Wednesday, September 4, 2013

‘’သူငယ်ချင်းကောင်းတစ်ယောက်၏တန်ဖိုး’’


                         ‘’သူငယ်ချင်းကောင်းတစ်ယောက်၏တန်ဖိုး’’
 
မျိုးဆက်သစ်မောင်မယ် ညီငယ်/ညီမငယ် တို့ရေမင်္ဂလာပါ
 
အကိုမင်းတို့ကိုဒီတခါပြောပြချင်တာကတော့မင်းတို့ပတ်ဝန်းကျင်မှာရှိနေတဲ့သူငယ်ချင်တွေးအကြောင်းပေါ့ကွယ်အဲ့ဒါပြောဖို့အတွက်အစလေးတော့ပျိုးလိုက်ပါရစေအုန်းနော်…။ လူဆိုတဲ့အမျိုးကတကယ်တော့တစ်ယောက်ထဲနေလို့မရတဲ့အမျိုးပါပဲ။ဒါကြောင့်ပတ်ဝန်းကျင်နဲ့အသိုင်းအ၀ိုင်းနဲ့နေ ထိုင်ဆက်ဆံရတယ်ပေါ့ အဲ့ဒီလိုဆက်ဆံရတဲ့အထဲမှာမင်းနဲ့အရင်းနှီးဆုံးဖြစ်နေတာဟာသူငယ်ချင်းပါပဲကွယ်..။မိဘအကိုမောင်နှမတွေဆိုတာသွေးသားအရင်းကြီးတွေဖြစ်လင့်ကစားရွယ်တူမဟုတ်ရင်တော့တပူတွဲတွဲနေထိုင်ဆက်ဆံနေဖို့မလွယ်ပါဘူးဒါကြောင့်လဲသူငယ်ချင်းဆိုတာအရးကြီးတာပေါ့.။မိဘကိုမပြောဖြစ်မတိုင်ပင်ဖြစ်တာတွေကိုသူငယ်ချင်းတွေကိုပြောဖြစ် တိုင်ပင်ဖြစ်တယ်မဟုတ်လား။မိဘကအရေးကြိးတာမှန်ပေမယ့်သူငယ်ချင်းကအကြံပေးတာကိုပိုပြီးတော့လက်သင့်ခံပြီးတော့ပြုမှုလုပ်ဆောင်ထက်ကြပါတယ်..။သူငယ်ချင်းနဲ့အတူဆိုးတာမိုက်တာလိမ္မာတာယဉ်ကျေးတာပရဟိတအတ္တဟိတလုပ်ကြတာပိုပြီးတော့များပါတယ်ဒါကြောင့်သူငယ်ချင်းဆိုတာတကယ်လိုအပ်သောအမျိုးအစားပါပဲ..။ မိဘမောင်နှမတွေနဲ့တန်းတူသူငယ်ချင်းကိုထားပြီးတော့ရင်းရင်းနှီးနှီးခင်ခင်မင်မင်ချစ်ချစ်ခင်ခင်ဖော်ဖော်ရွှေရွှေပေါင်းသင်းဆက်ဆံကြတယ် မဟုတ်လား…။သူငယ်ချင်း သူငယ်ချင်း သဟာယက မိတ္တ ဗန္ဓု စသည်ဖြင့်လည်းပါဠိဒေသနာတွေမှာလည်းပါလေ့ရှိတဲ့ ဇာတ်ကောင်တခုပေါ့..။သူငယ်ချင်းရဲ့ဆန့်ကျင်ဘက်ကဘာလဲဆိုတော့ရန်သူပေါ့သူငယ်ချင်းကိုခင်မင်သလောက်ရန်သူကိုကျတော့မုန်းတီးတက်တာလဲသဘာဝပါပဲ..။ပြီးတော့မိတ်ဆွေနဲပသူငယ်ချင်းဘာကွာလဲဆိုတော့သိပ်ပြီးတော့မကွာခြားလင့်ကစားမြန်မာလိုအပသုံးပြုမှုအရှိဆုံးကတော့မိတ်ဆွေဆိုတာသိပေမယ့်မခင်မင်မရင်းနှီးသူ။သူငယ်ချင်းကတော့ရင်းနှီးခင်မင်ရသူပေါ့ဒါကတော့အနီးစပ်ဆုံးပြောရတာပါ..