Monday, February 17, 2014

ဆိုးနေတဲ့ကံပြုပြင်နည်း

~ ဆိုးနေတဲ့ကံကို ပြုပြင်နည်း ~
----------------------------------
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့...

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန
-------------
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ
------------------
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်
---------------
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ
-------------------
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ
------------------
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ
----------------------
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်
---------------
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း
-----------------
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်
------------------------
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
-------------------------------------------------
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။
-----------------------------
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
-------------------------------------
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

လက်ဦးဆရာ

                                                လက်ဦးဆရာ....                                                                                              =========

အုပ်ထိန်းသူမိဘတစ်ဦးနဲ့ ကျွန်မခင်မင်ရင်းနှီးပါတယ်။ သူ့သမီးက သတ္တမတန်းတက်နေပြီး စာတော်ရုပ်ချောသူဖြစ်ပါတယ်။ သမီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားမှာ၊ ကျောင်းစာထိခိုက်မှာကို သူစိုးရိမ်ခဲ့တယ်။ ဒါကြောင့် သမီးအလယ်တန်းတက်တာနဲ့ သူတင်းတင်းကြပ်ကြပ် စောင့်မတ်ခဲ့ပါတယ်။ အိမ်ကို ကောင်လေးတစ်ယောက်ယောက် ဖုန်းဆက်လာရင် သူစစ်ဆေးမေးမြန်းပါတယ်။ ကျောင်းဆင်းလို့ သမီးအိမ်ပြန်နည်းနည်းနောက်ကျရင် စစ်ပါတယ်။ ဒါတင်မက သမီးပြောတာဟုတ်မဟုတ် ဆရာမဆီဖုန်းဆက်ပြီး အဖြစ်မှန်ကိုမေးမြန်းပါတယ်။ ဒါကြောင့် ...သူ့သမီးနဲ့သူ့ရဲ့ဆက်ရေးက နွေးထွေးမနေဘဲ အမြဲတင်းမာအေးစက်ခဲ့ပါတယ်။

အဲဒီအုပ်ထိန်းသူက သမီးရဲ့အသွားအလာကို ခြေရာခံနိုင်ဖို့၊ သမီးရဲ့လုံခြုံစိတ်ချရေးအတွက် သမီးကို ဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ နောက်တော့ သမီးရဲ့ဖုန်းကိုတိတ်တဆိတ်စစ်ဆေးကြည့်ခဲ့တယ်။ ကောင်လေးတချို့နဲ့ သမီးခင်ခင်မင်မင် ရင်းရင်းနှီးနီးဆက်သွယ်ထားတာကိုတွေ့တော့ မိခင်ဖြစ်သူဟာ စိတ်တိုဒေါသထွက်ပြီး ဖုန်းကိုပြန်သိမ်းခဲ့တယ်။ ဖုန်းအသိမ်းခံရလည်း သမီးမှာနည်းရှိတယ်။ နောက်တစ်နေ့မှာ အတန်းဖော်သူငယ်ချင်းရဲ့ဖုန်းကို ငှားပြန်လာခဲ့တယ်။ ငှားလာတဲ့ဖုန်း အသိမ်းပြန်ခံရတော့ သမီးဟာ ကျောင်းဆင်းချိန်မှာ တခြားသူရဲ့ဖုန်းကိုငှားပြီး ဖုန်းအသိမ်းခံရတဲ့အတွက် သူစိတ်တိုကြောင်း၊ ည အိမ်ပြန်မလာတော့ကြောင်း သူ့မိခင်ဆီမက်ဆေ့ပို့ခဲ့တယ်။ အဲဒီနောက် ဖုန်းအဆက်အသွယ် မရခဲ့တော့ဘူး။ သမီးအိမ်ပြန်မလာတော့ မိခင်ဖြစ်သူက တစ်ညလုံးစိတ်ပူပြီး အိပ်မပျော်တော့ဘူး။ မိခင်ဖြစ်သူဟာ နောက်တစ်နေ့မနက်စောစောမှာ သမီးရဲ့ကျောင်းရှေ့ကိုသွားပြီး သမီးကျောင်းအလာကို သွားစောင့်နေခဲ့တယ်။ မနေ့ညတစ်ညလုံး သမီးဘယ်သွားခဲ့သလဲဆိုတဲ့အတွေးနဲ့ စိတ်တိုဒေါသထွက်ပြီး သမီးရဲ့အတန်းပိုင်ဆရာမကို သွားရှာပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ အတန်းပိုင်ကတဆင့် ကျောင်းအုပ်ကြီးဆီရောက်သွားပြန်တယ်။ ကျောင်းအုပ်ကြီးက အတန်းပိုင်ဆရာ၊ ဆရာမတွေကိုခေါ်ပြီး အရေးပေါ် အစည်းအဝေးလုပ်တော့တယ်။ ကျောင်းက သတ္တမတန်းကျောင်းသူတစ်ဦး ညအိမ်ပြန်မအိပ်ခဲ့ကြောင်း၊ ဒါကို အတန်းပိုင်တိုင်း ကြပ်မတ်သင့်ကြောင်းပြောတယ်။

နောက်ဆုံး စုံစမ်းမေးမြန်းစီစစ်ပြီးသိရတာက အဲဒီကျောင်းသူဟာ မိခင်ဖြစ်သူကိုစိတ်ကောက်ပြီး မိခင်ကိုထိတ်လန့်စေချင်တာနဲ့ ညကတစ်ညလုံး အင်တာနက်ဆိုင်မှာပဲ အချိန်ဖြုန်းခဲ့ကြောင်း၊ ဘာမှထွေထွေထူးထူး မဖြစ်ပွားခဲ့ကြောင်းသိရတယ်။ ဒါပေမယ့် နောက်တစ်နေ့ အဲဒီကျောင်းသူကျောင်းလာတက်ချိန်မှာ အရာအားလုံးကပြောင်းလဲသွားပါတယ်။ လူတိုင်းက သူ့ကိုထူးဆန်းအံ့သြတဲ့အကြည့်နဲ့ ကြည့်ခဲ့ကြတယ်။ ညတုန်းက ဘယ်သွားပြီးဘာလုပ်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းအကြည့်၊ အထင်အမြင်သေးတဲ့အကြည့်နဲ့ သူ့ကိုကြည့်ခဲ့ကြတယ်။ ဒီအချိန်ကျမှ မိခင်ဖြစ်သူက ကိစ္စကိုကြီးကြီးမားမားဖြစ်အောင် လုပ်လိုက်မိတဲ့အတွက် နောင်တရမိခဲ့ပါတယ်။ သမီးအပေါ် တခြားလူရဲ့သံသသအတွေးတွေကို မဖျောက်ပစ်နိုင်ခဲ့တော့ပါဘူး။ နောက်ဆုံးမှာ လူတွေရဲ့အထင်သေးတဲ့အကြည့်၊ သံသယအကြည့်တွေရဲ့ဒဏ်ကို သမီးမခံနိုင်လို့ ကျောင်းပြောင်းတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ကျောင်းသစ်ကိုရောက်တော့လည်း မိခင်ဖြစ်သူက ယောက်ျားလေးတွေနဲ့မပေါင်းရလို့ အမိန့်ထုတ်ပြန်တယ်။ ကျောင်းသစ်ရောက်စမှာ သမီးဖြစ်သူက အတန်းဖော်အသစ်တွေနဲ့ ချက်ချင်းရောနှောဖို့၊ ခင်မင်ဖို့ခက်ခဲ့တယ်။ သူငယ်ချင်းမရှိခဲ့တာကြောင့် သင်ယူရေးမှာလည်း နောက်ကျ၊ နိမ့်ကျခဲ့တယ်။ အဲဒီအချိန်မှာ အတန်းကြီးကျောင်းသားတစ်ယောက်က သူ့ကိုစိတ်ဝင်စားပိုးပန်းတာနဲ့ ကြုံခဲ့တယ်။ အဲဒီမှာ အဲဒီကျောင်းသားနဲ့ သူ “ရည်းစားဖြစ်”ခဲ့ပါတော့တယ်။ နောက်ဆုံး မိခင်ဖြစ်သူနဲ့ပြဿနာတွေတက်ပြီး အိမ်ကနေထွက်သွားတဲ့အထိ ဖြစ်ခဲ့တယ်။ မိခင်ကတော့ စိတ်ညစ်၊ မျှော်လင့်ချက်မဲ့တာကလွဲလို့ ဘာမှမကြံတတ်ဖြစ်ခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်မှာ အရွယ်မရောက်ခင် ရည်းစားထားတဲ့အဖြစ်မျိုး ကျွန်မတို့တွေ့ရပါတယ်။ ဒီလိုအဖြစ်မျိုးအတွက် အုပ်ထိန်းသူတို့မှာ လုပ်ဆောင်နည်းနှစ်နည်းရှိပါတယ်။ တစ်နည်းက အေးအေးငြိမ်ငြိမ် လမ်းကြောင်းပြောင်းပေးနိုင်ဖို့နဲ့ နောက်တစ်နည်းက ပြင်းပြင်းထန်ထန်ပြောင်းလဲနိုင်ဖို့ဖြစ်တယ်။ အုပ်ထိန်းသူတိုင်းက ပထမနည်းကိုလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြပေမယ့် နောက်ဆုံးမှာ တော်တော်များများက ဒုတိယနည်းနဲ့ပဲအဆုံးသတ်ကြရတယ်။ ကလေးတွေ စောစောစီးစီးရည်းစားထားတာကို သူတို့တားမြစ်ချင်ကြပေမယ့် မှားယွင်းတဲ့နည်းနဲ့ ကလေးကိုသူတို့တွန်းမိကြတယ်။ ကလေးတွေကို နွံထဲပြုတ်ကျသွားအောင် မတော်တဆသူတို့လုပ်မိတတ်ကြတယ်။

မိဘတိုင်း နုပျိုခဲ့ဖူးပါတယ်၊ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်မတို့ ဆယ်ကျော်သက်ဘဝကို ခေတ္တပြန်အောက်မေ့ကြည့်တဲ့အခါ ဒီလိုအလယ်တန်းကျောင်းသားအရွယ်မှာ လိင်ကွဲတွေအပေါ် စိတ်ခံစားချက်ရှိတတ်တာဟာ ပုံမှန်ပါ။ ဒါကြောင့် ကျွန်မတို့ရဲ့ကလေးတွေ စိတ်ခံစားချက်ဖွံ့ဖြိုးတဲ့အရွယ်ရောက်လာတဲ့အခါ ဒါကို ကျွန်မတို့နားလည်မှု ပိုပေးသင့်ပါတယ်။

အုပ်ထိန်းသူတစ်ဦးရဲ့ စာတိုလေးတစ်စောင်ကို ကျွန်မရခဲ့ဖူးပါတယ်။ စာထဲမှာရေးထားတာက အဌမတန်းတက်နေတဲ့ သူ့သမီးလေးမှာ “ရည်းစားရှိနေပြီ” ဘယ်လိုလုပ်ရမလဲလို့ အကြံတောင်းတာဖြစ်တယ်။ သူ့ဆီကို ကျွန်မချက်ချင်းဖုန်းဆက်ပြီး “ရည်းစားရှိနေပြီ”ဆိုတာ ဘယ်လိုအခြေအနေမျိုးလဲလို့ မေးမြန်းခဲ့တယ်။

တကယ်တော့ သမီးနဲ့အတန်းတူ တခြားအခန်းကကျောင်းသားတစ်ယောက်က ကျောင်းအားတိုင်း သမီးကိုလာရှာပြီး စကားပြောတယ်။ သမီးမွေးနေ့မှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ မုန့်အတူစားရင် သမီးကဒီကျောင်းသားလေးကို ခေါ်ကျွေးတတ်တယ်။ ကောင်လေးကလည်း သမီးကိုလက်ဆောင်ပေးတတ်တယ်။ တစ်ခါတလေ မက်ဆေ့တိုလေးတွေ ပို့တတ်တယ်။ မိခင်ဖြစ်သူက သမီးဖုန်းကို တိတ်တဆိတ်ခိုးစစ်ပြီး ဖုန်းထဲမှာ ဒီကောင်လေးပို့တဲ့မက်ဆေ့က အများဆုံးဖြစ်နေတာကို တွေ့တယ်။ မက်ဆေ့တချို့မှာလဲ ချစ်ခင်လိုဟန်တွေပါတာကို တွေ့ခဲ့တယ်။

