Sunday, October 27, 2013

ရတနာပျိုးခင်းပိုးကြခြင်း

စိတ်မကောင်းစရာတင်ရအုန်းမည် အသင်းလေးရဲ့ကံကြမ္မာသည်ဆုံးလုပြီထင်ပါ့တက်အားသရွေ့ကြိုးစားခဲ့
သမျှခုတော့သဲထဲရေသွန်ုဖစ်ရလေပြီထင်ပါ့..။
ဘယ်သူကိုမှအပစ်မဆိုသာပါဘူးလေအကြီးတွေနဲ့ပြိုင်ပြီးတော့လဲပြဿနာမဖြစိချင်ဘူး..။
သူတိုဘက်ကမကြိုက်လိုဖျတ်တော့လဲခံရရုံပေါ့  ကိုယ်ကအငယ်ဆိုတော့အငယ်လိုပဲနေရမှာပေါ့လေ
ဘုန်းကြီးပြောတာတွေကလူကြီးပြောသင့်တဲ့စကားတွေမဟုတ်တာသိသင့်ပါတယ်ဗျာ..။
ခုတော့မဖြစ်သင့်တာတွေဖြစ်ရပြီးပေါ့..။မင်းမကြိုက်ရင်ထွက်သွာရုံကလွဲပြီဘာတက်နိုင်လေမလဲပျိုးခင်းရှင်ရေ
ခုတော့ကလေးတွေပြောသလိုပျိုးခင်းလေးပိုးကျခဲ့ရလေပြီး...။
ပိုးသတ်ဆေးသည်မထိရောက်ခုတော့ပျတ်စီးခံထိရလေပြီ..။
ဒီစာကိုဖတ်မိသူမလိုသူဘက်သားတို့ကိုဦးဇင်းအပစ်ပြောနေတာမဟုတ်ကြောင်းသိစေချင်ပါတယ်..။
ဦးဇင်းစိတ်ထဲမှာဖြူစ်စင်ခဲ့တယ်ဆိုတာယုံချင်ရင်ယုံပေါ့မယုံချင်ရင်လဲဘာမှမပြောလိုပါဘူး
ဆွေနွေးစကားပြောလိုချင်ရင်တော့အချိန်မရွေးဆက်သွယ်နိုင်ပါတယ်..။
ဘုန်းကြီးကစာရင်ရှင်းချင်လို့အရှေ့ကျောင်းကိုလိုက်လာတော့ဦးဇင်ပြောသမျှမယုံကြတော့ဘာမှပြန်မပြောတော့
ဘဲသူတိုပြောသမျှခေါင်းငုံ့ကာနာထောင်ခဲ့ရပါတယ်..။
သူတိုမှန်တယ်ထင်ရင်တော့နေကြပေါ့..ကိုယ်ကအငယ်ဆိုတော့ပြန်ပြောပြန်တော့လည်းမကောင်းဖြစ်ရတယ်
အဆိုးဆုံးကတော့ဘေးနားကလူတွေမြှောက်ပင့်ပြောတာကိုယုံတာတွေပေါ့..။
ခုတော်သူစိမ်းတွေအဖြစ်ရောက်ခဲ့ရပြီးအစကတည်းကအသိပေးသင့်ရဲ့သားနဲ့ဘာမှမပြောဘဲဝုန်းဒိုင်းပြေားလာ
တော့ဘာပြင်ဆင်ချိန်မရလိုက်ဘူပေါ့
မကြိုက်းဘူးဆိုရင်လဲအစကတည်းပြောပေါ့  မင်းဟာကဒီဟာတွေမကောင်းဘူးပြင်လိုပြောရင်ပြင်လို့ရတာတွေချည်းပါ
ခုတော့အပြင်တောင်မခိုင်းခဲ့ဘူးဖျတ်ကိုဖျတတ်ခိုင်းနေတော့ဘာမှာကိုဆွေးနွေးလို့ကိုမ၇တော့တာ
အဲ့တော့ဖြစ်ပြီးပေါ့ရန်သူတွေလိုအစကတော့လူရင်းတွေပေါ့အကုန်းလုံးလုပ်ပေးနိုင်သလောက်လုပ်ပေးခဲ့
တာတွေတောင်မထောက်ထားလုပ်ရက်လိုက်ကြတာ
ငွေစကားပြောတာတွေကဆိုးသလို  ဘာမှမဆိုင်တဲ့မန်းလေးက  ကလေးတွေကိုပါဆွဲထည့်လေတော့
စိတ်ကောင်းတွေတောင်ကုန်းသလောက်ပါပဲ
ဘာပဲဖြစ်ဖြစ်ပျိုးခင်းရှင်းလေးကတော့အားလုံးကိုခွင့်လွတ်ပါတယ်
ခွင့်လွတ်သလိုရွာကိုလဲကလေးတွေကိုမငဲ့တော့ဘဲမပြန်ဘဲနေဖိုတကိုယ်တော်ဆုံးဖြတ်ထားတယ်
ကလေးတွေတပည်တွေအာလုံးအဲ့ဒီကိုမလာနိုင်တော့တဲ့အတွက်တောင်းပန်ပါတယ်နော်ကလေးတို့
ဦးဇင်းကိုခွင့်လွတ်ကြပါ..။ဦးဇင်းစိတ်ပြေနိုင်မဲ့မေ့လောက်နိုင်မဲ့အတိုင်းတာတခုထိနေပါ၇စေအုန်း
မေ့လိုတော့ရမှာမဟုတ်ပါဘူးဒါတွေကို  
24/10/2013ရက်နေ့ဟာဦးဇင်းဘ၀ပျတ်စီးခဲ့ရတဲ့နေ့ဆိုတာဘယ်တော့မှမေ့မှာမဟုတ်ပါဘူး..။
             