။ထားတော့ဒါကြောင့်ဒီနေရာမှာအကိုကမင်းတို့ကိုသူငယ်ချင်းကိုပဲအလေးထားပြောပြသွားပါ့မယ်..။လောကကျင့်ဝတ်တွေထဲမှာလဲသူငယ်ချင်းအချင်းချင်းစောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်တွေအများကြီးပဲရှိပါတယ်လောကနီတိလိုလောကီရေးရာနီတိတွေထဲလည်းသူငယ်ချင်းမိတ်ဆွေတို့ဆိုရာကဏ္ဍပါဝင်ရေးသားထားပါတယ်..။ထားတော့အဲ့ဒါတွေကိုအခါခွင့်သင့်မှာသာလျှင်မင်းတို့ကိုအကိုကပြောပြပါ့မယ့်..။မိတ်ဆွေသူငယ်ချင်းကျင့်ဝတ်ဆိုလို့ကျင်ဆောင်ရတာခတ်ခဲမယ်ရယ်လို့မတွေးပါနဲ့အုန်း.၊သိဂါင်္လောဝါဒသုတ်ထဲ့မှာပါတဲ့မိတ်ဆွေကျင့်ဝတ်ငါးပါးနဲ့ကျေးဇူးတုန့်ပြန်သူမိတ်ဆွေကျင့်ဝတ်တွေကိုခုပထမဆုံးပြောပြပါ့မယ်...မိတ်ဆွေသူငယ်ချင်းကျင့်ဝတ်ငါပါးကတော့…….ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊စီးပွာဆောင်ရွက်၊နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေမိတ်သဟာ..။တဲ့
သူငယ်ချင်းကောင်းတစ်ယောက်အတွက်ကတော့ကျင့်ဝတ်တွေဆိုတာသူနဲလာပြီးတော့ညီနေရတဲံအရာတွေဖြစ်နေမှာပါ..။ သူငယ်ချင်းတွေအပေါ်မှာအနိုင်ယူတက်တဲါသူငယ်ချင်းမပီသသူတွေကတော့လိုက်နာနိုင်အောင်ကြိုးစားရမဲ့ကျင့်ဝတ်တွေပေါ့တခုခြင်းစီကိုအကျယ်ချဲ့လိုက်မယ်ဆိုရင်တော့ကျမ်းတစ်စောင်ပြုလိုတောင်ရတာမို့အကိုကဒီနေ၇ာမှာမင်းတို့နာလည်းလောက်အောင်အကျဉ်းလောက်ပဲပြောပြေသွာမှာပါ..။ပထမတခုကတော့…..။ ပေးကမ်းချီးမြှင့်=သူငယ်ချင်းကကိုယ့်ထက်မပြည့်စုံသူဖြစ်နေတဲ့အခါကိုယ်ကတက်နိုင်သလောက်ပေးကမ်းထောက်ပံ့ရခြင်းပေါ့.။အေးဒါတွေကအသက်အရွယ်မရွေးကျင့်ရမဲ့အရာပေါ့ကွာမင်းတို့ခုငယ်သေးတော့အကြီးကြီးမတွေးပါနဲ့။ပြီးတော့ဝေးဝေးမတွေးပါနဲ့ကျောင်းမှာသူငယ်ချင်းကနေ့လည်မုန့စားကျောင်းဆင်းချိန်မှာမုန့်ဝယ်စားစရာအသပြာမပါမရှိလို့ပဲဖြစ်ဖြစ်၊ကျန်ခဲ့မေ့ခဲ့လို့ပဲဖြစ်ဖြစ်ဝယ်စားစရာမရှိတဲ့အခါကိုယ်ကကိုယ့်မုန့်ကိုခွဲဝေစားဒါမှမဟုတ်အသပြာပေါတဲ့အခါမုန့်ဝယ်ကျွေးပေါ့ကွယ်ဒါကိုသင်္ဂဟတရားလေးပါးထဲမှာဒါနလိုလဲပြောထားတာရှိပါတယ်..