ကျွန်မတို့ရဲ့စကားထဲက “ချစ်သူရည်းစား”ဆိုတာ တိကျတဲ့အဓိပ္ပာယ်သတ်မှတ်ချက်ရှိတယ်လို့ အုပ်ထိန်းသူကို ကျွန်မပြောပြပါတယ်။ ဒီလိုစကားအတူပြောရုံ၊ မုန့်အတူစားရုံနဲ့ ဒီကောင်လေးကို သမီးရဲ့ချစ်သူလို့ ဘာကြောင့်သတ်မှတ်လိုက်ရသလဲ ပြောပြတယ်။ ကလေးတွေက ဘာမှဖြစ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က ကိုယ်နားလည်သလို ကလေးတွေရဲ့အချင်းချင်းဆက်ဆံရေးကို အဓိပ္ပာယ်သတ်မှတ်လိုက်တာဖြစ်တယ်။

အုပ်ထိန်းသူမိခင်ရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်မနားလည်ပါတယ်။ တကယ်လို့ သမီးကိုမထိန်းခဲ့ရင် ဒီကျောင်းသားနဲ့သမီးချစ်ကြိုက်သွားမှာ၊ ပညာရေးထိခိုက်သွားမှာကို သူစိုးရိမ်ခဲ့တယ်။ သမီးကိုထိန်းချင်ရင် မျက်စိစုံမှိတ်ပြီးထိန်းတာမျိုး မလုပ်ဖို့၊ ကိုယ့်စိတ်ထဲက မကောင်းတဲ့စိတ်ခံစားချက် အမှိုက်သရိုက်တွေကို အရင်ရှင်းလင်းပြီးမှ သမီးကိုထိန်းဖို့ သူ့ကိုကျွန်မပြောပြတယ်။ နောက်ဆုံးမှာ ကျွန်မရဲ့အကြံအတိုင်း သမီးနဲ့သူ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့တယ်။ အကျိုးရလဒ် တော်တော်ကောင်းခဲ့ပါတယ်။

သမီးနဲ့သူ ဒီလိုပြောခဲ့ပါတယ်။

ပထမဆုံးသူကသမီးကို ဒီလိုအရွယ်မှာ လိင်ကွဲတွေအပေါ် စိတ်လှုပ်ရှားတတ်တာ၊ စိတ်ဝင်စားတတ်တာဟာ သဘာဝဖြစ်ကြောင်း ပြောပြတယ်။ သမီးရဲ့စိတ်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ထပ်တူကျတာဟာ ကျန်းမာတယ်။ နောက်ပြီး သမီးကိုနှစ်သက်တဲ့၊ သဘောကျတဲ့ယောက်ျားလေးရှိတယ်ဆိုတာက သမီးဟာ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်မို့လို့၊ ယောက်ျားလေးအပေါ် ကောင်းတဲ့ထင်မြင်ချက် သမီးမှာရှိတယ်ဆိုတာက တခြားလူကို သမီးနှစ်သက်တတ်လို့၊ အကောင်းမြင်တတ်လို့ဖြစ်တယ်။

အလယ်တန်းမှာ လိင်ကွဲအပေါ်စိတ်လှုပ်ရှားတယ်ဆိုတာ ဒါဟာအစပဲရှိသေးတယ်။ ချစ်စရာကောင်းတဲ့သမီးလေးကို နှစ်သက်တဲ့လူ၊ သဘောကျတဲ့လူတွေ ထပ်ပေါ်လာနိုင်သေးတယ်။ ကိုယ့်ကိုနှစ်သက်တဲ့လူတွေကို စိတ်ထဲမှာ ကျေးဇူးတရားထည့်ထားရမယ်။ တစ်ချိန်တည်းမှာပဲ သမီးမှာလည်း နှစ်သက်ထိုက်တဲ့၊ သဘောကျထိုက်တဲ့ ယောက်ျားလေးတွေ အများကြီးပေါ်လာနိုင်သေးတယ်။ အဲဒီယောက်ျားလေးတွေတိုင်းမှာ မတူတဲ့ ကောင်းကွက်တွေရှိတယ်။

လူတစ်ယောက်က ကိုယ်တိုင်ချစ်စရာကောင်းအောင်နေမှ တခြားလူနှစ်သက်ထိုက်သူဖြစ်တယ်။ တကယ်လို့ ကျောင်းသူတစ်ယောက်က ပညာရေးမကောင်းဘူး၊ စိတ်နေစိတ်ထားကလည်း သာမန်ပဲ၊ လုပ်နိုင်ကိုင်နိုင်ရည်ကလည်း သာမန်ပဲဆိုရင် တခြားသူကို ဘယ်လိုနှစ်သက်စေမလဲ။ အလယ်တန်းကျောင်းသူတစ်ယောက်အတွက် ပညာရေးက အဓိကဖြစ်တယ်၊ စိတ်နေစိတ်ထားနဲ့ လုပ်ရည်ကိုင်ရည်က အဲဒီအသိပညာအပေါ် အခြေခံပြီးဖြစ်လာတာဖြစ်တယ်။ ပညာကိုကောင်းကောင်းသင်ယူမှ ပိုပြီးချစ်စရာကောင်းတဲ့သူဖြစ်မယ်၊ တခြားလူနှစ်သက်ထိုက်တဲ့သူဖြစ်မယ်။ ကိုယ်တိုင်ကလည်း တခြားသူကိုနှစ်သက်ဖို့ တဖြေးဖြေးသင်ယူနိုင်မှာဖြစ်တယ် လို့ သမီးကို သူပြောပြခဲ့တယ်။

သမီးနဲ့ဒီလိုစကားတွေပြောတော့ သမီးဝမ်းသာကြောင်း မိခင်ဖြစ်သူက ကျွန်မဆီဖုန်းဆက်ခဲ့တယ်။ အဲဒီနောက်ပိုင်း သမီးဟာ ဘယ်သူ့ဆီက မက်ဆေ့ရတယ်၊ ဘယ်သူက သူ့ကိုစာတိုလေးတွေရေးပေးတတ်တယ်၊ ဘယ်သူကဖြစ် သဘောကောင်းကြောင်းဆိုတာတွေ မိခင်ကိုပြောပြတတ်ခဲ့တယ်။ သမီးနဲ့အတူ ပိုတွဲဖြစ်ခဲ့တဲ့ကျောင်းသားနဲ့လည်း သမီးတွဲနေတုန်းပါပဲ။ ဒါပေမယ့် သာမန်သူငယ်ချင်းအဆင့်၊ တခြားကျောင်းသူကျောင်းသားတွေနဲ့မခြား သူတို့ရှိနေခဲ့ပါတယ်။ “အုပ်ထိန်းသူတွေရဲ့ရင်ထဲမှာ အမြင်ရှင်းလင်းရင်၊ နေရောင်ရှိရင် သားသမီးတွေရဲ့ရင်ထဲမှာလည်း နေရောင်နဲ့လင်းလက်နေမယ့်အကြောင်း” အဲဒီအုပ်ထိန်းသူ အသိတရားရခဲ့ပါတယ်။

တကယ်တော့ ဒီစာပိုဒ်ထဲမှာ ကျွန်မအဓိကဆိုလိုချင်တာက အရွယ်ရောက်သူတွေဟာ ဘယ်လိုသန့်ရှင်းတဲ့မျက်လုံးနဲ့၊ အကြည့်နဲ့ ကလေးတွေကို ကြည့်ရှုရမယ်ဆိုတာဖြစ်တယ်။ ချစ်မှုရေးရာကို ဘယ်လိုပညာပေးရမယ်လို့ဆိုချင်တာ မဟုတ်ပါဘူး။ ကျန်းမာသန့်ရှင်းတဲ့ အတွေးနဲ့အသိဉာဏ်နဲ့ ကလေးတွေကိုသွန်သင်ဖို့၊ နားလည်မှုပေးဖို့ဖြစ်တယ်။

ကလေးတချို့မှာ အကျင့်စရိုက်၊ အပြုအမူမှားယွင်းနေတတ်ကြတယ်။ ဒီလိုမှားယွင်းရတဲ့ အဓိကအချက်က အရွယ်ရောက်သူ လူကြီးတွေရဲ့ “အမှိုက်အတွေး” ထိပါးမှုကြောင့်ဖြစ်တယ်။ ဒီလိုအမှိုက်အတွေးတွေက စက်ရုံအလုပ်ရုံက ထုတ်လွှတ်တဲ့ အဆိပ်ရှိပစ္စည်းလို၊ မသန့်ရှင်းတဲ့ရေတွေလိုပဲ ကလေးတွေရဲ့နဂိုဖြူစင်သန့်ရှင်းတဲ့၊ အပြစ်ကင်းတဲ့ကောင်းကင်ကို ဖြေးဖြေးချင်းညစ်ညမ်းစေပါတယ်။ ဖွံ့ဖြိုးမှုကို ပျက်စီးစေပါတယ်။ ကလေးတွေ အရွယ်မရောက်မီ ရည်းစားထားတဲ့ဖက်မှာတင်မက တခြားအမှိုက်သရိုက်အတွေးတွေဟာလည်း ကလေးကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် အုပ်ထိန်းသူတစ်ဦးဟာ ကလေးငယ်ရွယ်စဉ်ကတည်းက ကလေးကိုတင်းကျပ်လွန်းခဲ့တယ်။ ငွေကြေးကို သေချာစီစစ်တယ်၊ သူခိုးရန်က ကာကွယ်သလို ကလေးကိုအမြဲစောင့်ကြည့်ခဲ့တယ်။ သူ့အသိထဲမှာ ကလေးငယ်ဟာ အခွင့်အရေးရတာနဲ့ ပိုက်ဆံတွေခိုးလိမ့်မယ်လို့ သူထင်ခဲ့တယ်။ အိမ်ကပိုက်ဆံတွေကို ကလေးမသိအောင် သူသေသေချာချာ ဖွက်ထားတဲ့အပြင် ကလေးငယ် ကျောင်းမှာတစ်ခုခုဝယ်ဖို့ ပိုက်ဆံတောင်းတဲ့အခါတိုင်းမှာလည်း သူက သံသယအမေးနဲ့ “အဲဒီပစ္စည်းက အဲလောက်ပေးရလို့လား.. မှန်မှန်ပြောနော်”လို့ မေးတတ်ခဲ့တယ်။ ပိုက်ဆံပေးဖို့ သူသဘောတူသည့်တိုင် ကလေးကပိုက်ဆံအိတ်ထဲ ပိုက်ဆံယူတဲ့အခါမှာလည်း “ပြစမ်း.. မေမေကြည့်မယ်.. ပိုက်ဆံတွေ ပိုယူထားသလား၊ ပိုက်ဆံမခိုးရဘူးနော်”လို့ ပြောလေ့ရှိတတ်တယ်။ သူ့ရဲ့မယုံကြည်မှုနဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်မှုအောက်မှာ ကလေးဟာ ဒီလိုစောင့်ကြည့်မှုကို ဆန့်ကျင်လိုတဲ့စိတ်တွေ၊ အင်အားတွေရှိလာခဲ့တယ်။ အလယ်တန်းရောက်ချိန်မှာ အိမ်ကပိုက်ဆံတွေကို သူ စခိုးပါတော့တယ်။ တစ်ခါက ဖခင်နဲ့အတူ ငွေထုတ်စက်မှာ ငွေထုတ်ပြီးနောက် ဖခင်ရဲ့လျှို့ဝှက်နံပါတ်ကို သူတိတ်တခိုးမှတ်ထားပြီး ပိုက်ဆံတွေစခိုးထုတ်တော့တယ်။ တစ်လအတွင်းမှာ ၃ကြိမ်ခွဲပြီး ငွေထုတ်ခဲ့တယ်။ ရတဲ့ငွေတွေကိုလည်း လျှောက်ဖြုန်းပစ်ခဲ့တယ်။ ပိုက်ဆံခိုးတဲ့ကိစ္စ သိသွားတိုင်း အုပ်ထိန်းသူက ကလေးကိုပြင်းပြင်းထန်ထန်ရိုက်တဲ့အပြင် ဒီလိုအသုံးမကျတဲ့ကလေးကို ဘာကြောင့်မွေးခဲ့တာပါလိမ့်လို့ သက်ပြင်းရှည်ချပြီးပြောခဲ့တယ်။ သားပျက်စီးမှာစိုးလို့ ငွေကြေးပိုင်းမှာ ဒီလောက်တင်းကျပ်ခဲ့တာတောင် ဘာကြောင့်ဒီလိုလာဖြစ်ပျက်မှန်း သူနားမလည်ဖြစ်ခဲ့ရတယ်။

