Wednesday, January 8, 2014

ချစ်ခြင်း

ရာဂေါ မေတ္တောဝယ ဝဉ္ဇေတိ ။
ရာဂဟာ မေတ္တာယောင်ဆောင်ပြီတော့လှည့်ပါတ်တက်ပါသတဲ့။
ကိုယ်ထင် နေမြင်နေမိတာကမေတ္တာပဲလို့ပေါ့ ဒါပေမယ့်တခါတလေကျတော့အဲ့ဒါဟာမေတ္တာမဟုတ်ဘဲတဏှာရာဂဖြစ်နေတက်ပါသတဲ့။
မေတ္တာနဲ့ရာဂဟာချစ်တာခြင်းတော့တူကြပါတယ်ဒါပေမယ့်ဖြူစင် မှုရှိခြင်းမရှိခြင်းကတော့မိုးနဲ့မြေကြီး
ပမာအ နေ တော့မနီးတက်ကြပါဘူး။
၁၅၀၀ကိလေသာနဲ့၅၂၈မေတ္တာစစ်ဟာမြင်နေရတာခြင်းတူနေရင်တောင် ခံယူတဲ့အမြင် ခြင်းမတူပါဘူး။ဒီလိုပါပဲဂေဟဿိတ ပေမလို့ခေါ်တဲ့အိမ်သူအိမ်သားအချစ်ဟာလည်း၅၂၈လိုမဖြူစင်ပြန်ပါဘူး။
မောင်နှမမိဘသူငယ်ချင်းအစရှိတဲ့သူတွေရဲ့မေတ္တာ၅၂၈မဟုတ်ပါ။ဂေဟဿိတပေမလို့ခေါ်တဲ့၉၇၂ချစ်ခြင်းပါပဲ။
သူမှာတဏှာရာဂမပါတဲ့သမုဒယတို့သောကဗျာပါဒတို့ရှိနေကျန်ပါသေးတယ်။
ဒါကြောင့်လည်းကိုယ့်သားသမီအကိုမောာင်နှမသူငယ်ချင်းတွေဟာစိုးရိမ်ကြောင့်ကြသောကဗျာပါဒတွေဖြစ်တက်ကြတာပါ။၅၂၈မေတ္တာမှာတော့အဲ့လိုဖြစ်တာတွေမရှိတော့ပါဘူး။

No comments:

Post a Comment