နောက်တခုကတော့…။ကိုယ်နှင့်ယှဉ်ထား = မိတ်ဆွေသူငယ်ချင်းကိုမနှိမ့်ချဘဲကိုယ်နဲတန်းတူထားခြင်းပေါ့။ကိုယ်ကနျိမ့်နေရင်တော့သူကမြှင့်ရမှာပေါ့ကိုယ်ကသူထက်အစစအရာရာသာနေရင်တော့သူငယ်ချင်းကိုမနှိမ်ချဘဲတန်းတူထားပြီးတော့ဆက်ဆ့ရခြင်းပါပဲအဲဒါကိုသင်္ဂဟတရာထဲမှာတော့သမာနတ္ထတာလိုခေါ်ပါတယ်..။နောက်တတိယတခုကတော့….။ စီးပွာဆောင်ရွက်=ကိုယ့်ရဲ့အကျိုးစီးပွားတွေကိုဆောင်းရွက်သလိုပဲသူငယ်ချင်းရဲ့အကျှိုးစီးပွားကိုမငြိုမငြင်မှန်မှန်ကန်ကန်အခွင့်ရေးမယူဘဲဆောင်ရွက်ပေးခြင်းပေါ့ကွာ။အကျိုးလိုလားလို့ရေလောင်းတာမျိုးမဟုတ်ဘဲတကယ်ကိုရှင်သန်စေလိုခြင်းကြောင့်ရေလောင်းပေါင်းသင်ပေးခြင်းမျိုးပါပဲကွယ်သူ.အကျိုးကိုယ့်အကျိုးရှိတာကိုဆောင်ရွက်ပေးခြင်းမျိုးကိုတော့အတ္ထစရိယလို့သင်္ဂဟတရားမှာပါနေလေရဲ.ဒီတခါလေးပါးမြောက်ပေါ့..။နှုတ်မြွက်ချိုသာ = စကားပြောတဲ့နေရာမှာတော့ချိုချိုသာသာပြောကြသူများကိုလူတွေကချစ်ခင်တက်ကြတယ်လေလူအားလုံးအပေါ်မှာစကားမချိုနိုင်ရင်တောင်မှသူငယ်ချင်းအပေါ်မှာတော့ချိုချိုသာသာပြောရမယ်နော်များသောအားဖြင့်ခုကာလမှာတော့ပိုပြီးတောခင်လေပိုပြီးတော့ရိုင်းရိုင်းပြောကြလေထင်ရတာပဲဘာလို့လဲဆိုတော့ပြောတဲ့သူကလဲစတာလိုလိုနောက်တာလိုလိုပြောတယ်နားထောင်ရတဲ့သူငယ်ချင်းကလဲခွင့်လွတ်ပေးကြမယ်ထင်လို့ပေါ့အဲ့ဒါမှားတယ်ညီငယ်/ညီမငယ်စကားရိုင်းရိုင်းတွေဟာမိဘဖြစ်စေဆရာသမားကဖြစ်စေပြောပါစေဆဲဆိုပါစေကြားရသူအဖို့စိတ်ချမ်းမြေ့စရာမဖြစ်နိုင်ပါဘူးသူငယ်ချင်းတွေဆိုရင်လဲအခန့်မသင့်ရင်ရန်ဖြစ်တာကွပြဲတာရိုက်မှုတွေအထိဖြစ်ပွားနိုငိလောက်တဲ့အထိဖရုသ၀ါစာ၏အစွမ်းသတ္တိကရှိနေပါတယ်ဒါကြောင့်အကိုကမင်းတိုကိုစကားလေးတခုလက်ဆောင်ပေးလိုက်ပါမယ် (လူအများချစ်စေလို နှုတ်စကားကိုချိုရမည်) လို့ပေါ့နှုတ်ချိုလျှိုးတပါး