                                                                 ပျိုးခင်းရှင်(28/10/13)


ပျိုးခင်းရှင်သည်ဘယ်တော့မှမပျတ်စီးသလိုဘယ်တော့မှလည်းဖျတ်းဆီးလို့မရနိုင်ဘူးဆိုတာမင်းတိုအသိုင်အ
ဝိုင်းသိထားကြပါ။ဒီဘလောဂါကိုလဲမဖျတ်သလိုဒီဆိုက်ပေါ်မှာရေးနေအုန်းမှာပါစာတွေကိုရောဆုံးမစာတွေကို
ရောပေါ့..။မင်းတိုမကြိုက်ရင်လဲလိုသေနိုင်ပါတယ်..။
ဘ၀ဆိုတာတိုတိုလေးပါဘ၀ဆက်တိုင်းမင်းတိုတွေငါနဲ့မတွေဆုံနိုင်ပါစေနဲ့မင်းတိုစိတ်ဓါတ်လေးတွေသိ
ရတော့ငါ့အတွက်ကောင်းတာပေါ့ကွာနောက်ရှောင်လိုရတာပေါ့..။
ငါဟာမင်းတိုထင်ထားတာထက်ပိုပြီးတော့စိတ်ဓါတ်ခိုင်မာတယ်ဆိုတာမင်းတိုသိထားပါ..။

