80%BA%E1%80%A5%E1%80%B9%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%B9%E1%80%9C%E1%80%85%E1%80%A5%E1%80%B9%E1%80%9C%E1%80%80%E1%80%B9%E1%80%80%E1%80%99%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%85%E1%80%A5%E1%80%B9/1418110625073563

Sunday, November 3, 2013

မမြဲခြင်းတရားကိုအောက့်မေ့မိခြင်း

           အနိစ္စ၀တ သခါင်္ရ ဟု ဘုရာရှင်တိုဟောကြာပြသသွန်သင်ကြတယ်..။
ဘယ်အရာမှမမြဲသခါင်္ရပဲဟု လူတိုမှတ်သားသိထားကြတယ်...ဒါကိုသိသူများဗိုလ်လူတိုဘာကြောင့်တရား
မမြဲကြရတာပါလဲ  လောဘဒေါသမောဟထူးပြောတဏှာတေားမှာအသိလိမ္မာကြိုးစားရှာမှ
ဒီသခါင်္ရကလွတ်ကင်းလိမ့်မည်မှန်မလွဲတည်း...။
ခုတော့လည်းမိုက်ကန်းမြဲ ဆိုးပေးဆဲမို့ ကယ်၇ဖို့တောင်ထိုက်တန်းလေမလားမသိ စိတ်တို့၏ညစ်ညူခြင်း
ဖြစ်လိုက်ပါဘိအရှင်....။
       ဒီလူ့နယ်ပယ်ကျဉ်းမြေင်တယ်ဟုဘယ်လိုပြောသော်လဲအသိခေါက်ခတ်ဆဲအ၀င်းနက်မြဲကျင့်ဖို့
မလွယ်လေမြဲဒါပေမယ့်လည်းအသိဥဏ်ကင်းကွာမနေရဲ့ပါ  ။ကြောက်တက်ရင်လည်းကြောက်ချင်စရာငရဲ
ဆိုတာမကောင်းသူတိုအတွက်အိမ်ပမာဆိုပဲ ၀င်လိုက်ထွက်လိုက်လာလိုက်သွားလိုက်ပြန်လိုက်ဝင်လိုက်
နဲ့ငရဲကမ္ဘာသက်ဝင်နေဆဲပါတဲ့...။
         ဘာပဲဖြစ်ဖြစ်  ဖြစ်သမျှအကြောင်းအကောင်းပဲဟု ပျိုးခင်းရှင်ကယူဆထားပါတယ် ကံကြမ္မာဆိုးတွေ
ကုန်တဲ့နေကံကောင်းခြင်းတွေရောက်လာလေ့ရှိတာဓမ္မတာပဲဖြစ်ပါစေ..။
          24.10.2013 ရက်နေ့မှနောင်နှစ်များစွာတိုင်မမေ့နိုင်တာကတော့ခတ်လိမ့်မယ်..ဘယ်သူဘယ်သူ
တွေကမှ ကိုယ့်အပေါ်ကိုယ်လောက်မကောင်းနိုင်တာငါ့အတွက်ဘ၀နဲ့ရင်းပြီးရတဲ့သင်ခန်းစာပဲဖြစ်နေလိမ့်
မယ်..ဘယ်သူမကောင်းကောင်းကိုယ်ကောင်းအောင်နေ၇မယ်လို့ရှေးရှေးဆရာတို့ကမိန့်ဟထားတာ လိုက် နာ၇မှာအသေချာပေါ့ဗျာ..။
        စိတ်ညစ်နေလို့လဲအကြောင်မထူးသလို ဘ၀တိုးတက်ခြင်းလဲရလိမ့်မည်မဟုတ်တာအသေချာပေါ့ ဒါကြောင့်စိတ်ကိုသန့်စင် လူသစ်စိတ်သစ်ဖြင့်မေ့ထားနိုင်သလောက်မေ့လိုက်ကြရအောင်လား တပည်တို့ရေ ....။
                                                    ပျိုးခင်းရှင်