ချစ်စေလိုခံတွင်းလက်လေးသစ်မုန်းစေလိုခံတွင်းလက်လေးသစ်စသည်ဖြင့်စကားပုံတွေဖြင့်လည်းဆုံးမထားတာတွေရှိနေတာပဲလေဒါကြောင့်သူငယ်ချင်းအပေါ်မှာပဲဖြစ်ဖြစ်တခြားသူတွေအပေးမှာပဲဖြစ်ဖြစ်စကားကိုချိုချိုသာသာပြောဖြစ်အောင်ကြိုးစားပါညီငယ်/ညီမငယ်..။သင်္ဂဟတရားကတော့လေးပါပြည့်သွားပေမယ့်နောက်ဆုံးဖြစ်တဲ့ ပိယ၀ါစာပေယျဝေဇ္ဇပေါင်းလိုက်မယ်ဆိုရင်ပေါ့..။သင်္ဂဟတရားကလေးပါသားရှိပေမယ့်မိတ်ဆွေကျင့်ဝတ်ကတော့ငါပါးရှိတာမို့နောက်ဆုံးတပါးကိုဆက်ပြီးတော့ပြောပြပါ့မယ်..ဘာလဲဆိုတော့……။သစ္စာမှန်စေ=ငွေအတွက်အာဏာရာထူးပါဝါအတွက်နဲ့မိတ်ဆွေသူငယ်ချင်းအပေါ်မှာမတရားသောမုသား၊မိတ်ဆွေသူငယ်ချင်းကိုနစ်နာသွားစေနိုင်မဲ့မုသားစကားဘယ်တော့မှမပြောဘဲအမှန်တရားကိုချစ်မြတ်နိုးသူဖြစ်အောင်နေရမယ်ညီငယ်/ညီမငယ်..။ ဒီကျင့်ဝတ်တရားတွေဟာမင်းတို့ငါတို့လိုလောကလူသားတွေပဲကျင့်နိုင် ဆောင်နိုင်တဲ့ကျင့်ဝတ်သိက္ခာတွေပါကွယ်..။ လူလောက ကလွဲတဲ့ ငရဲတိရိစ္ဆာန်ပြိတ္တာအသူရကာယ်စတဲ့အပါယ်ဘုံသားတွေမှာတော့သူငယ်ချင်းမိတ်ဆွေဆိုတာရှိမနေလေတော့သူတို့တွေမှာကျင့်စရာမလိုဘူးပေါ့..။တနည်းအားဖြင့်လည်းလူတွေဖြစ်တဲ့လောကလူသားတွေသာလျှင်ကျင့်ဆောင်ရတာဟာလောကဓမ္မတာပါပဲလေ..။အဲ့လိုမှမကျင့်ဆောင်ဘူးဆိုရင်တော့ဘာနဲတူမလဲသိကြလားမပြောတော့ဘူးစဉ်းစားကြပေါ့ဘာနဲတူမလဲဆိုတာအဲ… မတူချင်ရင်တော့ကျင့်ကြံလိုက်နာကြပါလို့အကိုကတိုက်တွန်းပါတယ်….သူငယ်ချင်းကောင်းတစ်ယောက်အပေါ်မှာကိုယ်ကလဲသူငယ်ချင်းတစ်ယောက်ပီသရတာဂုဏ်ယူဝမ်းမြောက်စရာပေါ့ကွယ်သူငယ်ချင်းဆိုတာလေးနက်တယ်ခိုင်မာတယ်ခံစားနားလည်ပေးတယ်ကူညီအားပေးနှစ်သိမ့်မှုတွေပေးတယ်ပျော်ရွင်စရာတွေအတူတူဖန်တီးပျော်ရွင်ကြတယ်ပြသနာတွေကူညီဖြေရှင်ကြတယ်အဲဒါသူငယ်ချင်းကောင်းပေါ့သူ့မှာသူငယ်ချင်းအပေါ်မှာဘာကိုမှမမျှော်ကိုးခဲ့ဘူးဒါပေမဲ့သူတခုတော့လိုချင်ရှာတယ်သူသူငယ်ချင်းရဲ့သူငယ်ချင်းပီသမှုပေါ့သူငယ်ချင်