Wednesday, October 16, 2013

အရာအားလုံးအဆင်ပြေပါစေ

            စိတ်စွမ်းအားရှိနေသရွေ့ကြိုးစားမှုတွေရှိနေအုန်းမှာပါ...။
လူတစ်ယောက်အတွက်ခံစားနိုင်စွမ်းအမြင့်မားအထိခံစားခဲ့ပြီးပြီးဒါပေမယ့်မပြည့်စုံခဲ့ပါဘူး...။
တခုကိုလိုချင်ရင်တော့တခုကိုတော့စွန့်လွတ်ရစမြဲပါပဲ...။အရာအားလုံးပြည့်စုံနေဖို့ကတော့မမျှော်လင့်တာပဲအ
ကောင်းဆုံးဖြစ်မယ်ထင်ပါတယ် စိတ်ပင်ပန်းတိုင်းတိုင်ပင်ဖော်မဲ့နေတက်ပေမယ့် စိတ်ဓါတ်တော့မကျအောင်
မနည်းကြိုးစားပြီးနေနေရတယ်..။
            တန်ဖိုးထားသလောက်အရာမထင်တာတွေအတွက်လဲစိတ်ကိုမနည်းသည့်ခံခဲ့တယ်..။လုပ်တိုင်းမဖြစ်လဲ
စိတ်မညစ်ရဲပါဘူး..။အကောင်းဆုံးတွေကိုပေးချင်တဲ့အတွက်လဲအကောင်းဆုံးကိုမျှော်လင့်ဆဲပါ..။
ကောင်းမွန်သောစိတ်ဓါတ်၊လုပ်တွေသည်အထောက်အကူဖြစ်ပါစေလို့မျှော်လင့်ရင်..
                                                 အားလုံးပျှော်ရွှင်ချမ်းမြေ့နိုင်ကြပါစေသာ...


                                                                                     ပျိုးခင်းရှင်(16/10/13)

မျိုးဆက်သစ်အတွက်

သိက္ခာတရားတွေဘာတွေနဲ့လူတွေကြားမှာနေရတာပင်ပန်းလွန်းလှပါတယ်..။ဘ၀ဆိုတာအချိန်ခဏလေးပါပဲ
ရယူစရာကုသိုလ်ကောင်းမှုတွေကိုသယ်နိုင်သလောက်ယူနေပေမယ့်..ဘယ်တက်နိုင်မှာလဲပုထုဇဉ်တို့မနော
ပြောရတာခတ်သကိုး..။အလုပ်ကြီးအကိုင်ကြီးလုပ်နေပြန်တော့လဲစိတ်ကမလိုက်နိုင်ဘူးဖြစ်နေတယ်..။
ဘယ်သူတွေဘာတွေကိုဘဲပြောချင်ရာပြောနေပါစေလစ်လျှူရှုနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလဲ..။
အော်ဘယ်တက်မလဲ စခဲ့တဲ့အရာကိုအဆုံးထိရောက်အောင်တော့လိုက်ရပေးလိမ့်အုန်းမည်ပေါ့..။
စေတနာသည်သာစေစာရာမိုအရာရာကိုမေတ္တာအရင်းခံလိုသည်းခံခွင့်လွတ်ခြင်းတွေဖြင့်အောင်မြင်နိုင်ဖိုကြိုး
စားနိုင်ဖို့ပဲလိုပါတယ်လေ...။သူများတွေရဲ့အားပေးစကားတွေမကြာရရင်နေပါစေလူငယ်လေးတွေ၇ဲ့အကျိုး
ဖြစ်စေခဲ့တယ်ဆိုရင်လုပ်ပေးရကျိုးနပ်မယ်ရယ်လိုစိတ်ဝယ်မှတ်သားခံယူထားပါတယ်...။
မျိုးဆက်တစ်ဆက်ရဲ့အကျိုးကိုကြည့်ပြီးတော့ဘယ်လိုသောအခတ်အခဲကိုမှမငြီးငြူဘဲခန္တီမေတ္တာလက်ကိုင်
ကားဘဲအရာအားလုံးကိုအကောင်းမြင်နိုင်အောင်ကြိုးစားရင်ဘ၀အတွက်ရုန်းကန်ရင်ဆိုင်နေပါမည်...။

                                                                       ပျိုးခင်းရှင်(16/10/13)

Sunday, October 13, 2013

စာဖတ်ခြင်း


စာဖတ်တာကို နှစ်မျိုးခွဲတယ် တစ်မျိုးက ရှင်သန်ဖို့အတွက် နောက်တစ်မျိုးက စိတ်နှလုံးအတွက် ရှင်သန်ဖို့အတွက်စာဖတ်တာက ဟို သူငယ်တန်းကနေ တက္ကသိုလ်အထိ စာဖတ်တယ်။ ဒါဟာ အလုပ်ရှာဖို့အတွက်ဖြစ်တယ်။ ဒါကို တကယ့်စာဖတ်တယ်လို့ မခေါ်သေးဘူး။ စိတ်နှလုံးအတွက် စာဖတ်တာက စိတ်ထားတတ်ဖို့၊ စိတ်ကိုနှစ်သိမ့်ဖို့၊ စိတ်ချမ်းသာဖို့ဖြစ်တယ်။ ဒါကမှ တကယ်စာဖတ်တယ်လို့ခေါ်တယ်။ .