အပေါ်ကဥပမာနဲ့နှိုင်းယှဉ်ကြည့်လို့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကျွန်မရဲ့နောက်မိတ်ဆွေတစ်ဦးက ကျွန်မကိုဒီလိုပြောပြခဲ့တယ်။

တတိယတန်းတက်နေတဲ့ မိတ်ဆွေရဲ့သားက ကိစ္စအရေးအခင်းတစ်ခုကြောင့် ပထမအစမ်းစာမေးပွဲကို မဖြေဖြစ်ခဲ့ဘူး။ မိတ်ဆွေက စာမေးပွဲမှာမေးတဲ့မေးခွန်းတွေ သားကိုပြန်ဖြေခိုင်းချင်တာနဲ့ ကျောင်းကသက်ဆိုင်ရာ ဆရာ၊ ဆရာမတွေဆီမှာ မေးခွန်းတွေတောင်းခဲ့တယ်။ အိမ်ပြန်ရောက်တော့ သားကို စာမေးပွဲခန်းစည်းကမ်းအတိုင်း မေးခွန်းတွေကိုဖြေဆိုစေခဲ့တယ်။

သားကို မေးခွန်းတွေပေးချိန်မှာ သူတစ်ချက်စဉ်းစားလိုက်တယ်။ သားကို အချိန်ကြည့်ပြီး သူဘာသာသူဖြေခိုင်းမလား၊ ဒါမှမဟုတ် သူစောင့်ကြည့်ရမလား။ ဖြေနေတုန်း သားခိုးမကြည့်ရအောင် သားအခန်းထဲကစာအုပ်တွေကို သိမ်းထားလိုက်ရမလားလို့လည်း သူစဉ်းစားမိတယ်။ ခါတိုင်းအချိန်မှာလည်း သားက စာတွေကောင်းကောင်းမလိုက်နိုင်ခဲ့ဘူး။ တချို့ပုစ္ဆာတွေကို ဖြေတတ်မှာမဟုတ်ဘူး။ စာအုပ်ထဲ သူ့ခိုးကြည့်မလား။

ခဏလောက် သူစဉ်းစားပြီး သားကိုယုံကြည်ဖို့ သူဆုံးဖြတ်လိုက်တယ်။ သားကိုခေါ်ပြီး သားကိုယ်တိုင်အချိန်ကြည့်ဖြေပါ၊ အချိန်စေ့တာနဲ့ ဆက်မဖြေနဲ့တော့လို့ပဲပြောပြီး သားအခန်းကိုပိတ်ပြီး သူထွက်သွားခဲ့တယ်။

ဒီတတိယတန်းကလေးကလည်း စာမေးပွဲဆိုတာဘယ်လိုပုံစံဆိုတာ သိထားတော့ တကယ့်စာမေးပွဲဖြေတဲ့ စည်းကမ်းအတိုင်း သူ့ကိုယ်သူထိန်းပြီး ဖြေခဲ့တယ်။ အချိန်စေ့တာနဲ့ ဆက်မဖြေခဲ့တော့ဘူး။ “ခိုးကြည့်”တယ်ဆိုတာကို သူနားတောင်မလည်ခဲ့ဘူး။ မဖြေတတ်တဲ့ပုစ္ဆာတွေကိုလည်း ခိုးကြည့်မယ်ဆိုတဲ့အတွေးတောင် မဝင်ခဲ့ကြောင်းကို သူ့မေမေအကဲခတ်ကြည့်နေရင်းက သိခဲ့ရတယ်။ တကယ်တော့ ကလေးတွေက ဒီလောက်ပဲဖြူစင်ရိုးသားလိုက်သလားလို့ သူတအံ့တသြရေရွတ်ခဲ့မိတယ်။ “စာမေးပွဲဆိုတာ စာခိုးကြည့်လို့ရတယ်၊ နင်က သိပ်ယုံကြည်ရတဲ့ကလေးမဟုတ်ဘူး”ဆိုတဲ့အတွေးဆိုးမျိုး သားခေါင်းထဲဝင်သွားဖို့ သူမသုံးနှုန်းခဲ့၊ မပြောခဲ့တာကိုလည်း သူ့ကိုယ်သူကျေးဇူးတင်ခဲ့ပါတယ်။

လူတွေက စောင်းပါးရိပ်ခြေပြောတာကို အလွယ်တကူခံယူတတ်ကြတယ်။ ဒီထဲမှာ အရွယ်ရောက်တဲ့လူကြီးတွေလည်း ပါဝင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ကို စာရိတ္တကောင်းလိုက်တာ၊ ရိုးသားကြင်နာတတ်လိုက်တာလို့ မကြာခဏ စောင်းပါးရိပ်ခြေပြောပေးရင် သူဟာ အဲဒီလိုအပြောအဆိုကြားမှာ သူ့ကိုယ်သူ ဒီလိုပဲခံယူလာတတ်တယ်။ သူ့ရဲ့အကျင့်စာရိတ္တတွေဟာလည်း ကျန်းမာတဲ့ဖက်ကို ဦးတည်လာတတ်တယ်။ တကယ်လို့ လူတစ်ယောက်ကို မကောင်းတဲ့ဘက်မှာပဲ အမြဲစောင်းပါးရိပ်ပါးပြောရင် သူ့ကိုယ်သူ အဲဒီလိုပဲခံယူလာတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု တဖြေးဖြေးမဲ့လာပြီး မကောင်းတဲ့ဘက်ဆီ လျောကျသွားတော့တယ်။

လူတွေရဲ့လေ့လာဆန်းစစ်ချက်အရ လူတစ်ယောက်ရဲ့ရုပ်ရည်ဟာလည်း တခြားလူမပြတ်ပြောဆိုတဲ့ စောင်းပါးရိပ်ပါးစကားတွေကြားမှာ ပြောင်းလဲသွားတတ်ကြောင်း သိရပါတယ်။ သာမန်ရုပ်ရည်ရှိသူတစ်ယောက်က မပြတ်ချီးမွမ်းပြောဆိုတဲ့စကားတွေကြားမှာ သူ့ရုပ်ရှည်ကတောက်ပြောင်သထက် တောက်ပြောင်လာတတ်တယ်။ ရုပ်ရည်လှပသူတစ်ယောက်က မပြတ်ရှုံ့ချပြောဆိုတဲ့စကားတွေကြားမှာ သူ့ရုပ်ရည်က ညိုးနွမ်းမွဲခြောက် ထုံထိုင်းလာတတ်တယ်။ အုပ်ထိန်းသူတွေက ကျန်းမာတဲ့စိတ်နေစိတ်ထားနဲ့ ကလေးတွေကိုဆက်ဆံမှ ကလေးတွေက စိတ်ရောခန္ဓာပါ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာနိုင်မှာဖြစ်တယ်။

ဒီလိုပုံပြင်တစ်ပုဒ်ကို ကျွန်မဖတ်ဖူးခဲ့ပါတယ်။ လူတစ်ယောက်ဟာ ဘုရားလောင်းနဲ့တွေ့စဉ် သူထိုင်တဲ့ပုံစံဘယ်လိုလဲလို့ ဘုရားလောင်းကိုမေးခဲ့သတဲ့။ ဘုရားလောင်းက အသင်ထိုင်နေတဲ့ပုံစံက ဘုရားတစ်ဆူနဲ့တူတယ်လို့ ပြန်ဖြေခဲ့တယ်။ ဒီလိုပြောတာကိုကြားတော့ အဲဒီလူအရမ်းဝမ်းသာသွားတယ်။ နောက်တော့ သူကအပျော်အပျက်လုပ်ချင်တာနဲ့ ဘုရားလောင်းကို အရှင်ထိုင်နေတဲ့ပုံစံက နွားချီးပုံတစ်ပုံနဲ့တူတယ်လို့ ပြောလိုက်တယ်။ ဘုရားလောင်းက သူပြောတဲ့စကားကို စိတ်မဆိုးသလို ဘာမှလည်း မတုန့်ပြန်ခဲ့ဘဲ ပြုံးနေခဲ့တယ်။ အဲဒီလူဟာ အိမ်ပြန်ရောက်တာနဲ့ သူ့နှမကို ဒီအကြောင်းဝမ်းသာအားရပြောပြလိုက်တယ်။ ဒါပေမယ့် သူ့ညီမက အစ်ကိုဒီလိုပြောလိုက်ရလို့ အစ်ကိုနိုင်သွားပြီလို့ ထင်နေလား အစ်ကိုလုံးဝရှုံးသွားတာပါ။ ဘုရားလောင်းရဲ့စိတ်ထဲမှာ ဘုရားပဲရှိနေခဲ့လို့ အစ်ကို့ကို ဘုရားတစ်ဆူနဲ့တူတယ်လို့ မြင်ခဲ့တယ်။ အစ်ကိုရဲ့စိတ်ထဲမှာတော့ နွားချီးပုံပဲရှိခဲ့လို့ တခြားသူကို နွားချီးပုံလိုပဲမြင်ခဲ့တာပါ လို့ပြန်ပြောလိုက်တယ်။

အုပ်ထိန်းသူတွေလည်း ကလေးတွေကို နွားချီးပုံလို့ မမြင်မိပါစေနဲ့။ တကယ်လို့ အဆိုးဆန်တဲ့စကားအပြောအဆိုနဲ့ ကလေးကို အရိပ်အမြွက်တွေပြနေခဲ့ရင် ကလေးရဲ့နဂိုဖြူစင်ရိုးသားခြင်းကို ဖျက်ဆီးပစ်နိုင်သလို သူတို့ရဲ့အကျင့်စရိုက်တွေကိုလည်း ပုံပျက်သွားစေနိုင်ပါတယ်။ သိထားရမှာက ကလေးတွေဟာ ဘုရားလောင်းလို စွမ်းရည်နဲ့ တည်ငြိမ်တဲ့စိတ် မရှိဘူးဆိုတာ…။

*** *** (တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။ စာပိုဒ်ကအရှည်ကြီး.. ဖတ်ရပျင်းမှာစိုးလို့ လိုအပ်တဲ့နေရာလောက်ပဲ ကျွန်မဖြတ်တောက်ပြီး မျှဝေတာဖြစ်ပါတယ်)

Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။

Credit to နိုင်းနိုင်းစနေ
၏စာမျက်နှာမှကူးယူသည်။

Saturday, February 8, 2014

အားကစားမလုပ်ခင်အကျောလျှော့လေ့ကျင့်ခန်းလုပ်သင့်မသင့်

အားကစား မလုပ်မှီ အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်သင့်မသင့်