းလောက်ခင်မင်စရာကောင်းတဲ့သူမရှိပါဘူးချစ်သူတွေဆိုတာတောင်အတ္တမာနတွေနဲ့တွေ့ပြီးအချစ်တွေမေ့နိုင်ပေမဲ့သူငယ်ချင်းကတော့ကလေးပေါက်စဘ၀ကနေအဘိုကြီးအဘွားကြီးဘ၀အထိခိုင်မြဲတဲ့ခင်မင်မှုတွေရှိနေပါတယ်…။အကိုငယ်ငယ်တုန်းကတည်တွေ့ပြီးတော့အရမ်းကြိုက်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ရှိတယ်ခုထိလဲကြိုက်နေဆဲဖြစ်တာကြောင့်အလွတ်ရနေတဲ့ကဗျာလေးပေါ့..။ကဗျာဆရာဘယ်သူဘယ်ဝါဆိုတာတောင်မသိရတဲ့ကဗျာလေးပေါ့..။ဘာကြောင့်လဲဆိုတော့ကဗျာလေးရဲ့အောက်မှာ(လူငယ်ကလေးများ)ဆိုပြီးတော့လူငယ်အားလုံးကိုကိုယ်စားပြုရေးပေးထားတဲ့ကဗျာလေးဖြစ်တာကြောင့်ပေါ့ကွယ်..။ကဗျာလေးရဲ့နာမည်ကတော့

သူငယ်ချင်း
ဒုက္ခကို အတူကျော်
အခတ်အခဲဆိုလက်တွဲ
ဒေါသကိုဖြေ
သောက ဆိုလဲမျှဝေလို့
ခံစားမှုတွေကိုနာလည်ပေးလေတဲ့
ဘ၀မတူသူတွေအတူ
ပေါင်းသင်းဆက်ဆံနေခြင်းဟာ
သူငယ်ချင်း တဲ့..။
(လူငယ်ကလေးများ)
သူငယ်ချင်းဆိုဘယ်လိုပါလိုပေါ်လွင်ထင်ရှာစေတဲ့ကဗျာလေးပါပဲ..၊။ဒုက္ခတွေတွေ့ကြုံရတဲ့အခါမှာသူငယ်ချင်းကောင်းမိတ်ဆွေစစ်တွေကတော့ကိုယ့်သူငယ်ချင်းကိုပစ်ပြီးတော့မထားတက်ကြဘဲကိုယ်စွမ်းနိုင်တဲ့ဘက်ကနေအကူညီပေးတက်ကြတယ်..၊အခတ်အခဲဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းတက်ပြီးတော့ခေါင်းရှောင်ထွက်မပြေးတက်တာသူငယ်ချင်းကောင်းပေါ့ကွယ်..။သူငယ်ချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ရင်ထဲကအတ္တနဲ့ယှဉ်တဲ့ဒေါသလေးကိုဖြေလျှော့ပြီးတော့အခင်မင်မပျတ်နေနိုင်တာလဲသူငယ်ချင်းကောင်းပါပဲညီငယ်/ညီမငယ်..။ ကိုယ့်မှာသူမှာရင်ထဲကျိတ်ပြီးတော့ခံစားနေရတဲ့ခံစားချက်လေးတွေကိုနား လည်ပေးတာပျတ်ရယ်မပြုဘဲအတူတူခံစားပေးတာတွေဟာသူငယ်ချင်းကောင်းပီသမှုတွေပါပဲကွယ်…။ ဆွေမျိုးသားချင်းတွေလိုသွေးသာတော်စပ်လို့ပေါင်သင်းဆက်ဆံခြင်းမျိုးမဟုတ်ဘဲသွေးမတော်သားမစပ်တဲ့သူစိမ်လူတွေဖြစ်ပေမယ့်ပေါင်ဖတ်လို့ရတာဟာသူငယ်ချင်းတွေမိုပါပဲညီငယ်/ညီမငယ်..