******************************
ပရိတ်ရွတ်သူ ၊ ပရိတ်တရားနာယူသူများ သိထားသည့်သင့် အချက်များဖြစ်ပါတယ်။ လေ့လာကြည့်ပါ။
ပရိတ်ရွတ်သော ပုဂ္ဂိုလ်၏အင်္ဂ`ါ- ၄ပါး
၁။ပရိတ်ပါဠိတော်၏ ပုဒ်ပါဌ်အက္ခရာတို့ကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း။
၂။ ပရိတ်ပါဠိတော်၏ အနက်အဓိပ္ဗါယ်ကို တိကျမှန်ကန်စွာသိခြင်း။
၃။ လာဘ်ပူဇော်သက္ကာရကို ငဲ့ကွက်သော စိတ်မရှိခြင်း။
၎။ သံသရာမှ လွတ်မြောက်ကြောင်းအဖို့၌တည်၍ မေတ္တာတရားရှေ့သွားပြု၍ ပရိတ်ပါဠိတော်ကို ရွတ်ဆိုခြင်း။
ဆောင်ပုဒ်
အက္ခရာပုဒ်ပါဌ်၊မှန်ကန်လတ်၊ ရွတ်အပ် တစ်အင်္ဂ`ါ။
အနက်အဓိပ္ဗါယ်၊ တိကျကွယ်၊ သိတယ် တစ်အင်္ဂ`ါ။
လာဘ်ပူဇော်တွက်၊ မငဲ့ကွက်၊ စိတ်စက် တစ်အင်္ဂ`ါ။
မေတ္တာတရား၊ ရှေ့ပြုထား၊ မှတ်သား တစ်အင်္ဂ`ါ။
လာဘ်ပူဇော်ကွက်၊ မငဲ့ကွက်၊ စိတ်စက် တစ်အင်္ဂ`ါ။
မေတ္တာရှေ့ထား၊ ရှေ့ပြုထား၊ မှတ်သားတစ်အင်္ဂ`ါ။
အင်္ဂ`ါလေးပါး၊ ပြည့်စုံငြား၊ ရွတ်ပွား ကျိုးကြီးပါ။
(ဒီဃာနိကာယ် ပါထိကဝဂ္ဂအဋ္ဌကထာ အာဋာနာဋိယသုတ်အဖွင့်)
ပရိတ်နာယူသော ပုဂ္ဂိုလ်၏ အင်္ဂ`ါ၎ပါး
====================
၁။ (အမိကိုသတ်ခြင်းစသည်) ပဉ္စာနန္တိယကံ ဟူသော ကမ္မန္တရာယ်မရှိခြင်း။
၂။ (ကံ-ကံ၏အကျိုးကို မယုံကြည်ခြင်း) နိယတမိစ္ဆာဒိဋ္ဌိဟူသော
ကိလေသန္တရာယ်မရှိခြင်း။
၃။ ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို သက်ဝင်ယုံကြည်သော
သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။
၎။ ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာ နာယူခြင်း။
ဆောင်ပုဒ်။ ။ အနန္တရိယံ၊ ကံငါးတန်၊ လွန်ရန်တစ်အင်္ဂ`ါ။
နိယတဒိဋ္ဌိ၊ ယူမှားသိ၊ မရှိ တစ်အင်္ဂ`ါ။
ပရိတ်တော်ဂုဏ်၊ သဒ္ဓါပုံ၊ ကြည်ယုံ တစ်အင်္ဂ`ါ။
လေးစားရိုသေ၊ နာယူပေ၊ မှတ်လေ၊ တစ်အင်္ဂ`ါ။
အင်္ဂ`ါလေးပါး၊ ပြည့်စုံငြား၊ နာကြား ဘေးရန်ကွာ။
ရွတ်သူ နာသူ၊ ပေးအယူ၊ ညီမှု ကျိုးများပါ။
အားလုံးသော သူတော်စင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါေ
No comments:
Post a Comment