Sunday, October 27, 2013

ရတနာပျိုးခင်းပိုးကြခြင်း

စိတ်မကောင်းစရာတင်ရအုန်းမည် အသင်းလေးရဲ့ကံကြမ္မာသည်ဆုံးလုပြီထင်ပါ့တက်အားသရွေ့ကြိုးစားခဲ့
သမျှခုတော့သဲထဲရေသွန်ုဖစ်ရလေပြီထင်ပါ့..။
ဘယ်သူကိုမှအပစ်မဆိုသာပါဘူးလေအကြီးတွေနဲ့ပြိုင်ပြီးတော့လဲပြဿနာမဖြစိချင်ဘူး..။
သူတိုဘက်ကမကြိုက်လိုဖျတ်တော့လဲခံရရုံပေါ့  ကိုယ်ကအငယ်ဆိုတော့အငယ်လိုပဲနေရမှာပေါ့လေ
ဘုန်းကြီးပြောတာတွေကလူကြီးပြောသင့်တဲ့စကားတွေမဟုတ်တာသိသင့်ပါတယ်ဗျာ..။
ခုတော့မဖြစ်သင့်တာတွေဖြစ်ရပြီးပေါ့..။မင်းမကြိုက်ရင်ထွက်သွာရုံကလွဲပြီဘာတက်နိုင်လေမလဲပျိုးခင်းရှင်ရေ
ခုတော့ကလေးတွေပြောသလိုပျိုးခင်းလေးပိုးကျခဲ့ရလေပြီး...။
ပိုးသတ်ဆေးသည်မထိရောက်ခုတော့ပျတ်စီးခံထိရလေပြီ..။
ဒီစာကိုဖတ်မိသူမလိုသူဘက်သားတို့ကိုဦးဇင်းအပစ်ပြောနေတာမဟုတ်ကြောင်းသိစေချင်ပါတယ်..။
ဦးဇင်းစိတ်ထဲမှာဖြူစ်စင်ခဲ့တယ်ဆိုတာယုံချင်ရင်ယုံပေါ့မယုံချင်ရင်လဲဘာမှမပြောလိုပါဘူး
ဆွေနွေးစကားပြောလိုချင်ရင်တော့အချိန်မရွေးဆက်သွယ်နိုင်ပါတယ်..။
ဘုန်းကြီးကစာရင်ရှင်းချင်လို့အရှေ့ကျောင်းကိုလိုက်လာတော့ဦးဇင်ပြောသမျှမယုံကြတော့ဘာမှပြန်မပြောတော့
ဘဲသူတိုပြောသမျှခေါင်းငုံ့ကာနာထောင်ခဲ့ရပါတယ်..။
သူတိုမှန်တယ်ထင်ရင်တော့နေကြပေါ့..ကိုယ်ကအငယ်ဆိုတော့ပြန်ပြောပြန်တော့လည်းမကောင်းဖြစ်ရတယ်
အဆိုးဆုံးကတော့ဘေးနားကလူတွေမြှောက်ပင့်ပြောတာကိုယုံတာတွေပေါ့..။
ခုတော်သူစိမ်းတွေအဖြစ်ရောက်ခဲ့ရပြီးအစကတည်းကအသိပေးသင့်ရဲ့သားနဲ့ဘာမှမပြောဘဲဝုန်းဒိုင်းပြေားလာ
တော့ဘာပြင်ဆင်ချိန်မရလိုက်ဘူပေါ့
မကြိုက်းဘူးဆိုရင်လဲအစကတည်းပြောပေါ့  မင်းဟာကဒီဟာတွေမကောင်းဘူးပြင်လိုပြောရင်ပြင်လို့ရတာတွေချည်းပါ
ခုတော့အပြင်တောင်မခိုင်းခဲ့ဘူးဖျတ်ကိုဖျတတ်ခိုင်းနေတော့ဘာမှာကိုဆွေးနွေးလို့ကိုမ၇တော့တာ
အဲ့တော့ဖြစ်ပြီးပေါ့ရန်သူတွေလိုအစကတော့လူရင်းတွေပေါ့အကုန်းလုံးလုပ်ပေးနိုင်သလောက်လုပ်ပေးခဲ့
တာတွေတောင်မထောက်ထားလုပ်ရက်လိုက်ကြတာ
ငွေစကားပြောတာတွေကဆိုးသလို  ဘာမှမဆိုင်တဲ့မန်းလေးက  ကလေးတွေကိုပါဆွဲထည့်လေတော့
စိတ်ကောင်းတွေတောင်ကုန်းသလောက်ပါပဲ
ဘာပဲဖြစ်ဖြစ်ပျိုးခင်းရှင်းလေးကတော့အားလုံးကိုခွင့်လွတ်ပါတယ်
ခွင့်လွတ်သလိုရွာကိုလဲကလေးတွေကိုမငဲ့တော့ဘဲမပြန်ဘဲနေဖိုတကိုယ်တော်ဆုံးဖြတ်ထားတယ်
ကလေးတွေတပည်တွေအာလုံးအဲ့ဒီကိုမလာနိုင်တော့တဲ့အတွက်တောင်းပန်ပါတယ်နော်ကလေးတို့
ဦးဇင်းကိုခွင့်လွတ်ကြပါ..။ဦးဇင်းစိတ်ပြေနိုင်မဲ့မေ့လောက်နိုင်မဲ့အတိုင်းတာတခုထိနေပါ၇စေအုန်း
မေ့လိုတော့ရမှာမဟုတ်ပါဘူးဒါတွေကို  
24/10/2013ရက်နေ့ဟာဦးဇင်းဘ၀ပျတ်စီးခဲ့ရတဲ့နေ့ဆိုတာဘယ်တော့မှမေ့မှာမဟုတ်ပါဘူး..။
             