Wednesday, October 9, 2013

မှန်


***မှန်***

အခါတစ်ပါး မြတ်စွာဘုရားသည် သားတော် ရှင်ရာဟုလာကို မေးခွန်းတစ်ခု မေးသည် ။ ချစ်သား ကြေးမုံဆိုတဲ့ မှန်ဟာ ဘာအကျိုး ရှိပါသနည်း ။
ရှင်ရာဟုလာက မှန်ဟာ လူကို ကြည့်ရှုဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိပါသည် မြတ်စွာဘုရားဟု ပြန်ဖြေတယ် ။
.... မှန်ကြည့်သည်မှာ မိမိဝတ်ပုံ ဆင်ပုံ ဖီးလိမ်းထုံးဖွဲ့ ပုံ အချိုးကျမကျ ကောင်းမကောင်း မိမိမျက်နှာနှင့် ကိုယ်ပေါ်မှာ အစွန်းအပြစ်များ ရှိမရှိ စသည်ကို သိရအောင်ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိသည်ဟု လျှောက်ခြင်းဖြစ်သည် ။
.... ထို့နောက် မြတ်စွာဘုရားက ချစ်သားရာဟုလာ ထိုမှန်ကြည့်သကဲ့သို့ပင် ဆင်ခြင်၍ ကာယကံမှု ပြုရမည်။ ဆင်ခြင်၍ ဝစီကံမှု ပြုရမည်။ ဆင်ခြင်၍ မနောကံမှု ပြုရမည်ဟု ဆုံးမတော်မူ၏ ။
.... မိမိ ကိုယ် နှုတ် စိတ်ထားများကို ပညာမှန်တွင်တင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင် ပြုပြင်ပေးရမည်ဖြစ်ပေသည် ။ ။
 "သတ္တ၀ါတွေကျန်းမာပါစေ မေတ္တာရေလောင်းဆုတောင်းမေတ္တာဝေ"
လူတိုင်းလူတိုင်းမှာသူ့အပူနဲ့သူရှိနေတက်ကြပါတယ်...။ဘယ်သူမှဘယ်အရာမှအားလုံးအဆင်ပြေနေတယ်ဆို(လုံးဝ)မရှိပါဘူး..။ဒါကိုအန်တုပြီးတော့အတ္တတွေဗလပွနဲ့တပါးသူပေါ်အနိုင်းလိုချင်ရင်တော့ ...........ဆော်ရီးပါ.......။
                                                           ပျိုးခင်းရှင်(9/1013)

ဝိပဿနာ


ဝိပဿနာ သည် သမထ*ကဲ့သို့

ဆိတ်ငြိမ်ရာ ရမှသာ ရှု,မှတ် ပြီးစီးနိုင်သည်

မဟုတ် ၊၊ ပါရမီ ဉာဏ် ရှိခဲ့ပါမူ တရားနာရင်း

နှင့်ပင် ပေါက်ရောက်၍ သွားတတ်၏ ။

အိမ်မှု ကိစ္စ ပြုလုပ်ရင်းလည်း ပေါက်

ရောက်နိုင်၏ ။ ပညာဉာဏ် သာလျှင်

သိ ,ရ ဖို့ လိုရင်းဖြစ်၏ ။ .....