များသောအားဖြင့် သိထားတာက အားကစား မပြုလုပ်မှီ အကြောလျော့ ခြင်းဟာ ပြုလုပ်သင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အမှန်တော့ အဲ့ဒီလို မဟုတ်တော့ပြန်ပါဘူး။

အကြောလျော့တဲ့ လေ့ကျင့်ခန်းဟာ ကြွက်သားများကို ပျော့ပြောင်းစေတာ မှန်ပေမယ့် အနားယူစေတဲ့ သဘောသက်ရောက်ပြီး ကြွက်သား လုပ်ဆောင် ချက်များကို နှေးကွေး သွားစေပါတယ်။ ဒါကြောင့် အကြောလျော့ပြီး အား ကစားပြလုပ်သူဟာ ကြွက်သားကို ပိုမိုဒဏ်ဖြစ်စေတယ် ဆိုတဲ့ အချက်ကို သိမြင်လာစေပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ ကြွက်တတ်တတ်သူများ အနေနဲ့ အကြော မညှပ် စေရန် အလို့ငှာ အကြောအရင်ပျော့ပြောင်းအောင် လုပ်တာ မှန်ပါ တယ်။ အခြား အားကစားမှာလည်း ဒီလိုပါပဲ။ သို့ပေမယ့် အချိန် အကြာကြီး ပြုလုပ်တာမျိုး၊ အကြောလျော့ခြင်းကို အားစိုက်ပြုလုပ်တာမျိုး ကို Recommend မပေးတာ ဖြစ်ပါတယ်။

သို့ပေမယ့် အရမ်း ညောင်းညာ ကိုက်ခဲနေချိန်ဆိုရင်တော့ချက်ချင်း အားကစား မပြုလုပ်သေးပဲ အရင်ဆုံး ပျော့ပြောင်းအောင် အကြောလျော့ရ ပါ သေးတယ်။ အကယ်၍ မကိုက်ခဲရင်တော့ အကြောလျော့ လေ့ကျင့်ခန်း ကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါကြောင့် အားကစား မပြုလုပ်မှီအကြောလျော့တာ ပြုလုပ်ပေမယ့် အားဖြင့် အချိန်ယူ ပြုလုပ်တဲ့ အလေ့အထကို ရှောင်ကြဉ်ရန်လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။
--
Ref: medic-fact
မင်္ဂလာ
စိုးသစ်မန်း

သာသနာ့အလံဖြစ်ပေါ်လာပုံ

သာသနာ့အလံတော်ဖြစ်ပေါ်လာပုံ
...........................................

ထေရ၀ါဒဗုဒ္ဒဘာသာ ထွန်းကားသော သီရိလင်္ကာနိုင်ငံတွင်(သီဟိုဠ်) နိုင်ငံကို
ဗြိတိသျှအင်္ဂလိပ်အစိုးရအုပ်စိုးစဉ် သီရိလင်္ကာဗုဒ္ဒဘာသာဝင်များက ကဆုန်လ
ပြည့် (ဗုဒ္ဒနေ့) ကိုအများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးပါရန် ဘုရင်
ခံထံ တင်ပြသော်လည်းခွင်ပြုချက်မရရှိခဲ့ပေ။

ထိုကြောင့် ဗြိတိသျှအစိုးရထံ ထပ်ဆင့်အရေးဆိုတင်ပြရာမှ အစိုးရက ၁၈၈၅
ခုနှစ်၊ မေလ ၂၈ရက် (ကဆုန်လပြည်နေ့) မှစတင်ရွှေ့နှစ်စဉ် ကဆုန်လပြည့်
(ဗုဒ္ဒနေ့) ကိုပြန်တမ်းဝင်ရုံးပိတ်ရက်အဖြစ်ကြေညာပေးခဲ့ရသည် ။

ုပထမဆုံးကျင်းပသော ဗုဒ္ဒနေ့အခမ်းအနားတွင် လွှင့်ထူရန် သာသနာ့အလံ
တော်တစ်ခုတီထွင်ဖန်တီးနိုင်ရေးအတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်
ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အလံတော်ဒီဇိုင်းကိုရေးဆွဲခဲ့ကြသည်။

ပထမအကြိမ် ဗုဒ္ဒနေ့အခမ်းအနားတွင် အသုံးပြုခဲ့သော သာသနာ့အလံ
တော်ကို နေရာတိုင်းတွင် သုံးစွဲရွှေ့အဆင်ပြေစေရန် ဗုဒ္ဒဘာသာအရေးကိစ္စ
များကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အမေရိကန်လူမျိုး ဗုဒ္ဒဘာသာဝင်တစ်ဦး
ဖြစ်သော အငြိမ်းစားဗိုလ်မှုးကြီး ဟင်နရီစတီးလ်အော်လကော့ H.S OLcott ၏ အကြံပေးပြင်ဆင်ချက်ဖြင့် ယခုသတ်မှတ်ထားသော သာသနာ့အလံ
တော်ဖြစ်ပေါ်လာခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ကျင်းပသော ဗုဒ္ဒနေ့တွင် လွင်ထူခဲ့
ကြသည်။

၁၉၅၀ ပြည်နှစ်၊ မေလ(၂၅) ရက်တွင် ကျင်းပသော ကမ္ဘာဗုဒ္ဒဘာသာညီလာခံ
ကြီးမှ သာသနာ့အလံတော်ကို ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဒဘာသာဝင်များ၏ သာသ
နာ့အလံတော်အဖြစ် တစ်ညီတစ်ညွတ်တည်းသတ်မှတ်အတည်ပြုခဲ့ကြသည်

မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ် (မြန်မာနှစ် -၁၃၁၈) ဆဋ္ဌသင်္ဂါယနာပွဲတော်မှ စတင်ရွှေုသာသနာ့အလံတော်ကို လွှင့်ထူအသုံးပြုခဲံ့ပါသည်။

ယခုအခါ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကလည်း ဗုဒ္ဒနေ့အခမ်းအနားကို တရား
ဝင်သတ်မှတ်ကျင်းပပေးလျှက် ရှိပါသည်။

ပရိတ်ရွတ်မှုနဲ့စပ်ကာသိမှတ်ဖွယ်ရာ

"ပရိတ်ရွတ်မှုနှင့်စပ်ကာ သိမှတ်ဖွယ်ရာ"
*******************************
ပရိတ်ရွတ်သူ ၊ ပရိတ်တရားနာယူသူများ သိထားသည့်သင့် အချက်များဖြစ်ပါတယ်။ လေ့လာကြည့်ပါ။

ပရိတ်ရွတ်သော ပုဂ္ဂိုလ်၏အင်္ဂ`ါ- ၄ပါး
၁။ပရိတ်ပါဠိတော်၏ ပုဒ်ပါဌ်အက္ခရာတို့ကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း။

၂။ ပရိတ်ပါဠိတော်၏ အနက်အဓိပ္ဗါယ်ကို တိကျမှန်ကန်စွာသိခြင်း။

၃။ လာဘ်ပူဇော်သက္ကာရကို ငဲ့ကွက်သော စိတ်မရှိခြင်း။

၎။ သံသရာမှ လွတ်မြောက်ကြောင်းအဖို့၌တည်၍ မေတ္တာတရားရှေ့သွားပြု၍ ပရိတ်ပါဠိတော်ကို ရွတ်ဆိုခြင်း။

ဆောင်ပုဒ်

အက္ခရာပုဒ်ပါဌ်၊မှန်ကန်လတ်၊ ရွတ်အပ် တစ်အင်္ဂ`ါ။

အနက်အဓိပ္ဗါယ်၊ တိကျကွယ်၊ သိတယ် တစ်အင်္ဂ`ါ။

လာဘ်ပူဇော်တွက်၊ မငဲ့ကွက်၊ စိတ်စက် တစ်အင်္ဂ`ါ။

မေတ္တာတရား၊ ရှေ့ပြုထား၊ မှတ်သား တစ်အင်္ဂ`ါ။

လာဘ်ပူဇော်ကွက်၊ မငဲ့ကွက်၊ စိတ်စက် တစ်အင်္ဂ`ါ။

မေတ္တာရှေ့ထား၊ ရှေ့ပြုထား၊ မှတ်သားတစ်အင်္ဂ`ါ။

အင်္ဂ`ါလေးပါး၊ ပြည့်စုံငြား၊ ရွတ်ပွား ကျိုးကြီးပါ။

(ဒီဃာနိကာယ် ပါထိကဝဂ္ဂအဋ္ဌကထာ အာဋာနာဋိယသုတ်အဖွင့်)

ပရိတ်နာယူသော ပုဂ္ဂိုလ်၏ အင်္ဂ`ါ၎ပါး
====================

၁။ (အမိကိုသတ်ခြင်းစသည်) ပဉ္စာနန္တိယကံ ဟူသော ကမ္မန္တရာယ်မရှိခြင်း။

၂။ (ကံ-ကံ၏အကျိုးကို မယုံကြည်ခြင်း) နိယတမိစ္ဆာဒိဋ္ဌိဟူသော

ကိလေသန္တရာယ်မရှိခြင်း။

၃။ ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို သက်ဝင်ယုံကြည်သော

သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။

၎။ ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာ နာယူခြင်း။

ဆောင်ပုဒ်။ ။ အနန္တရိယံ၊ ကံငါးတန်၊ လွန်ရန်တစ်အင်္ဂ`ါ။

နိယတဒိဋ္ဌိ၊ ယူမှားသိ၊ မရှိ တစ်အင်္ဂ`ါ။

ပရိတ်တော်ဂုဏ်၊ သဒ္ဓါပုံ၊ ကြည်ယုံ တစ်အင်္ဂ`ါ။

လေးစားရိုသေ၊ နာယူပေ၊ မှတ်လေ၊ တစ်အင်္ဂ`ါ။

အင်္ဂ`ါလေးပါး၊ ပြည့်စုံငြား၊ နာကြား ဘေးရန်ကွာ။

ရွတ်သူ နာသူ၊ ပေးအယူ၊ ညီမှု ကျိုးများပါ။

အားလုံးသော သူတော်စင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါေ

ဆားတစ်ဆုပ်

ဆားတစ်ဆုပ် ။
----------------
ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့
စိတ်ဓါတ်ကျပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ကို ပညာရှိကြီးက ရေဖန်ခွက်ထဲ ဆားတစ်ဆုပ်ထည့်မွှေပြီး သောက်ခိုင်းတယ်။
"ဘယ်လိုအရသာမျိုး လဲ"
“ခါးတူးနေအောင် ငံပါတယ်”
ပညာရှိကြီးက သူ့ကိုနောက်ဆားတစ်ဆုပ်ယူခိုင်းပြီး မြို့ပြင်ဘက်ကို ခေါ်လာတယ်။

မြို့အပြင်က ကြည်လင်တဲ့ ရေကန်ကြီးတစ်ကန်နား ရောက်တော့.. ခုနကယူလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ထည်ပြီး ထပ် သောက်ခိုင်းတယ်။
လူငယ်ကကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ပြီး သောက်တယ်။

“အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ”
“ လတ်ဆတ်ပြီး ချိုမြတယ်။”
“စောစောတုန်းကလို ငံသေးလား”
“ မငံတော့ပါဘူး.”
“ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဆားနဲ့တူတယ်..
ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ ဆိုင်တယ်.. .
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းခံစားရမယ်။
ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊
စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူး။”

" ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ၊
ကိုယ့်ကိုယ်ကို ဖန်ခွက်သေးသေးတစ်လုံး မဖြစ်စေနဲ့။
ရေကန်ကြီးတစ်ကန်လို ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”

creditးFire Fly>> “Stop being a glass. Become a lake.”
မူရင်း ရေးသူမသိပါ။
ဆားတစ်ဆုပ် ။
----------------
ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့
စိတ်ဓါတ်ကျပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ကို ပညာရှိကြီးက ရေဖန်ခွက်ထဲ ဆားတစ်ဆုပ်ထည့်မွှေပြီး သောက်ခိုင်းတယ်။
"ဘယ်လိုအရသာမျိုး လဲ"
“ခါးတူးနေအောင် ငံပါတယ်”
ပညာရှိကြီးက သူ့ကိုနောက်ဆားတစ်ဆုပ်ယူခိုင်းပြီး မြို့ပြင်ဘက်ကို ခေါ်လာတယ်။