                                                                 ပျိုးခင်းရှင်(28/10/13)


ပျိုးခင်းရှင်သည်ဘယ်တော့မှမပျတ်စီးသလိုဘယ်တော့မှလည်းဖျတ်းဆီးလို့မရနိုင်ဘူးဆိုတာမင်းတိုအသိုင်အ
ဝိုင်းသိထားကြပါ။ဒီဘလောဂါကိုလဲမဖျတ်သလိုဒီဆိုက်ပေါ်မှာရေးနေအုန်းမှာပါစာတွေကိုရောဆုံးမစာတွေကို
ရောပေါ့..။မင်းတိုမကြိုက်ရင်လဲလိုသေနိုင်ပါတယ်..။
ဘ၀ဆိုတာတိုတိုလေးပါဘ၀ဆက်တိုင်းမင်းတိုတွေငါနဲ့မတွေဆုံနိုင်ပါစေနဲ့မင်းတိုစိတ်ဓါတ်လေးတွေသိ
ရတော့ငါ့အတွက်ကောင်းတာပေါ့ကွာနောက်ရှောင်လိုရတာပေါ့..။
ငါဟာမင်းတိုထင်ထားတာထက်ပိုပြီးတော့စိတ်ဓါတ်ခိုင်မာတယ်ဆိုတာမင်းတိုသိထားပါ..။

Wednesday, October 16, 2013

အရာအားလုံးအဆင်ပြေပါစေ

            စိတ်စွမ်းအားရှိနေသရွေ့ကြိုးစားမှုတွေရှိနေအုန်းမှာပါ...။
လူတစ်ယောက်အတွက်ခံစားနိုင်စွမ်းအမြင့်မားအထိခံစားခဲ့ပြီးပြီးဒါပေမယ့်မပြည့်စုံခဲ့ပါဘူး...။
တခုကိုလိုချင်ရင်တော့တခုကိုတော့စွန့်လွတ်ရစမြဲပါပဲ...။အရာအားလုံးပြည့်စုံနေဖို့ကတော့မမျှော်လင့်တာပဲအ
ကောင်းဆုံးဖြစ်မယ်ထင်ပါတယ် စိတ်ပင်ပန်းတိုင်းတိုင်ပင်ဖော်မဲ့နေတက်ပေမယ့် စိတ်ဓါတ်တော့မကျအောင်
မနည်းကြိုးစားပြီးနေနေရတယ်..။
            တန်ဖိုးထားသလောက်အရာမထင်တာတွေအတွက်လဲစိတ်ကိုမနည်းသည့်ခံခဲ့တယ်..။လုပ်တိုင်းမဖြစ်လဲ
စိတ်မညစ်ရဲပါဘူး..။အကောင်းဆုံးတွေကိုပေးချင်တဲ့အတွက်လဲအကောင်းဆုံးကိုမျှော်လင့်ဆဲပါ..။
ကောင်းမွန်သောစိတ်ဓါတ်၊လုပ်တွေသည်အထောက်အကူဖြစ်ပါစေလို့မျှော်လင့်ရင်..
                                                 အားလုံးပျှော်ရွှင်ချမ်းမြေ့နိုင်ကြပါစေသာ...


                                                                                     ပျိုးခင်းရှင်(16/10/13)

မျိုးဆက်သစ်အတွက်

သိက္ခာတရားတွေဘာတွေနဲ့လူတွေကြားမှာနေရတာပင်ပန်းလွန်းလှပါတယ်..။ဘ၀ဆိုတာအချိန်ခဏလေးပါပဲ
ရယူစရာကုသိုလ်ကောင်းမှုတွေကိုသယ်နိုင်သလောက်ယူနေပေမယ့်..ဘယ်တက်နိုင်မှာလဲပုထုဇဉ်တို့မနော
ပြောရတာခတ်သကိုး..။အလုပ်ကြီးအကိုင်ကြီးလုပ်နေပြန်တော့လဲစိတ်ကမလိုက်နိုင်ဘူးဖြစ်နေတယ်..။
ဘယ်သူတွေဘာတွေကိုဘဲပြောချင်ရာပြောနေပါစေလစ်လျှူရှုနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလဲ..။
အော်ဘယ်တက်မလဲ စခဲ့တဲ့အရာကိုအဆုံးထိရောက်အောင်တော့လိုက်ရပေးလိမ့်အုန်းမည်ပေါ့..။
စေတနာသည်သာစေစာရာမိုအရာရာကိုမေတ္တာအရင်းခံလိုသည်းခံခွင့်လွတ်ခြင်းတွေဖြင့်အောင်မြင်နိုင်ဖိုကြိုး
စားနိုင်ဖို့ပဲလိုပါတယ်လေ...။သူများတွေရဲ့အားပေးစကားတွေမကြာရရင်နေပါစေလူငယ်လေးတွေ၇ဲ့အကျိုး
ဖြစ်စေခဲ့တယ်ဆိုရင်လုပ်ပေးရကျိုးနပ်မယ်ရယ်လိုစိတ်ဝယ်မှတ်သားခံယူထားပါတယ်...။
မျိုးဆက်တစ်ဆက်ရဲ့အကျိုးကိုကြည့်ပြီးတော့ဘယ်လိုသောအခတ်အခဲကိုမှမငြီးငြူဘဲခန္တီမေတ္တာလက်ကိုင်
ကားဘဲအရာအားလုံးကိုအကောင်းမြင်နိုင်အောင်ကြိုးစားရင်ဘ၀အတွက်ရုန်းကန်ရင်ဆိုင်နေပါမည်...။