အကြောင်းမူကား ဉာဏ်ရှိသူတို့မှာ

ကိုယ်တွင်း ,ကိုယ်ပြင် ,အိမ်တွင်း

အိမ်ပြင် ,ရွာတွင်း ,ရွာပြင် တွေ.သမျှသည်

အနိစ္စ ,ဒုက္ခ ,အနတ္ထ လက္ခဏာ ပွားစီးဖို့

သာတည်း ။ ~~~

[ လယ်တီဆရာတော်.ဝိပဿနာဒီပနီ ]

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

သာလွန်ဇောင်းထက်| October 7, 2013 |

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ်ကြီး၍ ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း ထုတ်ပြန်လိုက်ပြီး အထူးသဖြင့် အခြေခံဥပဒေအသစ် ရေးဆွဲမှုသည် ငြိမ်းချမ်းရေးကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီက အောက်တိုဘာလ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း(သို့မဟုတ်) ပြန်လည်ရေးဆွဲခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးထားပြီး ယင်းကြေညာချက်သည် တိုင်းပြည်အတွက် အကောင်းဆုံး သော အကြံပြုချက်တခု ဟုဆိုနိုင်ကြောင်း၊ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲလျှင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အရှိန်ရနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ဦးအောင်သောင်းက ဧရာဝတီသို့ ပြောဆိုသည်။

“အသစ်ပြန်ရေးရင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီကို အဟန့်အတား ဖြစ်စေမှာ ပေါ့။ အသစ်ပြန်ဆွဲတယ် ဆိုတာကတော့ သူတို့ ဆန္ဒတွေ အများကြီး ထည့်ချင်လို့၊ သူတို့လိုချင်တာတွေ ပါချင်လို့ ဖြစ်နိုင် သလို ပိုကောင်းအောင် စေတနာနဲ့ရည်ရွယ်ချက်လည်း ရှိကောင်းရှိကောင်းမှာပေါ့။ သို့သော်လည်း အများက လက်မခံတဲ့ အခါ ကျတော့ ငါပြောတာ၊ ငါလုပ်တာ အများက လက်မခံနိုင်ရ ကောင်းလားဆိုတဲ့ အခြေအနေတွေ အများကြီး ပေါ်ပေါက် လာနိုင်တယ်။ အဲဒီအသစ် ဆွဲတာကြီးကလည်း တတိုင်းတပြည်လုံးကို ချပြဖို့ အင်မတန်မှ ရှည်လျား ထွေပြားခက်ခဲတယ်။ ပြည်သူ လူထုအားလုံးမှာ ကို့ရို့ကိုးယား ဖြစ်ကုန်မယ်။ ဒုက္ခရောက်သွားနိုင်တယ်။ ညှိုညှိုနှိုင်းနှိုင်းနဲ့ ဘောင်ထဲက ပြင်တာ အကောင်းဆုံးပါပဲ။ နောင်ကျရင်လည်း ပြင်လို့ရပါတယ်။ ဒီတခါ ညှိုလို့မရပေမယ့် ဒီမိုကရေစီ ရင့်သန်လာတာနဲ့အမျှ ပြန်ပြီး တော့ ပြင်လို့ရပါတယ်။ ညီညွတ်သွားပြီ ၊ ဒီမိုကရေစီ အရေထူသွားပြီဆိုရင် အားလုံးက ညှိုနှိုင်းပြီးတော့ အင်မတန် ကောင်းအောင်လုပ်လို့ရတယ်´´ ဟု ဦးအောင်သောင်းက ဆိုသည်။