မြို့အပြင်က ကြည်လင်တဲ့ ရေကန်ကြီးတစ်ကန်နား ရောက်တော့.. ခုနကယူလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ထည်ပြီး ထပ် သောက်ခိုင်းတယ်။
လူငယ်ကကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ပြီး သောက်တယ်။

“အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ”
“ လတ်ဆတ်ပြီး ချိုမြတယ်။”
“စောစောတုန်းကလို ငံသေးလား”
“ မငံတော့ပါဘူး.”
“ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဆားနဲ့တူတယ်..
ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ ဆိုင်တယ်.. .
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းခံစားရမယ်။
ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊
စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူး။”

" ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ၊
ကိုယ့်ကိုယ်ကို ဖန်ခွက်သေးသေးတစ်လုံး မဖြစ်စေနဲ့။
ရေကန်ကြီးတစ်ကန်လို ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”

creditးFire Fly>> “Stop being a glass. Become a lake.”
မူရင်း ရေးသူမသိပါ။

လူကြီးဆိုတာ

လူကြီးဆိုတာ
**********

မေး ။ ။ ဆရာ...သမီးက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။
သမီးက ယောက္ခမနဲ့အတူနေဲ့အတူနေတာပါ။သမီးယောက္ခမက
သမီးအပေါ်ကောင်းပါတယ်။ဒါပေမယ့် ယောက္ခမကက နောက်
ကွယ်မှာ ဖောက်ပြန်နေတယ်။အဲဒီကိစ္စကို သမီးလက်မခံနိုင်ဘူး။
သူ့ကိုလည်း အခေါ်အပြောမလုပ်ချင်တော့ဘူး။ငရဲကြီးမှာလည်း
ကြောက်တယ်။သမီးလုပ်ရပ်မှန်ကန်ပါသလား။သမီး ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်သလဲ ဆရာ။ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာ။

ဖြေ ။ ။ သမီးရေ...လူကြီးတိုင်းကို လူကြီးလို့မထင်ပါနဲ့...တစ်ချို့
လူကြီးတွေက အသက်တော့ကြီးလာပေမယ့် စိတ်ကတော့
ကလေးစိတ်ပဲ ရှိသေးတယ်.... တစ်ချို့လူငယ်တွေကျတော့လည်း လူကသာငယ်နေတာ စိတ်ကလူကြီးစိတ်ဖြစ်နေပြီ၊ရင့်ကျက်နေပြီ.....ဝိသာခါရဲ့ယောက္ခထီးက ဝိသာခါကို ဝိသာခါမာတာ လို့ခေါ်ခဲ့ဖူးပါတယ်....မာတာဆိုတာ မိခင်ပါ.....ဒါ့ကြောင့် အသက်ကြီးနေတဲ့ သူတိုင်းကို လူကြီးလိုမဆိုထိုက်ဘူး......ထိုသူရဲ့ဉာဏ်ပညာကြီးမှသာ လူကြီးလို့ ခေါ်ထိုက်တယ်......သမီးရဲ့ယောက္ခမကို အဆိုး၊အကောင်းမသိ
သေးတဲ့ လုပ်ချင်တာ ဇွတ်လုပ်တတ်တဲ့ ကလေးတစ်ယောက်လိုသဘောထားပြီး
ဥပေက္ခာပြုထားလိုက်ပါ...လူတစ်ယောက်ကိုစိတ်ဆိုးရင် စိတ်ဆိုးနေတဲ့ တခဏအတွင်းမှာ အဲဒီလူရဲ့ ကောင်းကျိုးမှန်သမျှကို လုပ်ဆောင်မပေး
တော့ဘူး...လူတစ်ယောက်ကိုစိတ်နာရင် အဲဒီလူရဲ့ကောင်းကျိုးမှန်သမျှကို
တစ်သက်လုံး မျက်ကွယ်ပြုလိုက်ပြီ...လူတစ်ယောက်ကို ဥပေက္ခာပြုရင်
အဲဒီလူကို မိမိစိတ်ထဲကနေထုတ်ပယ်ထားပြီး သူ့ရဲ့ကောင်းကျိုးမှန်သမျှကိုဆောင်ရွက်ပေးတယ်။
စိတ်ဆိုး၊စိတ်နာ နဲ့ ဥပေက္ခာ တို့ရဲ့ကွာခြားချက်ပါ။သမီးသူ့ကို ကလေးတစ်ယောက်လို သဘောထားခြင်းအားဖြင့် သမီးက
လူကြီးဆန်လာမယ်။သမီးရဲ့နှလုံးသားမှာ ရင့်ကျက်မှု အပေါင်း
တစ်ခုတိုးလာမယ်။ "အော်...ငါ့ယောက္ခမက ကလေးအသိဉာဏ်
လောက်ပဲရှိပါသေးလား..." လို့တွေးပြီး သူ့ကို သနားရမယ်။
သူ့ကို သနားတတ်ရင် သမီးနှလုံးသားမှာ မေတ္တာ အပေါင်းတစ်ခုတိုး
လာမယ်.....သမီးနှလုံးသားထဲကို ရင့်ကျက်မှုတွေ၊မေတ္တာတရားတွေ ပေါင်းထည့်ပေးမယ့် အတွေးတွေကိုပဲ တွေးပါ.....သမီးနှလုံးသားထဲက ရင့်ကျက်မှုတွေ၊မေတ္တာတရား
တွေကိုနုတ်ယူသွားမယ့်အတွေးတွေကိုမတွေးမိပါစေနဲ့....ရှောင်ပါ...
တွေးမိခဲ့ရင် သတိလေးကပ်ပြီး ဉာဏ်နဲ့သိပေးပါ....
" လူကြီးဆိုတာ အကောင်းအဆိုး ၊အကြောင်း အကျိုး၊
အမှား အမှန် ခွဲခြားနိုင်ရတယ် "
" လူကြီးဆိုတာ ကုသိုလ်၊အကုသိုလ်ကို ခွဲခြားသိနိုင်သူဖြစ်တယ် "
" လူကြီးဆိုတာ မလိမ်ရဘူး၊မခိုးရဘူး၊သူတစ်ပါးသားပျို သမီးပျိုကို
မဖျက်ဆီးရဘူး၊သူတစ်ပါးကို မသတ်ဖြတ်ရဘူး၊အရက်သေစာမသောက်
စားရဘူး "
" လူကြီးဆိုတာ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားသိ
ရတယ် "
" လူကြီးဆိုတာ ကိုယ်ကောင်းစားဖို့ထက် အများကောင်း
စားဖို့ကို ဦးစားပေးဆောင်ရွက်နိုင်ရတယ် "
" လူကြီးဆိုတာ ကိုယ်ကိုယ်တိုင်ချမ်းသာလာအောင်ကြိုး
စားနေတဲ့အပြင် အများပြည်သူချမ်းသာလာအောင်
ဆောင်ရွက်ပေးနေသူဖြစ်တယ် "
ဆိုတာကိုတော့ နောင်တစ်ချိန် အသက်ကြီးလာမယ့်သမီး
မှတ်ထားပေးပါ။
မြင့်မားတဲ့ မွေးရာပါ အိုင်ကျူနဲ့ ကိုယ့်ဘဝတိုးတက်အောင် လုပ်နိုင်သူကို "လူတော် "လို့ခေါ်တယ်။ ကောင်းတာတွေးနေသူ၊
ကောင်းတာပြောနေသူ၊ကောင်းတာ
လုပ်နေသူကို "လူကောင်း "လို့ မြတ်ဗုဒ္ဓ
ဟောထားဘူးတယ်။သမီးလေးလည်း
"လူတော် လူကောင်း "တစ်ယောက်
ဖြစ်နိုင်ပါစေ။
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်
ကငင်းကွာကြပါစေ။

ဦးတိုးအောင်

ကူယူတင်ပြပေးပါသည်(ပျိုးခင်းရှင်)
 

လူနှစ်မျိုး

လူနှစ်မျိုး
**********
လောကကြီးတွင် လူနှစ်မျိုးရှိ၏။ပထမတစ်မျိုးမှာ
သူတစ်ပါးအကြောင်း အမြဲတွေးနေသူဖြစ်၏။သူတစ်ပါးအ
ကြောင်းအမြဲပြောနေသူဖြစ်၏။သူတစ်ပါးတိုးတက်ရာလမ်းကြောင်းကို လိုက်လံပိတ်ဆို့နေသူဖြစ်၏။ထိုသူမျိုးသည် သူတစ်ပါးနှာခေါင်းပေါက်နှင့်အသက်ရှူနေ၍ လူဖြစ်ရကျိုးမနပ်ပေ။သူတစ်ပါး၏စိတ်နှင့် အသက်ရှင်နေ၍ လူဖြစ်ရကျိုးမနပ်ပေ။တစ်ပါးသူအကြောင်းကို ချစ်၍လည်းတွေးနိုင်၏။မုန်း၍လည်းတွေးနိုင်၏။ချစ်ခြင်းသည် လောဘ သသဘောဖြစ်၏။လောဘနှင့်သေလျှင် ပြိတ္တာဖြစ်ရ၏။မုန်းခြင်းသည်ဒေါသသဘောဖြစ်၏။ဒေါသနှင့်သေလျှင် ငရဲဘုံသို့ကျရ၏။လောဘ၊ဒေါသဖြစ်တိုင်း မောဟသည် တွဲပါလာမြဲဖြစ်၏။မောဟနှင့်သေလျှင် တိရစ္ဆာန် ဖြစ်ရ၏။သို့ဖြစ်ပါ၍ သူတစ်ပါးအကြောင်းတွေးလျှင် ကိုယ့်အတွက်အရှုံးသာကျန်၏။ထိုသူသည်မည်သို့ပင် ဗုဒ္ဓဘာသာဝင်အဖြစ်
ခံယူစေကာမူ ဗုဒ္ဓဘာသာစစ်စစ်မဟုတ်။ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော
လူတစ်ယောက်မျှသာဖြစ်၏။အဘယ့်ကြောင့်ဆိုသော်
မြတ်ဗုဒ္ဓ၏အဆုံးအမတိုင်းသည် သူတစ်ပါး၏စိတ်ကိုသိပေးရန်ဆုံး
မထားခြင်းမဟုတ်။မိမိတို့၏စိတ်ကိုသာ သိပေးရန်သာ ဆုံးမထား
ခြင်းဖြစ်ပါ၏။
ဒုတိယလူတစ်မျိုးမှာ မိမိအကြောင်းအမြဲတွေးနေ
သူဖြစ်၏။မိမိအကြောင်းအမြဲသိပေးနေသူဖြစ်၏။မိမိတိုး
တက်ရာတိုးတက်ကြောင်းအလုပ်ကို အမြဲပြုလုပ်နေသူဖြစ်၏။
ထိုသူသည် လက်ရှိပစ္စုပ္ပန်ဘဝတွင် စိတ်ချမ်းသာစွာနေရ၏။သတိနှင့်
ကောင်းစွာနေသဖြင့် မဂ်လေးတန်ဖိုလ်လေးတန်ကိုလက်
ငင်းချက်ချင်းရနိုင်၏။ နိဗ္ဗာန်ကိုပင် မျက်မှောက်ပြုနိုင်ပါ၏။
သေလျှင်လည်း သုဂတိဘုံသို့သာ ရောက်ရ၏။သို့ဖြစ်ပါ၍ မိမိအကြောင်းကိုသာ သိပေးနေသူသည် လောကီလောကုတ္တရာတို့
၌ အမြတ်များသာရပါ၏။ထိုသူ့ကို ဗုဒ္ဓဘာသာစစ်တစ်ယောက်ဟု သတ်မှတ်နိုင်ပါ၏။ထိုသူသည် ဗုဒ္ဓဘာသာဝင်ပီပီ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်မစံခင်
နောက်ဆုံးအမှာစကားကိုအလေးအနက် ထားသူလည်းဖြစ်၏။
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
" ချစ်သားတို့ မမေ့မလျော့ သတိတရားနှင့်နေကြကုန်လော..."
သုံးလောကထွတ်ထားမြတ်စွာဘုရား၏ မဟာဂရုဏာတော်
အနှိုင်းမဲ့ မေတ္တာတော်တို့ဖြင့်မှာကြားခဲ့သော
စကားလေးတစ်ခွန်းကြောင့် ကျွန်ုပ်၏နှလုံးသား၌
ဝမ်းနည်းကြည်နူးမှုလေးတစ်ခုကို
နွေးထွေးစွာခံစားသိရှိလိုက်ရ၏။

