ကုသိုလ် အကုသိုလ်ဟာ ကောင်းမှု မကောင်းမှုပြုခြင်းကနေပေါက်ဖွားလာရသည်မို့
မကောင်းမှုပြုကြသူတွေအတွက်အကုသိုလ်ဆိုတာပင်တိုင်ဖောက်သည်ကြီးပါပဲ။မကောင်းမှု
ကိုပြုကြသူတိုင်းညီတူရကြသည်
ကတော့အကုသိုလ်ဆိုတဲ့အထုပ်တွေပါပဲ။̎မကောင်းမှုကိုသေးသေးလေးဆိုပြီတော့လည်းအထင်
မသေးရာ̎လိုလောကနီတိစာဆိုကလဲရှိနေသည်မဟုတ်ပါလောတစက်စက်ကျနေသောမိုးရေစက်
ကလေးတွေဟာကျဖန်များလာသည်နှင့်အမျှရေအိုးကြီးပြည့်
သွာရသည့်နည်တူမကောင်းမှုဟာလည်းနည်းနည်းနည်းနည်းနှင့်ပြုဖန်များလာသည်နှင့်အမျှအကုသိုလ်တွေ
ကများလာပါတယ်၊ဒီလိုနည်းနဲ့ပဲအကုသိုလ်အထုပ်ကြီး
ကြီးလာရတာပါ..။အဲ့ဒီအကုသိုလ်အထုပ်ကြီးပိုက်မိပြီဆိုမှဖြင့်နတ်ပြည်သွာရာသုဂတိလမ်းကြီးကို
ဘယ်မှာမြင်နိုင်
ပါတော့မလဲ
သိုပေမယ့် ဒုဂ္ဂတိသွာရာလမ်းကြောင်းကြီးကတော့ဖြောင့်လို့ဖြူလို့ပါပဲ..။
ကိုယ်တိုင်ရွေးချယ်ခဲ့ကြတာပါ ၊ကိုယ်ပြုတဲ့ကံကတော့ဘယ်သူ့ဆီကိုမှအလည်လေးတောင်သွားမှာမဟုတ်ပါဘူးကိုယ်
ဆီကိုယ်ပဲအမြန်ဆုံးနည်းနဲ့ပြန်လာဖို့ကြိုးစားနေမှာအမှန်ပါပဲ၊
ကိုယ့်ကိုချစ်လှပါချည်ရဲ့ဆိုတဲ့သူတွေကလဲအဲ့ဒီအကုသိုလ်
အထုပ်ကိုယ်ပြုလုပ်ထားတဲ့မကောင်းမှုအကုသိုလ်ကံကြီးကိုမလိုချင်ကြပါဘူး။(လိုချင်ရင်လဲမရပါဘူး)
ပြီးတော့ဘုရားကလဲ
ဟောပြီးသားပါပဲ ̎ပါပ သ္မိံ ရမတိ မနော̎ ဆိုပြီးတော့ လူ့စိတ်ဟာမကောင်းမှုမှာမွေ့လျှော်တယ်ဆိုပြီးတော့ပါပဲ။ သိုပေမယ့်
သူတော်ကောင်းတွေကတော့
ဟီရိ သြတ္တပ္ပ ရှိကြလေတော့မကောင်းမှုကိုပြုရမှာဝန်းလေးနေတက်ပါတယ်။လုပ်ရမှာလဲစိတ်
အားထက်သန်မှုမရှိတက်ပါဘူး
။သီလမရှိ သိက္ခာမပါလူမိုက်ဗလချာတွေကတော့ ဟီရိလဲမသိ သြတ္တပ္ပလဲမရှိလေတော့ဒုဿီ
လတဖြစ်လဲသာသနာဖြတ်မဲ့သူတွေပါပဲ။
ဟီရိ သြတ္တပ္ပ ဆိုတာ အရှက်အကြောက်ပေါ့ သိုပေမယ့်အပျိုဖြန်းမလေးလိုရှက်သွေး
ဖြာတဲ့ရှက်ရွံ့မှုမဟုတ်ပါဘူး။
လဇ္ဇီပုဂ္ဂိုလ်တွေသန္တာန်မှာတညိမြဲတဲ့၊မကောင်းမှုအကုသိုလ်ဒုစရိုက်တွေကိုပြုရမှာကို
ရှက်ခြင်း ကြောက်ခြင်းကိုဆိုလိုတာ
ပါ။မသူတော်ဖြစ်ရတာလွယ်သလောက်
သူတော်ကောင်းဖြစ်ဖို့ကြပြန်တော့မလွယ်တက်ပါဘူး။ဖြစ်ချင်လား ဖြစ်လို့ရပါတယ်
ဒါပေမယ့်
ကိုယ်ဖြစ်ချင်တာလေးတွေလျှော့ ၊လုပ်ချင်စိတ်လေးတွေဖျောက်ပေါ့ ပြီးရင်မတရားဘူးထင်တာမလုပ်ပဲဒုစရိုက်တွေ
ကိုပယ် လောကကျင့်ဝတ်တွေသီလတွေကိုစောင့်ထိန်း
ဒါဆိုရင်တော့သူတော်ကောင်းဖြစ်နိုင်ပါပြီး။နောက်တစ်ခုပေါ့သူတော်
ကောင်းဆိုတာ
သူတော်ပြီးကိုယ်ကလဲကောင်းရပါမယ် ။ပြီးတော့သူမတော်ပေမယ့်လည်းကိုယ်ကကောင်းကကောင်းအောင်
နေရပါလိမ့်မယ်။ဒါမှသာလျှင်သူတော်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။(ဆက်ရန်)
မစိုးရိမ်တိုက်သစ်။မန္တလေး
မောင်အောင်မြင့်မြတ်(အေ၇ာတော်)
No comments:
Post a Comment