အခြေခံ ဥပဒေ အသစ်ရေးဆွဲမှုသည် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပေါ်နိုင်သော်လည်း တပ်မတော်အနေဖြင့် သင်ခန်းစာ များ ရှိထားပြီးဖြစ်သည့်အတွက် အာဏာမသိမ်းဘဲ ညှိုနှိုင်းဖျောင်းဖျမှုကိုသာ အလေးထားမည်ဟု ယုံကြည်ကြောင်း၊ လက်လွတ်စပယ် အာဏာသိမ်းမှုများ မရှိနိုင်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“တပ်က သေချာပေါက် အာဏာသိမ်းမယ်လို့ မပြောနိုင်ပါဘူး။ တပ်ကလည်း သင်ခန်းစာတွေရထားပြီးသားဆိုတော့ အာဏာ သိမ်းတာကို ဆင်ဆင်ခြင်ခြင် လုပ်မှာပဲလေ။ အကြောင်းတခု ပေါ်ပေါက်လာရင်တောင် တော်တော်ကို ဆင်ဆင် ခြင်ခြင်လုပ်မှာပါ။ ညှိုနှိုင်းမှု၊ တိုက်တွန်းမှု တွေပဲ တပ်က ပြောမှာပါ။ လက်လွတ်စပယ်တော့ အာဏာသိမ်းမှာ မဟုတ်ဘူး´´ ဟု ဦးအောင်သောင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရသည် ဖက်ဒရယ်မူကြောင့် တိုင်းပြည်ပြိုကွဲတော့ မည်ဟုဆိုကာ အာဏာသိမ်းခဲ့ကြောင်း၊ လတ်တလော ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်သည်လည်း အာဏာသိမ်းမှုအတွက် အကြောင်းပြချက် တရပ် ဖြစ်လာ မည်ကို စိုးရိမ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရုံမျှဖြင့် တိုင်းပြည်မထိခိုက်နိုင်သော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် လက်ခံရေး လူထုအင်အားဖြင့် လှုပ်ရှားမှု ပြုလုပ်လာ လျှင် တိုင်းပြည်အန္တရာယ်ရှိကြောင်း သုံးသပ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေအောက်မှာ ကျနော်တို့တွေက အသစ်ရေးသင့်တယ်၊ အသစ် ရေးတာ ကောင်း၊ မကောင်း ဆန္ဒခံယူတာတွေ လုပ်နိုင်တယ်။ အဲဒီအထိ ပြဿနာမရှိသေးဘူး။ တကယ်လို့ ပြည်သူ လူထု ကို ဆူဆူပူပူဖြစ်အောင် ဆန္ဒပြပွဲတွေဖြစ်အောင် လုပ်လာရင်တော့ အဲဒါက ပြဿနာရှိလာပြီ။ အန္တရာယ်ကြီးလာပြီ။ အဲဒါ ဆိုရင် တော့ ဆန္ဒပြတာတွေကို နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေရှိလာပြီ။ အဲဒါနဲ့မှ မရရင်တော့ တပ်မတော်က သူ့မှာ လည်း အခြေအနေ မကောင်းဘူးဆိုရင် အာဏာသိမ်းတာတွေ ပြန်ဖြစ်လာနိုင်တာပေါ့။ ဒီဟာကို ပုံကြီးချဲ့ပြီး ဥပဒေ အသစ် ရေးတယ်ဆိုပြီးတော့ အာဏာသိမ်းတာတို့တော့ မလုပ်သင့်ဘူး´´ ဟု ဦးရဲထွန်းက ဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)အဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများ၏ အခွင့်အရေးကို လုံးဝ အာမ မခံနိုင်သော ဥပဒေ ဖြစ်သဖြင့် အသစ်ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသစ်ရေးဆွဲ၍ နောက်ကြောင်းပြန်လှည့်မည်ဆိုလျှင်လည်း ရွေးချယ် စရာ မရှိဟု ပြောဆိုသည်။

“ ဒီအခြေခံဥပဒေက အလုပ်မဖြစ်ဘူး။ တိုင်းရင်းသား အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ မရနိုင်ဘူး။ ဒီအခြေခံ ဥပဒေ နဲ့ ဖက်ဒရယ် ဖြစ်မလာဘူး။ အဲဒါကြောင့် အသစ်ပြန်ရေးခိုင်းတာ။ အသစ်ပြန်ရေးလို့ နောက်ကြောင်း ပြန်မယ် ဆိုရင် လည်း ပြန်ပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့က ပြောတာပဲ ရှိသေးတာပဲ။ သူတို့လုပ်ချင်ရာ လုပ်မှာပဲ။ အခြေခံ ဥပဒေ ထဲမှာ အာဏာသိမ်း လို့ရတယ်လို့ ပြဋ္ဌာန်းထားတာပဲ။ ဒါက နိုင်ငံရေးပဲ ။ ကိုယ့်မူနဲ့ ကိုယ်လျှောက်ပဲ။ မှားတယ်၊ မှန်တယ် ဆိုတာက လူထုက ဆုံးဖြတ်မှာပဲ´´ ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အခြေခံဥပဒေ အသစ်ရေးဆွဲမည်(သို့မဟုတ်) ပြင်ဆင်မည်ဆိုသော သဘောထား ကြေညာချက် ထုတ်ပြန်နိုင်ရေး လူထုဆန္ဒ သဘောထားကောက်ခံလျက်ရှိပြီး အခြေခံဥပဒေ အသစ်ရေးဆွဲသည်ဖြစ်စေ၊ ပြင်ဆင်သည်ဖြစ်စေ အဓိကမှာ တိုင်းရင်းသား အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သော ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်နိုင်ရေးပင် ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကဆိုသည်။