ဦးတိုးအောင်

admin (p.k.s) မှတင်ပြပေးပါသည်

Wednesday, January 8, 2014

ခံစားမှုအပိုင်းအစများ

ခါးသီးလိုက်တာ
ဘယ်လိုနာလည်ပေးရမလဲ
ဘ၀ဆိုတာယုံချက်ကိုပုံဖော်ထုဆစ်နေခြင်းပါ
ကိုယ်ယုံကြည်ရာလျှောက်လှမ်းဖို့
ဘယ်သူ့ကိုမှ အောက်မကျို့လိုဘူး
ဘ၀မှာကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ
ကိုယ်ယုံကြည်ရာကိုလုပ်နေရလို့ စိတ်ချမ်းသာပါတယ်
အောင်မြင်သည်ဖြစ်စေ
ရှုံးနိမ့်သည်ဖြစ်စေ
အဲ့ဒီအမှန်တရားကိုလက်ခံနိုင်ရဲပါတယ်
ကိုယ့်ရဲအနာဂါတ်ကိုကိုယ်ကိုတိုင်ပဲဖန်တီနေကြတဲ့လောကကြီးထဲမှာ
တခြားသူရဲ့အမြင်ဆိုတဲ့သူ့ရဲ့ယုံကြည်မှုနဲ့
ကိုယ့်ဘ၀ကိုပုံဖော်လို့မရနိုင်ပါဘူး။
လူဆိုတာကိုယ်ယုံကြည်ရာကိုပဲလုပ်ဆောင်နေကြတာပါ
ကိုယ်ယုံကြည်တဲ့အရာကိုတခြားသူတစ်ဦးက
မှားပါတယ်ပြောရအောင်အဲ့ဒီလူုကကိုယ်မှမဟုတ်လေဘဲ။
ဘယ်လိုခံယူချက်နဲယုံကြည်ရမလဲပြောကြပါ။
ကိုယ့်ဘ၀ကိုကိုယ်လောက်ဘယ်သူကပိုပြီးတော့သိနိုင်မလဲ
ကိုယ်လျှောက်လှမ်းနေတာခရောင်းလမ်းဖြစ်ချင်ဖြစ်မယ်
ပန်းခင်းလမ်းလည်းဖြစ်နိုင်ပါတယ်
ဒါပေမယ့်
ကိုယ့်ရဲ့ခံယူချက်ပျတ်ပြားအောင်လုပ်တာစေတနာတဲ့လား။
နေထိုင်ရှင်သန်ရာဘဝ
အသက်ဂုဏ်ဝါ
ခံယူချက်ဘ၀အမြင်
IQ & EQ အနိမ့်အမြင့်
အလုပ်အကိုင်ပတ်ဝန်ကျင် စတာစတာတွေမတူညီကွဲပြာသလို
ဘ၀အမြင်တွေကွဲပြားနေတက်ပါတယ်
ဘယ်သူမှန်တယ်မှားတယ်ဘယ်သူမှမဆုံးဖြတ်နိုင်ဘူး
အမှန်တရာကရှိပြီးသားပါ။
လူမိုက်မှာလူမိုက်အမြင်နဲသူပဲမှန်တယ်ထင်နေသလိုမျိုးပါပဲ။
လူသားတွေဟာကိုယ်အတ္တကိုယ်ယုံကြည်ချက်နဲ့ပေါင်ဆုံလိုက်မိတဲ့အခါ
လူမိုက်ကြီးတွေဖြစ်နိုင်သလို
လူတော်ကြီးတွေလည်းဖြစ်လာနိုင်ပါတယ်
ဘာပဲဖြစ်ဖြစ်ကိုယ်ယုံကြည်ရာကိုတော့ကိုယ်မှန်တယ်ထင်နေသမျှ
ပြုမူနေတက်ကြတာလောကသဘာဝပါပဲ။
ဒါကြောင့်ကိုယ်ယုံကြည်ရာသည်ကိုယ့်ရဲ့အမှန်တရားမို့
ကိုယ်ယုံကြည်ရာသည်လောကအမှန်တရား
ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့်တရာသောယုံကြည်မှုမှန်သမှ
အမှန်တရားနှင့်မဝေးတက်တာမို့
ကိုယ်ရဲ့ဘ၀ကိုကိုယ်ကိုတိုင်ပုံဖော်ချင်တာ
ကိုယ်ရဲ့ခံယူချက်တခုပါ။

ပျိုးခင်းရှင်(မစိုးရိမ်) 8.1.2014.

အလုပ်တွင်ထားရှိရမည့်စိတ်ထားများ

အလုပ်တွင် ထားရှိရမည့် စိတ်ထားများ

(၁) တစ်ပါးသူအပေါ် လေးစား ချစ်ခင်ပါ။
(၂) မလိမ်ပါနှင့်။
(၃) လူမှုဆက်ဆံရေး ကောင်းမွန်ပါစေ။
(၄) အမြဲတန်းပြုံးပြုံး ရွှင်ရွှင်နေပါ။
(၅) စိတ်ထိခိုက်စရာ ရှိပါက ဖြေသိမ့်ပါ။
(၆) ဘယ်တော့မှ အသားစီးကနေ မပြောပါနှင့်။
(၇) မိမိ၏ အတ္တတွေကို သိမ်းဆည်းထားပါ။
(၈) မိမိကိုယ့်ကိုယ် နှိမ့်ချနေပါ။
(၉) အရင်နှင့်ယခု ဘာကွာသလဲဟု အမြဲနှိုင်းယှဉ်ပါ။
(၁၀) အလုပ်လုပ်ချင်စိတ် အပြည့်ရှိပါစေ။
(၁၁) မိမိဟာ perfect person လို့ ဘယ်တော့မှ မတွေးပါနှင့်။
(၁၂) သူများ၏ ခံစားချက်ကို ဦးစားပေးပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

ကိုယ်ခြင်းစာတရား

(ဖတ်ကြည့်စေချင်ပါတယ်။ အရမ်းကောင်းပါတယ်)
.......

ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ် ...။ အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ ...။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ် ...။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"

"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။

ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....

ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။

သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။

မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

ချစ်ခြင်း

ရာဂေါ မေတ္တောဝယ ဝဉ္ဇေတိ ။
ရာဂဟာ မေတ္တာယောင်ဆောင်ပြီတော့လှည့်ပါတ်တက်ပါသတဲ့။
ကိုယ်ထင် နေမြင်နေမိတာကမေတ္တာပဲလို့ပေါ့ ဒါပေမယ့်တခါတလေကျတော့အဲ့ဒါဟာမေတ္တာမဟုတ်ဘဲတဏှာရာဂဖြစ်နေတက်ပါသတဲ့။
မေတ္တာနဲ့ရာဂဟာချစ်တာခြင်းတော့တူကြပါတယ်ဒါပေမယ့်ဖြူစင် မှုရှိခြင်းမရှိခြင်းကတော့မိုးနဲ့မြေကြီး
ပမာအ နေ တော့မနီးတက်ကြပါဘူး။
၁၅၀၀ကိလေသာနဲ့၅၂၈မေတ္တာစစ်ဟာမြင်နေရတာခြင်းတူနေရင်တောင် ခံယူတဲ့အမြင် ခြင်းမတူပါဘူး။ဒီလိုပါပဲဂေဟဿိတ ပေမလို့ခေါ်တဲ့အိမ်သူအိမ်သားအချစ်ဟာလည်း၅၂၈လိုမဖြူစင်ပြန်ပါဘူး။
မောင်နှမမိဘသူငယ်ချင်းအစရှိတဲ့သူတွေရဲ့မေတ္တာ၅၂၈မဟုတ်ပါ။ဂေဟဿိတပေမလို့ခေါ်တဲ့၉၇၂ချစ်ခြင်းပါပဲ။
သူမှာတဏှာရာဂမပါတဲ့သမုဒယတို့သောကဗျာပါဒတို့ရှိနေကျန်ပါသေးတယ်။
ဒါကြောင့်လည်းကိုယ့်သားသမီအကိုမောာင်နှမသူငယ်ချင်းတွေဟာစိုးရိမ်ကြောင့်ကြသောကဗျာပါဒတွေဖြစ်တက်ကြတာပါ။၅၂၈မေတ္တာမှာတော့အဲ့လိုဖြစ်တာတွေမရှိတော့ပါဘူး။

မြန်မာမလေး

မြန်မာမ လေး
~~~~~~~~

ပါကွက်က လေးဝိုင်းအောင်ခြယ်
ယဉ်ပေ့မ ထွေးငယ်
ရနံ့ကြွယ်တဲ့သနပ်ခါး
မ ထွေးတန်ဖိုးထား။

စကားယဉ်ကျေး ချိုချိုသာ
မ ထွေးချစ်စရာ။
သူငါရင် ထဲစွဲငြိသွား
နှုတ်ချို လှျှိုးတစ်ပါး။

နိုးကြားသိမ်မွေ့ ရိုကျိုးတာ
အ နေရိုးစင်းစွာ
မြန်မာဟန် ယဉ်ဓ လေ့
အစဉ်ထိန်းပါပေ့။

ရေးသူ = ရွှေမြာ=လှဝင်း

admin p.k.s

အမျိုးဘာသာသာသနာသစ္စာရှိကြပါ

အမျိုးဘာသာ သာသနာသစ္စာရှိပါကြပါ်
~~~~~~~~~~~~~~~~~~~~~~

ကိုယ့်လူမျိုးကိုယ့်ဘာသာကိုထိပါးပုတ်ခတ်လာရင် ဘယ်သူပဲဖြစ်ဖြစ်နာတက်ကြတာချည်းပါပဲ
ကိုယ့်ဘာသာကိုယ့်လူမျိုးကိုမထိပါးသရွှေ့စိတ်ကောင်းမွေးလို့ရနိုင် ပါသေးတယ်
ဘယ်လိုနိုင် ငံကြီးသားပဲဖြစ်နေပါစေအမျိုးသားရေကိုကိုယ်နဲ့မဆိုင် ဟုမ နေသင့်ပေ
ကိီုယ့်မြန်မာတွေရဲချစ်ခင်ဖော်ရွှေမှုကိုလည်းသူတိုတွေခုတုံးလုပ်အမြတမထုတ်ခဲ့ကြပြီပြီ
ဒီထက်ပိုကာစေတနာမ ကောင်းနိုင်တော့ပါဘူးကိုယ့်မြေမှာနေကိုယ့်ရေကိုသောက်ကိုယ့်အမျိုးဘာ
သာကိုစော်ကားတာလောက်မိုက် ရိုင်းတာမရှိတော့ပါဘူးဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့တာတွေဟာသင် ခန်းစာယူနိုင် ရမှာပါ။ုပြန်ပြင် လို့မရ တော့သမိုင်းကိုလက်ညိုးထိုးနေကြမဲ့အစားအဲ့ဒီအမှားကိအားလုံး
က၀ိုင်းဝန်ပြုပြင်ကြရမှာပါ။
သခင် မျိုးဟေ့ဒို့မြန်မာလို့ကြွေးကြော်ကာဘာသာခြားကိုအားပေးရာရောက်တဲ့အပြုအမှုတွေကိုရှောင်
နိုင် ရတော့မှာပါ။