။ကိုယ့်ရဲ့သူငယ်ချင်းကိုအမြဲးတမ်းတန်ဖိုးထားပါမခွဲခြားပါနဲ့မုန့်ရှိလိုစားရင်တောင်တခုပဲရှိနေရင်တစ်ယောက်တစ်ဝက်ပေါ့ ဒါဟာလဲမျှဝေခံစားပေးခြင်းပါပဲကွယ်..။ အကိုတော်အစကတော့ကျေးဇူးတုန်ပြန်သူမိတ်ဆွေကျင့်ပါဆက်ပြီးတော့ရေမလိုပါပဲဒါမေပယ်ခုစာမှာတော့ရှည်နေမည်စိုးသောကြောင့်တခန်းရပ်ချိန်လဲတန်ပြီဖြစ်တာကြောင့်အကိုတော်ကိုနာလည်ပေးဖို့ညီငယ်/ညီမငယ်တို့ကိုတောင်းဆိုပါတယ်ဗျာ။ ဘ၀တစ်ခုအစပြုလာပြီးကတည်းကသိတက်စအချိန်မှာသူငယ်ချင်းလေတွေနဲ့အတူနေခွင့်ရခဲ့တယ်အများကြီးပေါ့..။ကလေးပေါက်စတုန်းကတည်းကအိမ်နီးချင်းသူငယ်ချင်းဆွေမျိုးသူငယ်ချင်းကနေအစရလာတဲ့သူငယ်ချင်းတွေများစွာထဲမှာကောင်းတဲ့သူငယ်ချင်းရှိသလိုဆိုးပေးတေနေတဲ့သူငယ်ချင်းတွေလဲပါရဲ့..၊ဆင်းရဲတဲံ့သူငယ်ချင်း/ချမ်းသာတဲ့သူငယ်ချင်းအစရှိသည် ဖြင့်ပေါ့ ကျောင်းမှာဆိုလဲစာတော်တဲ့သူငယ်ချင်းစာညံ့တဲ့သူငယ်ချင်းစသည်ဖြင့်လည်းသူငယ်ချင်းတွေကတော့အမျိုးအစား ဘ၀အခြေနေတွေအစုံပါလေရဲ့ ..။ဒါပေမယ့်သူငယ်ချင်းတွေကလယ်လောက်ပဲအရောင်အသွေးစုံ ဒီဇိုင်းစုံ ဘ၀စုံနေကြလင့်ကစားကိုယ့်ဘက်ကတော့သူငယ်ချင်းတွေအားလုံးအပေါ်မှာသူငယ်ချင်းကောင်းပီသဖိုပတော့လိုပါတယ်ညီငယ်/ညီမငယ်..။ မျက်နှာကြီးရာဟင်းဖက်မပါသင့်သလိုရုပ်ဆိုးတဲ့သူငယ်ချင်းကိုလည်းမတူသလိုမတန်သလိုလုပ်ပြီးတော့မဆက်ဆံမပစ်ပယ်လိုက်ပါလေနဲ့တကယ်တော့အဲ့ဒီအရာတွေအားလုံးဟာအပေါ်ယံတရားတွေပါရင်ထဲကတကယ့်မေတ္တာကိုဖုံးကွယ်ထားလို့မရ ပါဘူး ၊သူငယ်ချင်းဆိုတဲ့ခင်မင်မှုလေးကို ပစ္စည်းဥစ္စာအဆင့်အတန်းရုပ်ရည်ဥာဏ်ရည်စတဲ့အရာတွေကဆုံးဖြတ်မပေးနိုင်ပါဘူးကွယ်..။ဒါကြောင့်သူငယ်ချင်းကိုတန်ဖိုးထားပါမြတ်နိုးလေးစားပါလို့ပြောကြားရင်းဒီစားလေးကိုဒီမျှတင်ပဲရပ်နားပါရစေအုန်း ညီငယ်ညီမငယ်မျိုးဆက်သစ်လူငယ်တိုတတွေရေ….။

အရှင်ဣန္ဒာစက္က (ရတနာပျိုးခင်း)
မောင်အောင်မြင့်မြတ်(အရာတော်)

No comments:

Post a Comment