“ကျနော်တို့ဘက်က လူထုစစ်တမ်းကောက်နေတုန်းပါပဲ။ ဒီမိုကရေစီဆိုတာက ညှိုကြ၊ နှိုင်းကြရတာပဲ။ အသစ်ရေးမလား၊ ပြင်မလား ။ ဘယ်ဟာက လက်တွေ့လုပ်ဖို့ လွယ်မလဲ ဆိုတာ ပြန်စဉ်းစားရမှာပေါ့။ အသစ်ပဲရေး ပြန်ပဲ ပြင်ပြင် တိုင်းရင်း သား အခွင့်အရေး တွေ၊ တိုင်းရင်းသားတွေအတွက် လိုလားချက်တွေ၊ ငြိမ်းချမ်းရေးမယ့် အချက်တွေကို ပြန်စဉ်းစား နိုင်မယ်ဆိုရင်၊ ဖြည့်ပေးနိုင်မယ် ဆိုရင် အဆင်ပြေသွားမှာပါ။ တိုင်းရင်းသားအခွင့်အရေးတွေ မရရင် ငြိမ်းချမ်းရေး မရနိုင်ဘူး။ အသစ် ရေးပြီး တိုင်းရင်းသားအခွင့်အရေး မရရင်လည်း ဘာမှ မဖြစ်လာဘူး။ ပြင်ပြီးတော့လည်း တိုင်းရင်းသား အခွင့်အရေး တွေ မရရင် အလကားပဲ´´ ဟု ဒေါက်တာဇော်မြင့်မောင်က သုံးသပ်သည်။

ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံဥပဒေ လေ့လာသုံးသပ်ရေး အတွက် အကြံပြုချက်များကို နိုဝင်ဘာလ ၁၅ ရက်မတိုင်မီ လွှတ်တော်သို့ ပေးပို့ကြရန် တရားဝင် ဖိတ်ခေါ် ထားပြီး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးအစီရင်ခံစာကို ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းနှင့် သမ၀န်ကြီးဦးကျော်ဆန်းကို ၂၀၁၂ ကြံ့ခိုင်ရေး ပြည်လုံးကျွတ် ညီလာခံတွင်တွေ့ရစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

အေးချမ်းမွန် Credit To >ဧရာဝတီ

ရဟန်းကိုဘာကြောင့်ရှိခိုးထိုက်ပါသလဲ

"... ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။

ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂)ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄)တူသောနေထိုင်ခြင်းရှိကြခြင်း

(၅)တူသောဣနြေ္ဒ ရှိကြခြင်း

(၆)တူသောဆင်းရဲခြင်းရှိခြင်း၊

(၇)တူသောသည်းခံခြင်းရှိခြင်း

(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်

(၁၁)မကောင်းမှုမှရှက်ခြင်း

(၁၂)မကောင်းမှုမှ လန့်ခြင်း

(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း

(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆)ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈ ) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း

(၁၉)ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။

မှတ်သားထိုက်မှတ်သားသင့်ပါတယ်..။အားလုံးအတွက်တင်ပေးလိုက်ပါတယ်...။

ပျိုးခင်းရှင်(23/9/13)