                                                                       ပျိုးခင်းရှင်(16/10/13)

Sunday, October 13, 2013

စာဖတ်ခြင်း


စာဖတ်တာကို နှစ်မျိုးခွဲတယ် တစ်မျိုးက ရှင်သန်ဖို့အတွက် နောက်တစ်မျိုးက စိတ်နှလုံးအတွက် ရှင်သန်ဖို့အတွက်စာဖတ်တာက ဟို သူငယ်တန်းကနေ တက္ကသိုလ်အထိ စာဖတ်တယ်။ ဒါဟာ အလုပ်ရှာဖို့အတွက်ဖြစ်တယ်။ ဒါကို တကယ့်စာဖတ်တယ်လို့ မခေါ်သေးဘူး။ စိတ်နှလုံးအတွက် စာဖတ်တာက စိတ်ထားတတ်ဖို့၊ စိတ်ကိုနှစ်သိမ့်ဖို့၊ စိတ်ချမ်းသာဖို့ဖြစ်တယ်။ ဒါကမှ တကယ်စာဖတ်တယ်လို့ခေါ်တယ်။ .

Wednesday, October 9, 2013

မှန်


***မှန်***

အခါတစ်ပါး မြတ်စွာဘုရားသည် သားတော် ရှင်ရာဟုလာကို မေးခွန်းတစ်ခု မေးသည် ။ ချစ်သား ကြေးမုံဆိုတဲ့ မှန်ဟာ ဘာအကျိုး ရှိပါသနည်း ။
ရှင်ရာဟုလာက မှန်ဟာ လူကို ကြည့်ရှုဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိပါသည် မြတ်စွာဘုရားဟု ပြန်ဖြေတယ် ။
.... မှန်ကြည့်သည်မှာ မိမိဝတ်ပုံ ဆင်ပုံ ဖီးလိမ်းထုံးဖွဲ့ ပုံ အချိုးကျမကျ ကောင်းမကောင်း မိမိမျက်နှာနှင့် ကိုယ်ပေါ်မှာ အစွန်းအပြစ်များ ရှိမရှိ စသည်ကို သိရအောင်ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိသည်ဟု လျှောက်ခြင်းဖြစ်သည် ။
.... ထို့နောက် မြတ်စွာဘုရားက ချစ်သားရာဟုလာ ထိုမှန်ကြည့်သကဲ့သို့ပင် ဆင်ခြင်၍ ကာယကံမှု ပြုရမည်။ ဆင်ခြင်၍ ဝစီကံမှု ပြုရမည်။ ဆင်ခြင်၍ မနောကံမှု ပြုရမည်ဟု ဆုံးမတော်မူ၏ ။
.... မိမိ ကိုယ် နှုတ် စိတ်ထားများကို ပညာမှန်တွင်တင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင် ပြုပြင်ပေးရမည်ဖြစ်ပေသည် ။ ။
 "သတ္တ၀ါတွေကျန်းမာပါစေ မေတ္တာရေလောင်းဆုတောင်းမေတ္တာဝေ"
လူတိုင်းလူတိုင်းမှာသူ့အပူနဲ့သူရှိနေတက်ကြပါတယ်...။ဘယ်သူမှဘယ်အရာမှအားလုံးအဆင်ပြေနေတယ်ဆို(လုံးဝ)မရှိပါဘူး..။ဒါကိုအန်တုပြီးတော့အတ္တတွေဗလပွနဲ့တပါးသူပေါ်အနိုင်းလိုချင်ရင်တော့ ...........ဆော်ရီးပါ.......။
                                                           ပျိုးခင်းရှင်(9/1013)

ဝိပဿနာ


ဝိပဿနာ သည် သမထ*ကဲ့သို့

ဆိတ်ငြိမ်ရာ ရမှသာ ရှု,မှတ် ပြီးစီးနိုင်သည်

မဟုတ် ၊၊ ပါရမီ ဉာဏ် ရှိခဲ့ပါမူ တရားနာရင်း

နှင့်ပင် ပေါက်ရောက်၍ သွားတတ်၏ ။

အိမ်မှု ကိစ္စ ပြုလုပ်ရင်းလည်း ပေါက်

ရောက်နိုင်၏ ။ ပညာဉာဏ် သာလျှင်

သိ ,ရ ဖို့ လိုရင်းဖြစ်၏ ။ .....

