Saturday, February 8, 2014

သာသနာ့အလံဖြစ်ပေါ်လာပုံ

သာသနာ့အလံတော်ဖြစ်ပေါ်လာပုံ
...........................................

ထေရ၀ါဒဗုဒ္ဒဘာသာ ထွန်းကားသော သီရိလင်္ကာနိုင်ငံတွင်(သီဟိုဠ်) နိုင်ငံကို
ဗြိတိသျှအင်္ဂလိပ်အစိုးရအုပ်စိုးစဉ် သီရိလင်္ကာဗုဒ္ဒဘာသာဝင်များက ကဆုန်လ
ပြည့် (ဗုဒ္ဒနေ့) ကိုအများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးပါရန် ဘုရင်
ခံထံ တင်ပြသော်လည်းခွင်ပြုချက်မရရှိခဲ့ပေ။

ထိုကြောင့် ဗြိတိသျှအစိုးရထံ ထပ်ဆင့်အရေးဆိုတင်ပြရာမှ အစိုးရက ၁၈၈၅
ခုနှစ်၊ မေလ ၂၈ရက် (ကဆုန်လပြည်နေ့) မှစတင်ရွှေ့နှစ်စဉ် ကဆုန်လပြည့်
(ဗုဒ္ဒနေ့) ကိုပြန်တမ်းဝင်ရုံးပိတ်ရက်အဖြစ်ကြေညာပေးခဲ့ရသည် ။

ုပထမဆုံးကျင်းပသော ဗုဒ္ဒနေ့အခမ်းအနားတွင် လွှင့်ထူရန် သာသနာ့အလံ
တော်တစ်ခုတီထွင်ဖန်တီးနိုင်ရေးအတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်
ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အလံတော်ဒီဇိုင်းကိုရေးဆွဲခဲ့ကြသည်။

ပထမအကြိမ် ဗုဒ္ဒနေ့အခမ်းအနားတွင် အသုံးပြုခဲ့သော သာသနာ့အလံ
တော်ကို နေရာတိုင်းတွင် သုံးစွဲရွှေ့အဆင်ပြေစေရန် ဗုဒ္ဒဘာသာအရေးကိစ္စ
များကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အမေရိကန်လူမျိုး ဗုဒ္ဒဘာသာဝင်တစ်ဦး
ဖြစ်သော အငြိမ်းစားဗိုလ်မှုးကြီး ဟင်နရီစတီးလ်အော်လကော့ H.S OLcott ၏ အကြံပေးပြင်ဆင်ချက်ဖြင့် ယခုသတ်မှတ်ထားသော သာသနာ့အလံ
တော်ဖြစ်ပေါ်လာခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ကျင်းပသော ဗုဒ္ဒနေ့တွင် လွင်ထူခဲ့
ကြသည်။

၁၉၅၀ ပြည်နှစ်၊ မေလ(၂၅) ရက်တွင် ကျင်းပသော ကမ္ဘာဗုဒ္ဒဘာသာညီလာခံ
ကြီးမှ သာသနာ့အလံတော်ကို ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဒဘာသာဝင်များ၏ သာသ
နာ့အလံတော်အဖြစ် တစ်ညီတစ်ညွတ်တည်းသတ်မှတ်အတည်ပြုခဲ့ကြသည်

မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ် (မြန်မာနှစ် -၁၃၁၈) ဆဋ္ဌသင်္ဂါယနာပွဲတော်မှ စတင်ရွှေုသာသနာ့အလံတော်ကို လွှင့်ထူအသုံးပြုခဲံ့ပါသည်။

ယခုအခါ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကလည်း ဗုဒ္ဒနေ့အခမ်းအနားကို တရား
ဝင်သတ်မှတ်ကျင်းပပေးလျှက် ရှိပါသည်။

No comments:

Post a Comment