ငြိမ်ချမ်းတဲ့ဘာသာတရားတိုင်းကိုမြန်မာပြည်ကကြိုဆိုပြီးသားပါ။ကိုယ့်အမျိုးကိုအနိုင် ကျင့်စော်ကား
ပုတ်ခတ်လာရင် တော့ပါရမီမြောက်သည်းခံခြင်းကိုမကျင့်သုံးနိုင် တာသိထားပါ။
နိုင် ငံတကာနယ်ပယ်ဘယ်ဘာသာတရားသည်ငြိမ်းချမ်းစွာနေသလဲဆိုတာအားလုံးလည်းအသိပါ
ကိုယ့်လူမျိုးတွေဘယ်နိုင် ငံရောက်ရောက်ငြိမ်ချမ်းစွာနေပြီအဲ့ဒီနိုင် ငံရဲဥပ ဒေကိုလိုက်နာကျင့် သုံးကြ
တာလည်းကိုယ့်ဘာသာရဲ့အဆုံးအမကိုလေးစာလိုက်နာကြလိုပါပဲ။
မြတ်စွာဘုရားကလည်းဘာသာမတူရင် ရန်သူလို့သတ်မတ် ရမယ်လို့ဘယ်တုန်းကမှမ ဟောခဲ့ပါဘူး
လူမိုက်ကိုမ ပေါင်းသင်းဖို့မင်္ဂလာတရားတော်မှာဟောထားပါတယ်ဘယ်လိုလူမျိုးကိုလူမိုက်လို့သက်
မှတ်လဲဆိုတာက တော့မတရားတာကိုကျင့်သုံးနေထိုင် သူကိုလူမိုက်လို့အကြမ်းဖျင်းသတ်မှတ်လို့ရပါ
တယ်။မတရားမှုကိုခွင့်ပြုတဲ့ဘာသာတရားအားပေးတဲ့ဘာသာတရားဟာလဲဘယ်တော့မှငြိမ်းချမ်း
တဲ့ဘာသာဖြစ်မှာမဟုတ်ပါဘူး။
အဲ့ဒီဘာသာရောက်တဲ့နေရာတိုင်းမှာငြိမ်းချမ်းမှုပျောက်ဆုံးကြတာလက်တွေ့ပါ။

တခြားဘာသာကိုပုတ်ခတ်ပြီးတော့မရှုံချချင် ပါဘူး
ကိုယ့်လူမျိုးတွေစည်လုံးပြီကိုယ့်အမျိုးကိုချစ်ကြဖိုပဲပြောချင် ပါတယ်။ကိုယ့်စည်ကိုလုံအောင် ကာရန်
တာဟာဘယ်လိုပဲဖြစ်ဖြစ်တရားပါတယ်။ကိုယ့်အ၀န်းအ၀ိုင်းတွင် မှာနေပြီကိုယ့်ကိုစော်ကားလာလို့
ကာကွယ်တာကိုလုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်လို့မှတ်စေချင် တယ်။
ဘယ်သူဘယ်သူကိုမှမထိခိုက်စေချင် ပါဘူး။မေတ္တာပေးလို့မေတ္တာပြန်မပြုဘဲရန်ပြုလာရင်တော့
မေတ္တာဆက်ပေးလို့မရနိုင် ပါဘူး။ကိုယ်ကသည်းခံလေ ရောင့်တက်လာလေဆိုရင်တော့ကိုယ့်အမျိုး
ပျောက်ဖို့ပဲရှိလိမ့်မယ်။

အမျိုးသာရေးအတွက်အားလုံးမှာတာဝန် ရှိပါတယ် ကိုယ့်လုပ်နိုင် တဲ့ဝန်ကိုထမ်းကြပါ။
ကိုယ့်နဲ့မဆိုင် ဟုသ ဘောထားခြင်းဟာအမျိုးကိုမချစ် ရာရောက်နေပါတယ်။
အမျိုးပျောက်မှနောင် တရကြမဲ့အစားမ ပျောက်ခင် ကကြိုတင် ကာကွယ်ကြပါ။

ရဟန်းသာံဃာတွေကိုဘယ်လိုစိတ်ထားနဲထောက်ပြမလဲ

“ရဟန်းသံဃာများအား ဘယ်လိုစိတ်ထားနဲ့ ဝေဖန်ထောက်ပြမလဲ”

မေး။ ။ အရှင်ဘုရား၊ မတော်မလျော် နေသော ရဟန်း၊ သာမဏေများကို အပြစ်ပြောလျှင် အကုသိုလ် ဖြစ်ပါသလား။

ဖြေ။ ။စိတ်ရင်းက သာသနာတော် ကောင်းစားစေလိုတဲ့ စေတနာရှိရင် အကုသိုလ် မဖြစ်ဘူး။

*** ကိုယ့်စိတ်ကို ဆုံးဖြတ် ***

သူ့ကို နှိပ်နှိပ်စက်စက် ပြောနေတဲ့အချိန်မှာ ကောင်းစားစေလိုတဲ့ စေတနာက မူရင်းပါပေမယ်လို့ သူပြောနေတဲ့အချိန် အကုသိုလ်ဆိုတော့လည်း ဖြစ်မှာပဲ။ ကိုယ့်စိတ်ကို ကိုယ်ဆုံးဖြတ်ပေါ့။ ငါ ဒေါသဖြစ်လိုက်တယ်ဆိုရင် အကုသိုလ်ပဲ။ ဒေါသမဖြစ်ဘူး။ အရှင်ဘုရား သာသနာဆိုတဲ့ဥစ္စာဟာ အင်မတန် မွန်မြတ်တယ် စသည်ဖြင့် ကိုယ့်အပြောနဲ့ ကိုယ့်စိတ်ကို ကိုထိန်းနိုင်လို့ရှိရင် ကုသိုလ်တွေသာ ဆက်ဖြစ်သွားမယ်။ ကိုယ့်စိတ်ကိုသာ ဆုံးဖြတ်ပါ။ ကိုယ်က ဒေါသနဲ့ ငါ ထိုးပြီးတော့ချလိုက်ရ ဘယ့်နှယ်နေမလဲ၊ ဘာလဲဆိုရင် အကုသိုလ်ဖြစ်မှာပဲ။ အကုသိုလ် မဖြစ်အောင် ကိုယ့်ဘာသာ ကိုယ်ထိန်းပြီးတော့ ချိုချိုသာသာ ပြောပေါ့။

*** ဆိုးဆိုးဝါးဝါး ဘုရားလက်ထက်က ရှိခဲ့ ***

သို့သော်လည်းပဲ တနေရာမှာ တော်တော်ဆိုးဆိုးဝါးဝါး ကိုယ်တော်တွေ ဘုရားလက်ထက်ကတည်းက ရှိတယ်။ အဲဒီ မသန့်ရှင်းတဲ့ ကိုယ်တော်တွေက ဘယ်သူတွေတုံးဆိုတော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေ၊ ကိဋာဂီရိ ဇနပုဒ်မှာ ဘယ်လို ဖြစ်နေကြပါတယ်။ သာသနာကို ဖျက်ဆီးရုံသာမကဘူး၊ လူတွေကပါ အဲဒီဘုန်းကြီးတွေကို သိပ်အားပေးနေကြတယ်။ လူတွေက သိပ်အားပေးနေတော့ ကောင်းကောင်း ကိုယ်တော်တပါးလာတော့ ဆွမ်းကို မလောင်းကြဘူး။ လူတွေပါ ပျက်စီးကုန်ပြီ။

*** မြတ်စွာဘုရားက နှင်ထုတ်ခိုင်း ***

အဲဒီအကြောင်းအရာတွေကို ဒကာကြီးတယောက်က ဘုရားကို လျှောက်ပေးပါဘုရားလို့-ဆိုတော့ ကိုယ်တော်တပါးက ဘုရားကိုလျှောက်တယ်။ လျှောက်တော့ ဗုဒ္ဓမြတ်စွာက သာရိပုတ္တရာ-မောဂ္ဂလာန်တို့ သင်တို့ရဲ့တပည့်တွေ၊ သွား အဲဒီနေရာမှာ မနေဖို့ရန် နှင်ထုတ်လိုက်ကြ-ဆိုတော့ အရှင်သာရိပုတ္တရာက သူတို့က နည်းနည်းကြမ်းပါတယ်ဘုရားတဲ့။ ထွက်ချင်မှ ထွက်မှာကိုး၊ ဗုဒ္ဓမြတ်စွာက များများ ခေါ်သွားတဲ့။ သူတို့က ကြမ်းရင် ဒီက ကြမ်းကြမ်းနဲ့ ချရတော့မှာ။ သာသနာက အမျိုးစုံ ဖြစ်ခဲ့တာမို့ ဘုန်းကြီးတို့ကလည်း သိပ်ပြီးတော့ ဗဟုသုတ လိုက်စားလာခဲ့တော့ သိနေတယ်။

*** မသန့်ရှင်းတဲ့ ကိုယ်တော်ပါလို့ သြ၀ါဒမပေး ***

တခါတုန်းက ဗုဒ္ဓမြတ်စွာ သြ၀ါဒပေးဖို့ရန် သီတင်းသုံးနေတော်မူတယ်။ သံဃာများကလည်း စည်းဝေးပြီးတော့ နေတယ်။ ဗုဒ္ဓမြတ်စွာကြည့်တော့ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်က ပါနေပြီ၊ မသန့်ရှင်းတဲ့ ပုဂ္ဂိုလ်တပါး။ ဒီတော့ သြ၀ါဒ မပေးဘူး။ အရှင်အာနန္ဒာက မြတ်စွာဘုရား ပထမယံလည်း လွန်သွားပါပြီ။ နေရတာလည်း သံဃာများမှာ အင်မတန် ကြာနေပါပြီ။ သြ၀ါဒ ချီးမြှင့်ပါလို့ လျှောက်ထားတယ်။ ဗုဒ္ဓမြတ်စွာက မလှုပ်ဘူး။ ဘာမှ အမိန့်မရှိ၊ ဒီလိုပဲ ထိုင်နေတော်မူတယ်။ သံဃာများကလည်း ငြိမ်လို့သာနေတယ်။ ဘာဖြစ်ပါလိမ့်မတုံး၊ ဘာလုပ်ပါလိမ့်မတုံး။
နောက် ဒုတိယ သန်းခေါင်ယံ ကျော်လာရော၊ သံဃာများ ထိုင်ရတာ ကြာပါပြီဘုရား၊ ဒုတိယ သန်းခေါင်ယံလည်း ကျော်လာပါပြီ။ သြ၀ါဒ ပေးတော်မူပါဘုရား၊ မလှုပ်ဘူး။

*** ရှင်မောဂ္ဂလာန်က ဆွဲထုတ်ပစ် ***

နောက်တော့ အရုဏ်တက်ခါနီးနေပြီ။ အရုဏ်လည်း တက်လုနီးနေပါပြီ ဘုရား၊ သံဃာများလည်း ထိုင်ရတာ ကြပါပြီ။ သြ၀ါဒပေးပါလို့ လျှောက်တော့ အာနန္ဒာ-မစင်ကြယ်တဲ့ ပရိသတ်ထဲမှာ ငါဘုရား သြ၀ါဒပေးရိုး မရှိဘူး။ ဒီလိုအမိန့်ရှိလိုက်တော့ အဲဒီမှာမှ ရှင်မောဂ္ဂလာန်က ကြည့်တာကိုး။ ဉာဏ်နဲ့ကြည့်တော့ တနေရာမှာ သီလပျက်နေတဲ့ ကိုယ်တော်တပါး တွေ့ရော၊ အဲဒီတင် ပုထုဇဉ် အသွားမျိုး ဆိုရင် ဒုန်းဒုန်းလို့ နေမှာပေါ့လေ။ ရှင်မောဂ္ဂလာန်က ဒေါသဖြစ်တာမှ မဟုတ်ဘဲ။ မှန်မှန်သွားပြီးတော့ ဘုန်းတော်ကြီးဘုရားက မစင်ကြယ်တဲ့ ပရိသတ်ကို မပေးဘူးဆိုပြီးတော့ သြ၀ါဒမပေးဘဲ နေတဲ့ဥစ္စာ သင် -ဒီလောက်တောင် ကြာကြာကြီး နေရသလား ဆိုကာ လက်ဆွဲပြီး ထုတ်ပစ်တာပဲ။