အကြောင်းမူကား ဉာဏ်ရှိသူတို့မှာ

ကိုယ်တွင်း ,ကိုယ်ပြင် ,အိမ်တွင်း

အိမ်ပြင် ,ရွာတွင်း ,ရွာပြင် တွေ.သမျှသည်

အနိစ္စ ,ဒုက္ခ ,အနတ္ထ လက္ခဏာ ပွားစီးဖို့

သာတည်း ။ ~~~

[ လယ်တီဆရာတော်.ဝိပဿနာဒီပနီ ]

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

သာလွန်ဇောင်းထက်| October 7, 2013 |

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ်ကြီး၍ ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် အခြေခံဥပဒေအသစ် ရေးဆွဲမှုသည် ငြိမ်းချမ်းရေးကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက အောက်တိုဘာလ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း(သို့မဟုတ်) ပြန်လည်ရေးဆွဲခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးထားပြီး ယင်းကြေညာချက်သည် တိုင်းပြည်အတွက် အကောင်းဆုံး သော အကြံပြုချက်တခု ဟုဆိုနိုင်ကြောင်း၊ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲလျှင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အရှိန်ရနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ဦးအောင်သောင်းက ဧရာဝတီသို့ ပြောဆိုသည်။

“အသစ်ပြန်ရေးရင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီကို အဟန့်အတား ဖြစ်စေမှာ ပေါ့။ အသစ်ပြန်ဆွဲတယ် ဆိုတာကတော့ သူတို့ ဆန္ဒတွေ အများကြီး ထည့်ချင်လို့၊ သူတို့လိုချင်တာတွေ ပါချင်လို့ ဖြစ်နိုင် သလို ပိုကောင်းအောင် စေတနာနဲ့ရည်ရွယ်ချက်လည်း ရှိကောင်းရှိကောင်းမှာပေါ့။ သို့သော်လည်း အများက လက်မခံတဲ့ အခါ ကျတော့ ငါပြောတာ၊ ငါလုပ်တာ အများက လက်မခံနိုင်ရ ကောင်းလားဆိုတဲ့ အခြေအနေတွေ အများကြီး ပေါ်ပေါက် လာနိုင်တယ်။ အဲဒီအသစ် ဆွဲတာကြီးကလည်း တတိုင်းတပြည်လုံးကို ချပြဖို့ အင်မတန်မှ ရှည်လျား ထွေပြားခက်ခဲတယ်။ ပြည်သူ လူထုအားလုံးမှာ ကို့ရို့ကိုးယား ဖြစ်ကုန်မယ်။ ဒုက္ခရောက်သွားနိုင်တယ်။ ညှိုညှိုနှိုင်းနှိုင်းနဲ့ ဘောင်ထဲက ပြင်တာ အကောင်းဆုံးပါပဲ။ နောင်ကျရင်လည်း ပြင်လို့ရပါတယ်။ ဒီတခါ ညှိုလို့မရပေမယ့် ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ ပြန်ပြီး တော့ ပြင်လို့ရပါတယ်။ ညီညွတ်သွားပြီ ၊ ဒီမိုကရေစီ အရေထူသွားပြီဆိုရင် အားလုံးက ညှိုနှိုင်းပြီးတော့ အင်မတန် ကောင်းအောင်လုပ်လို့ရတယ်´´ ဟု ဦးအောင်သောင်းက ဆိုသည်။

