Saturday, February 8, 2014

ဆားတစ်ဆုပ်

ဆားတစ်ဆုပ် ။
----------------
ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့
စိတ်ဓါတ်ကျပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ကို ပညာရှိကြီးက ရေဖန်ခွက်ထဲ ဆားတစ်ဆုပ်ထည့်မွှေပြီး သောက်ခိုင်းတယ်။
"ဘယ်လိုအရသာမျိုး လဲ"
“ခါးတူးနေအောင် ငံပါတယ်”
ပညာရှိကြီးက သူ့ကိုနောက်ဆားတစ်ဆုပ်ယူခိုင်းပြီး မြို့ပြင်ဘက်ကို ခေါ်လာတယ်။

မြို့အပြင်က ကြည်လင်တဲ့ ရေကန်ကြီးတစ်ကန်နား ရောက်တော့.. ခုနကယူလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ထည်ပြီး ထပ် သောက်ခိုင်းတယ်။
လူငယ်ကကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ပြီး သောက်တယ်။

“အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ”
“ လတ်ဆတ်ပြီး ချိုမြတယ်။”
“စောစောတုန်းကလို ငံသေးလား”
“ မငံတော့ပါဘူး.”
“ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဆားနဲ့တူတယ်..
ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ ဆိုင်တယ်.. .
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းခံစားရမယ်။
ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊
စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူး။”

" ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ၊
ကိုယ့်ကိုယ်ကို ဖန်ခွက်သေးသေးတစ်လုံး မဖြစ်စေနဲ့။
ရေကန်ကြီးတစ်ကန်လို ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”

creditးFire Fly>> “Stop being a glass. Become a lake.”
မူရင်း ရေးသူမသိပါ။

No comments:

Post a Comment