အားကစား မလုပ်မှီ အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်သင့်မသင့်
များသောအားဖြင့် သိထားတာက အားကစား မပြုလုပ်မှီ အကြောလျော့ ခြင်းဟာ
ပြုလုပ်သင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အမှန်တော့ အဲ့ဒီလို
မဟုတ်တော့ပြန်ပါဘူး။
အကြောလျော့တဲ့ လေ့ကျင့်ခန်းဟာ ကြွက်သားများကို
ပျော့ပြောင်းစေတာ မှန်ပေမယ့် အနားယူစေတဲ့ သဘောသက်ရောက်ပြီး ကြွက်သား
လုပ်ဆောင် ချက်များကို နှေးကွေး သွားစေပါတယ်။ ဒါကြောင့် အကြောလျော့ပြီး အား
ကစားပြလုပ်သူဟာ ကြွက်သားကို ပိုမိုဒဏ်ဖြစ်စေတယ် ဆိုတဲ့ အချက်ကို
သိမြင်လာစေပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ ကြွက်တတ်တတ်သူများ အနေနဲ့ အကြော
မညှပ် စေရန် အလို့ငှာ အကြောအရင်ပျော့ပြောင်းအောင် လုပ်တာ မှန်ပါ တယ်။ အခြား
အားကစားမှာလည်း ဒီလိုပါပဲ။ သို့ပေမယ့် အချိန် အကြာကြီး ပြုလုပ်တာမျိုး၊
အကြောလျော့ခြင်းကို အားစိုက်ပြုလုပ်တာမျိုး ကို Recommend မပေးတာ
ဖြစ်ပါတယ်။
သို့ပေမယ့် အရမ်း ညောင်းညာ
ကိုက်ခဲနေချိန်ဆိုရင်တော့ချက်ချင်း အားကစား မပြုလုပ်သေးပဲ အရင်ဆုံး
ပျော့ပြောင်းအောင် အကြောလျော့ရ ပါ သေးတယ်။ အကယ်၍ မကိုက်ခဲရင်တော့
အကြောလျော့ လေ့ကျင့်ခန်း ကို ရှောင်ကြဉ်သင့်ပါတယ်။
ဒါကြောင့်
အားကစား မပြုလုပ်မှီအကြောလျော့တာ ပြုလုပ်ပေမယ့် အားဖြင့် အချိန်ယူ
ပြုလုပ်တဲ့ အလေ့အထကို ရှောင်ကြဉ်ရန်လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း
သိရ ပါတယ်။
--
Ref: medic-fact
မင်္ဂလာ
စိုးသစ်မန်း
No comments:
Post a Comment