အခြေခံ ဥပဒေ အသစ်ရေးဆွဲမှုသည် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပေါ်နိုင်သော်လည်း တပ်မတော်အနေဖြင့် သင်ခန်းစာ များ ရှိထားပြီးဖြစ်သည့်အတွက် အာဏာမသိမ်းဘဲ ညှိုနှိုင်းဖျောင်းဖျမှုကိုသာ အလေးထားမည်ဟု ယုံကြည်ကြောင်း၊ လက်လွတ်စပယ် အာဏာသိမ်းမှုများ မရှိနိုင်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“တပ်က သေချာပေါက် အာဏာသိမ်းမယ်လို့ မပြောနိုင်ပါဘူး။ တပ်ကလည်း သင်ခန်းစာတွေရထားပြီးသားဆိုတော့ အာဏာ သိမ်းတာကို ဆင်ဆင်ခြင်ခြင် လုပ်မှာပဲလေ။ အကြောင်းတခု ပေါ်ပေါက်လာရင်တောင် တော်တော်ကို ဆင်ဆင် ခြင်ခြင်လုပ်မှာပါ။ ညှိုနှိုင်းမှု၊ တိုက်တွန်းမှု တွေပဲ တပ်က ပြောမှာပါ။ လက်လွတ်စပယ်တော့ အာဏာသိမ်းမှာ မဟုတ်ဘူး´´ ဟု ဦးအောင်သောင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရသည် ဖက်ဒရယ်မူကြောင့် တိုင်းပြည်ပြိုကွဲတော့ မည်ဟုဆိုကာ အာဏာသိမ်းခဲ့ကြောင်း၊ လတ်တလော ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်သည်လည်း အာဏာသိမ်းမှုအတွက် အကြောင်းပြချက် တရပ် ဖြစ်လာ မည်ကို စိုးရိမ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရုံမျှဖြင့် တိုင်းပြည်မထိခိုက်နိုင်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် လက်ခံရေး လူထုအင်အားဖြင့် လှုပ်ရှားမှု ပြုလုပ်လာ လျှင် တိုင်းပြည်အန္တရာယ်ရှိကြောင်း သုံးသပ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေအောက်မှာ ကျနော်တို့တွေက အသစ်ရေးသင့်တယ်၊ အသစ် ရေးတာ ကောင်း၊ မကောင်း ဆန္ဒခံယူတာတွေ လုပ်နိုင်တယ်။ အဲဒီအထိ ပြဿနာမရှိသေးဘူး။ တကယ်လို့ ပြည်သူ လူထု ကို ဆူဆူပူပူဖြစ်အောင် ဆန္ဒပြပွဲတွေဖြစ်အောင် လုပ်လာရင်တော့ အဲဒါက ပြဿနာရှိလာပြီ။ အန္တရာယ်ကြီးလာပြီ။ အဲဒါ ဆိုရင် တော့ ဆန္ဒပြတာတွေကို နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေရှိလာပြီ။ အဲဒါနဲ့မှ မရရင်တော့ တပ်မတော်က သူ့မှာ လည်း အခြေအနေ မကောင်းဘူးဆိုရင် အာဏာသိမ်းတာတွေ ပြန်ဖြစ်လာနိုင်တာပေါ့။ ဒီဟာကို ပုံကြီးချဲ့ပြီး ဥပဒေ အသစ် ရေးတယ်ဆိုပြီးတော့ အာဏာသိမ်းတာတို့တော့ မလုပ်သင့်ဘူး´´ ဟု ဦးရဲထွန်းက ဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)အဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများ၏ အခွင့်အရေးကို လုံးဝ အာမ မခံနိုင်သော ဥပဒေ ဖြစ်သဖြင့် အသစ်ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသစ်ရေးဆွဲ၍ နောက်ကြောင်းပြန်လှည့်မည်ဆိုလျှင်လည်း ရွေးချယ် စရာ မရှိဟု ပြောဆိုသည်။

“ ဒီအခြေခံဥပဒေက အလုပ်မဖြစ်ဘူး။ တိုင်းရင်းသား အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ မရနိုင်ဘူး။ ဒီအခြေခံ ဥပဒေ နဲ့ ဖက်ဒရယ် ဖြစ်မလာဘူး။ အဲဒါကြောင့် အသစ်ပြန်ရေးခိုင်းတာ။ အသစ်ပြန်ရေးလို့ နောက်ကြောင်း ပြန်မယ် ဆိုရင် လည်း ပြန်ပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့က ပြောတာပဲ ရှိသေးတာပဲ။ သူတို့လုပ်ချင်ရာ လုပ်မှာပဲ။ အခြေခံ ဥပဒေ ထဲမှာ အာဏာသိမ်း လို့ရတယ်လို့ ပြဋ္ဌာန်းထားတာပဲ။ ဒါက နိုင်ငံရေးပဲ ။ ကိုယ့်မူနဲ့ ကိုယ်လျှောက်ပဲ။ မှားတယ်၊ မှန်တယ် ဆိုတာက လူထုက ဆုံးဖြတ်မှာပဲ´´ ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အခြေခံဥပဒေ အသစ်ရေးဆွဲမည်(သို့မဟုတ်) ပြင်ဆင်မည်ဆိုသော သဘောထား ကြေညာချက် ထုတ်ပြန်နိုင်ရေး လူထုဆန္ဒ သဘောထားကောက်ခံလျက်ရှိပြီး အခြေခံဥပဒေ အသစ်ရေးဆွဲသည်ဖြစ်စေ၊ ပြင်ဆင်သည်ဖြစ်စေ အဓိကမှာ တိုင်းရင်းသား အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သော ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်နိုင်ရေးပင် ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။

