Wednesday, October 9, 2013

မှန်


***မှန်***

အခါတစ်ပါး မြတ်စွာဘုရားသည် သားတော် ရှင်ရာဟုလာကို မေးခွန်းတစ်ခု မေးသည် ။ ချစ်သား ကြေးမုံဆိုတဲ့ မှန်ဟာ ဘာအကျိုး ရှိပါသနည်း ။
ရှင်ရာဟုလာက မှန်ဟာ လူကို ကြည့်ရှုဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိပါသည် မြတ်စွာဘုရားဟု ပြန်ဖြေတယ် ။
.... မှန်ကြည့်သည်မှာ မိမိဝတ်ပုံ ဆင်ပုံ ဖီးလိမ်းထုံးဖွဲ့ ပုံ အချိုးကျမကျ ကောင်းမကောင်း မိမိမျက်နှာနှင့် ကိုယ်ပေါ်မှာ အစွန်းအပြစ်များ ရှိမရှိ စသည်ကို သိရအောင်ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိသည်ဟု လျှောက်ခြင်းဖြစ်သည် ။
.... ထို့နောက် မြတ်စွာဘုရားက ချစ်သားရာဟုလာ ထိုမှန်ကြည့်သကဲ့သို့ပင် ဆင်ခြင်၍ ကာယကံမှု ပြုရမည်။ ဆင်ခြင်၍ ဝစီကံမှု ပြုရမည်။ ဆင်ခြင်၍ မနောကံမှု ပြုရမည်ဟု ဆုံးမတော်မူ၏ ။
.... မိမိ ကိုယ် နှုတ် စိတ်ထားများကို ပညာမှန်တွင်တင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင် ပြုပြင်ပေးရမည်ဖြစ်ပေသည် ။ ။
 "သတ္တ၀ါတွေကျန်းမာပါစေ မေတ္တာရေလောင်းဆုတောင်းမေတ္တာဝေ"
လူတိုင်းလူတိုင်းမှာသူ့အပူနဲ့သူရှိနေတက်ကြပါတယ်...။ဘယ်သူမှဘယ်အရာမှအားလုံးအဆင်ပြေနေတယ်ဆို(လုံးဝ)မရှိပါဘူး..။ဒါကိုအန်တုပြီးတော့အတ္တတွေဗလပွနဲ့တပါးသူပေါ်အနိုင်းလိုချင်ရင်တော့ ...........ဆော်ရီးပါ.......။
                                                           ပျိုးခင်းရှင်(9/1013)

No comments:

Post a Comment