“ကျနော်တို့ဘက်က လူထုစစ်တမ်းကောက်နေတုန်းပါပဲ။ ဒီမိုကရေစီဆိုတာက ညှိုကြ၊ နှိုင်းကြရတာပဲ။ အသစ်ရေးမလား၊ ပြင်မလား ။ ဘယ်ဟာက လက်တွေ့လုပ်ဖို့ လွယ်မလဲ ဆိုတာ ပြန်စဉ်းစားရမှာပေါ့။ အသစ်ပဲရေး ပြန်ပဲ ပြင်ပြင် တိုင်းရင်း သား အခွင့်အရေး တွေ၊ တိုင်းရင်းသားတွေအတွက် လိုလားချက်တွေ၊ ငြိမ်းချမ်းရေးမယ့် အချက်တွေကို ပြန်စဉ်းစား နိုင်မယ်ဆိုရင်၊ ဖြည့်ပေးနိုင်မယ် ဆိုရင် အဆင်ပြေသွားမှာပါ။ တိုင်းရင်းသားအခွင့်အရေးတွေ မရရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အသစ် ရေးပြီး တိုင်းရင်းသားအခွင့်အရေး မရရင်လည်း ဘာမှ မဖြစ်လာဘူး။ ပြင်ပြီးတော့လည်း တိုင်းရင်းသား အခွင့်အရေး တွေ မရရင် အလကားပဲ´´ ဟု ဒေါက်တာဇော်မြင့်မောင်က သုံးသပ်သည်။

ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံဥပဒေ လေ့လာသုံးသပ်ရေး အတွက် အကြံပြုချက်များကို နိုဝင်ဘာလ ၁၅ ရက်မတိုင်မီ လွှတ်တော်သို့ ပေးပို့ကြရန် တရားဝင် ဖိတ်ခေါ် ထားပြီး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးအစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းနှင့် သမ၀န်ကြီးဦးကျော်ဆန်းကို ၂၀၁၂ ကြံ့ခိုင်ရေး ပြည်လုံးကျွတ် ညီလာခံတွင်တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

အေးချမ်းမွန် Credit To >ဧရာဝတီ

ရဟန်းကိုဘာကြောင့်ရှိခိုးထိုက်ပါသလဲ

"... ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။

ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂)ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄)တူသောနေထိုင်ခြင်းရှိကြခြင်း

(၅)တူသောဣနြေ္ဒ ရှိကြခြင်း

(၆)တူသောဆင်းရဲခြင်းရှိခြင်း၊

(၇)တူသောသည်းခံခြင်းရှိခြင်း

(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်

(၁၁)မကောင်းမှုမှရှက်ခြင်း

(၁၂)မကောင်းမှုမှ လန့်ခြင်း

(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း

(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆)ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈ ) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း

(၁၉)ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။

မှတ်သားထိုက်မှတ်သားသင့်ပါတယ်..။အားလုံးအတွက်တင်ပေးလိုက်ပါတယ်...။

ပျိုးခင်းရှင်(23/9/13)

Thursday, September 19, 2013

ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ် . . . .

ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊
အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ် . . . .
================= ==========
နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီး ရပါတယ်၊ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သားဟာလည်းပဲ သဘောထားကြီးရပါတယ်၊
အခုဥစ္စာက ဗမာနိုင်ငံက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသာ ဖြစ်တယ်၊ အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ်၊

ငါ့ဟာမှ မှန်တယ်၊ ဒို့ဝါဒမှ မှန်တယ်လို့ ဆိုတဲ့ အတ္တဒိဋ္ဌိ အားကြီးတယ်၊ ဒါကြောင့် အတ္တဒိဋ္ဌိ အားမကြီးဘဲနဲ့ နှစ်ဦးနှစ်ဘက် သဘောထား ညှိနှိုင်းကြမယ် ၊ နိုင်ငံအတွက် ဒို့တတွေ သဘောထားကြီးကြမယ် ဆိုရင်တော့ ဒီနိုင်ငံ တိုးတက်မှာပဲ ဟုတ်လား၊

ဒီကလပ်တို့ ကင်ဒေးယျုံတို့လို သဘောထားကြီးကြရင် ကောင်းမှာပဲ။ ဒီကလပ်လဲ သဘောထားကြီးပါတယ်၊ ဟုတ်လား၊ ဘာဖြစ်လို့တုန်း၊ သဘောထားကြီးလို့မို့ မင်းဒဲလားတို့ ဘာတို့ ဖြစ်လာတာပဲ၊ ကင်ဒေးယျုံလဲ သဘောထားကြီးပါတယ်၊ ဘယ်လို သဘောထားကြီးသလဲ သူ့ကို သတ်ပစ်ဖို့ ကြံစည်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ သူတက်လာတော့ကို အဲဒီပုဂ္ဂိုလ်တွေကို ဘာမှ အရေးမယူဘူး၊ အဲသလောက်ထိ သဘောထားကြီးတယ်။

ဒီတော့ နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီးရပါတယ်၊ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သားတွေဟာလဲ သဘောထားကြီးရပါတယ်၊ အတ္တဒိဋ္ဌိ သိပ်မကြီးကြဖို့ အရေးကြီးတယ်၊ ငါကတော့ အဲဒါပဲ သြ၀ါဒ ပေးချင်တယ်၊ ဟုတ်လား၊ ငါ့ သြ၀ါဒမဟုတ်ပါဘူး၊ ဘုရားရှင်ရဲ့ သြ၀ါဒ ဟုတ်လား၊ အေး ဘုရားအဆူဆူဟောတဲ့ သြ၀ါဒအတိုင်း သဘောထားကြီးကြဘို့ လိုပါတယ် ။ ။

-------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော်၊ မန္တလေး။ ။





 ဘာသာသာသနာလူမျိုးတိုးတက်ပါစေသတည်း.....................။
                                                         ပျိုးခင်းရှင်(19/9/13)

Wednesday, September 18, 2013

မျိုးဆက်သစ်တို့မင်္ဂလာပါ

မျိုးဆက်သစ်တို့မင်္ဂလာပါ

အကိုကြိုးစားပြီးတော့လုပ်နေရသမျှဟာမင်းတို့အတွက်ပါပဲလူတွေရဲ့အကဲ့ရဲ့ခံပြီးတော့လုပ်ပေးနေတယ်ဆိုတာ
အကိုတို့ခေတ်မှာလူငယ်တွေမရခဲ့တာလေးတွေကိုမရနိုင်တာလေးတွေကိုအကိုတိုတက်နိုင်သမျှလုပ်ပေးနိုငိသမျှ
လုပ်ပေးချင်တာပါ။။
ဒီလိုလုပ်ပေးလို့အကိုတို့ကိုအကောင်းမြင်ကြလားဆိုတော့မမြင်ကြပါဘူး၊အပြစ်ကိုပဲပြောချင်နေကြတာပါ
ဒီလိုပြောနေကြလို့လဲအကိုတို့ဘက်ကစိတ်မပျတ်ပါဘူး...။စိတ်ရှည်နိုင်းသမျှစိတ်ကိုရှည်ရှညိထားပြီးတော့
လုပ်ပေးပါ့မယ်လို့အကိုဂတိပေးပါတယ်။အများအကျိုးရွက်သယ်ပိုးလို့အကိုတို့မှာထိခိုက်တာနစ်နာတာရှိရင်
လည်းသည်းခံပြီးတော့လုပ်ပေးသွားမှာပါဘာပဲဖြစ်ဖြစ်အနစ်နာခံပေးမှာပါ။ပြီးတော့မိဘတွေကအကိုတို့အပေါ်မှာ
ယုံကြည်မှုတည်ဆောက်ဆဲကာလလဲဖြစ်တာကြောင့်ဘယ်သူအထောက်အပံ့ကိုမှအကိုတို့ကမမျှော်လင့်ရဲ့သေးပါ
ဘူး။မင်းတိုတတွေရဲမိဘတွေကသာကူညီထောက်ပံ့ပေးလာခဲ့မယ်ဆိုရင်တော့အကိုတို့အသင်းလေးထာဝရတည်
တံ့ရေးနဲ့လုပ်ငန်းစဉ်တွေလည်းပတ်ရေးအဆင်ပြေလာမယ်လို့အကိုကထင်ပါတယ်။
ဆရာ/ဆရာမတွေရဲ့ကူညီမတွေပါ ပါဝင်လာရင်တော့မင်းတို့အတွက်အကောင်းဆုံးပေပါ့ကွာ၊အကိုတို့ကတော့ရသမျှငွေကြေလေးတောင်မစားရက်မ
သောက်ရက်အသင်းအတွက်ပဲဖြည့်ဆည်းလုပ်ကိုင်းပေးနေရတဲ့အနေအထးမှာရှိနေပါတယ်။
စာကြည့်အသင်းအတွက်လည်းစာအုပ်လေးတွေဝယ်ပြီးတော့ချုပ်ပေးထားပြီးပါပြီ သီတင်းကျွတ်အကိုတော်တို့ပြန်လာတဲ့အခါဖွင့်ပေးသွားမှာပါအဲ့ဒီအတွက်လဲအတိုက်အခံတွေရှိကောင်းရှိလာ
နိုင်ပါတယ်ဘာပဲဖြစ်ဖြစ်အကိုတို့ကတော့လုပ်ဖြစ်အောင်ါလုပ်ပေးသွားမှာပါ ။ပြီးတော့အကူအညီလိုတဲ့အခါ
ဆွေမျိုးတွေကိုလည်ပင်းညစ်သင့်ရင်လဲညစ်ရတာပေါ့မညိုမညင်ကူညီပေးတဲ့သူငယ်ချင်းတွေနောင်တောင်တွေ
ဆွေမျိုးမိတ်သင်္ဂဟတွေအားလုံးကိုပျိုးခင်းရှင်လေးမှာမေတ္တာအနန္တပြုးလိုက်ပါတယ်...။
                                                   မျိုးဆက်သစ်မောင်မယ်များနှင့်တကွအားလုံးသောမိဘပြည်သူအပေါင်ပျော်ရွင်စရာတွေခညောင်းပါစေသတည်း။
                                                                                  
                                                                                        ပျိုးခင်းရှင်း(18/9/)