*** ခပ်ကြမ်းကြမ်း လုပ်ရမှာပဲ ***

ပုထုဇဉ်တွေသာ ဆိုလို့ရှိရင်တော့ဟာ ရှင်မောဂ္ဂလာန်ကြီး သိပ်ကို စိတ်ဆိုးတာပဲလို့ ပြောမှာပေါ့။ ရဟန္တာမို့လို့ စိတ်မဆိုးပါဘူး။ ဒါဖြင့် ဘာဖြစ်လို့ ဆွဲထုတ်ပစ်ရတာလဲဆိုရင် ဘုန်းကြီးတို့ သာသနာက ဒီလိုပါပဲ။ ကြမ်းသင့်တာကို ကြမ်းစေရတာပါပဲ။

(တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဖြေဆိုသည်။)

မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ

ဘ၀ထဲကသင်ခန်းစာ

ဘ၀ထဲက သင်ခန်းစာများ
▬▬▬▬▬▬▬▬▬▬
၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။

ဘာသာပြန်သူ - လူထုစိန်ဝင်း

Lesson For Life
By Ronald Russell
A Child that lives with ridicule
learns to be timid.
A Child that lives with criticism.
learns to condemn.
A Child that lives with distrust.
learns to be deceitful
A Child that lives with antagonism.
learns to be hostile.
A Child that lives with affection.
learns to love.
A Child that lives with encouragement
learns confidence.
A Child that lives with truth
learns justice.
A Child that lives with praise
learns to appreciate.
A Child that lives with sharing
learns to be considerate.
A Child that lives with knowledge
learns wisdom.
A Child that lives with patience
learns to be tolerant.
A Child that lives with happiness
will find love and beauty.

ဒီကဗျာလေးကို ရန်ကုန်မိဘမဲ့ဂေဟာမှာလည်း ရေးထားပါတယ်။ သတိထားမိတဲ့လူတိုင်း အမှတ်တရကူးလေ့ရှိသလို အနည်းဆုံးအသိတရားလေး ရသွားမယ့်မိဘများလည်း ရှိသွားခဲ့မှာပါ။ ဖတ်ပြီးလို့ကျေနပ်ရင် မျှဝေပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်ဗျာ။ မိဘမဲ့တွေရဲ့ဘ၀ကို မြင်ယောင်ပေးကြပါ...။

ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ
~~~~~~~~~

စိတ်ခံစားမှုအမြင့်မားဆုံးနဲ့
မေတ္တာထုကိုတည်ဆောက်ခဲ့တယ်
ဖြူစင် ရှင်းသန့်တဲ့ ၅၂၈
နှစ်လိုဖွယ် ရာ ၉၇၂မေတ္တာ(ဂေဟဿိတ ပေမ)
ရမ္မက်မကင်း ၁၅၀၀ချစ်ခြင်းတို့နဲ့ပေါ့။

ခံစားမှုစိတ်အစဉ်
လူတိုင်းပေါ်မှာမေတ္တာဝင် လို့
ရှေရှုမေတ္တာ ၅၂၈ပါ။
သန့်စင်ကြယ်တာအာလုံးအပေါ်မှာ
ချစ်သူမုန်းသူမခွဲခြားမူ တန်းတူထားမှု
ချစ်ခြင်းပြုတာ၅၂၈ပါ။

မောင်တွေနှမမိဘဆရာမျိုးသဟာမိတ်
သခင် အရှင် ချစ်ကြည်စိတ်စော
ထိုသ ဘောမှာ၉၇၂သာဖြစ်ပေ၏
ကျမ်းဂန်၌လာထိုမေတ္တာမှာ
ဂေဟဿိတ ခေါ်ဆိုကြ၏။
ထို့ကြောင့်သာလျင်
စိုးရိမ်သောကဗျာပါဒတို့
ဖြစ်ကြ လေတာ အမှန်ပါ။

လင် နှင့်မယားချစ် ရည်စားနဲ့
ချစ်ခြင်းမေတ္တာပုံပင် ကာပဲ
ရမ္မက်အာသာထိုတဏှာနှင့်
တွဲရစ်နှောင် ငင် သံယောဇဉ်တို့
စုဝေးပုံချစ် တဏှာစစ်မို့
ခေါ်ဆိုလေတာ ၁၅၀၀ ။

ချစ်တာချစ်တာချစ်စရာမို့
မေတ္တာ မေတ္တာချစ်ကြတာကို
မတားမြစ်ပါချစ်ကြပါ။

အချစ်အချစ်ဆေးမဖြစ်ဘဲ
ဘေးတရံလို ဘဝပျတ်စေဖို့ဖန်
အ ကြောင်းကံမလှပေးဆပ် ရတာ
ဝဋ်ကြွေးရယ်သာမှတ်လိုက်ပါ။

ပူလောင်းပြင်းပြတဏှာပေမကို
အေးမြကြည်လင် မေတ္တာရှင်ဖြစ်၅၂၈နှင့်
လဲနိုင် ဖို့ရာကြိုးစားကာပဲ
အချစ်စစ်အချစ်မှန်နဲ့
ချစ်နိုင်ကြ စေ တောင်းဆုချွေပါ၏။

ပျိုးခင်း အရှင်
ပျိုးခင်းရှင် မစိုးရိမ်
adminm (p.k.s))))))်

နှစ်သစ်ဆုတောင်

နှစ်သစ်ဆုတောင်း
~~~~~~~~~~
အတိက်ကအရိပ်မပါ
နှစ်သစ်ကိုကြိုဆိုလိုက်ပါ။
အတိတ်သမိုင်းကြောင်းကောင်းမ ကောင်းကို
သမိုင်းဆရာတွေရေးလိမ့်မည်။

ဒီနေ့နှစ်သစ်စိတ်အသစ်နဲ့
အ ကောင်းဆုံးကိုကြိုးစားမယ်။
စိတ်ညစ်နေလား မေ့ထားလိုက်ပါ
စိတ်ဆင် ရဲရင် စိတ်ပျော်ရွှင်အောင်
စိတ်ထားကောင်းလေးမွေးလိုက်ပါ။

စိတ်သစ်လူသစ်ဒီနှစ်သစ်မှာ
မနှစ်ကထက်ပိုကောင်းအောင်
မနှစ်ကအမှားဒီနေ့ဒီနှစ်
သင် ခန်းစာအဖြစ်မှတ်ယူပစ်ကာ
ကြိုးစားလိုက်ပါ။

နှုတ်ဆက်ပါသည် ၂၀၁၃
ကြိုဆိုပါသည် ၂၀၁၄
ဟိုဘက်ဒီဘက်ပြန်ပြောင်းလှည်တဲ့နှစ်အထူး
ကောင်းမြတ်ခြင်းတွေစုပုံထွန်းကာ
မြန်ပြည်သူအ ပေါင်မေတ္တာလောင်း၍
အားလုံးသတ္တဝါ ဝေ နေယျာ
ကိုယ်ကျန်းမာ၍စိတ်ချမ်းသာ
ကိုယ်က ကောင်း၍အ ပေါင်းမှာ
ကောင်းကျိုးအဖြာဖြာ
ဖြစ်ထွန်းစေ ကြောင်းဆုမွန်ကောင်း
တောင်းပေးပါတယ် အိုနှစ်သစ်။

ပျိုးခင်း အရှင်

ဆရာ့ဂုဏ်ဖော်ပြရန်ဝန်မလေးပါနှင့်

ဆရာ့ဂုဏ်ကို ဖော်ပြရန်
ဝန်မလေးပါနှင့်- မှ ဆရာ
=======================
ဂိရတိ သိဉ္ဖတိ၊ ဂိရတိ ၀မတိ ၀ါ သိေဿသု သိနေဟန္တိ ဂရု = အာစရိယော။ (ဏွာဒိမောဂ်၊၂) အရ

တပည့်ထောင်သောင်း၊ မှီသူပေါင်း၌၊ ချစ်မေတ္တာဓာတ်၊ သွန်းလောင်းတတ်၊
ဆရာမြတ်ဟုခေါ်။

တပည့်ထောင်သောင်း၊ သိဿပေါင်း၌၊ ချစ်မေတ္တာဓာတ်၊ ထွေးအန်တတ်၊ ဆရာမြတ်ဟုခေါ်။

သိဿာနံ ဟိတံ အာစရတီတိ အာစရိယော(ဓာန်ဋီ။၄၁၀)အရ

တပည့်အပေါင်း၊ ကြီးပွားကြောင်းကို၊ ကောင်းစွာမပြတ်၊ ကျင့်ပေတတ်၊ ဆရာမြတ်ဟုခေါ်` ဟူသည်နှင့်အညီ တပည့်တို့အပေါ်၌ ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာ၊ ၀မ်းမြောက်ခြင်း မုဒိတာတရားတို့ကို သွန်းလောင်းပေးတတ်၊ ထွေးအန်ပေးတတ်သောကြောင်းလည်းကောင်း၊ တပည့်ပေါင်းများစွာတို့၏ စီးပွားချမ်းသာဖြစ်ဖို့အတွက် ကျင့်ပေးတတ်သောကြောင့်လည်းကောင်း ဆရာဟုခေါ်သည်။

နတ်နှင့်တကွသော လောကကို အကျင့်ကို ကျင့်စေတတ်၊ သင်ကြားပေးတတ်သောကြောင့် မြတ်စွာဘုရားကို ဆရာဟုခေါ်သည်။ (အံ၊ ဋီ၊ ၃၊ ၂၂၅)

အကျင့်တို့ကို သင်ကြားပေးတတ်သောကြောင့် မိဘနှစ်ပါးကို ဆရာဟုခေါ်သည်။ (ဇာ၊ ဌ။ ၄။ ၁၈၀)

မစိုးရိမ်ကတထိက

မစိုးရိမ်ကျောင်းတိုက်ကြီး ရာပြည့်အထိမ်းအမှတ်-မှ မျှဝေသည်။
 

လွတ်လပ်သောနေ့


လွတ်လပ်သောနေ့
``````````````

လွန်ခဲ့ပါပြီအတိတ်ဆီက
66 တောင်ရှိခဲ့ပြီ
ဒီနေ့ဒီရက်သင်လွတ်လပ်ရဲ့လားမေလိုက်ချင်တယ်
ဖြေကြကွယ်။

အင်္ဂလိပ်ကျွန်လွတ်စစ်ကျွန်ဖြစ်ရ
မြန်ပြည်သူတို့ဘဝ
လွတ်လပ်ရေးကိုအပြည့်အ၀မရခဲ့တာအမှန်ပါ။

ဒီနေ့လိုမျိုးလွပ်လပ်ရေး
ဘယ်သူတွေများထပ်ပေးလေမလဲ
သိချင်ပါတယ် ။

အာဏာရှိသူအာဏာရူးလို့
မရှိသူများပူရတယ်။
အာဏာပေးလို့အာဏာပြရင်
သတ်ပစ်ချင်အောင်မုန်းလိုက်မယ်။

အတိတ်သမိုင်းကလွတ်လပ်ရေး
သက်စွန့်ကာပင်ယူခဲ့ပေးတဲ့
အားဇာနည်းများ မေ့မထားနဲ့။
ဒီလွတ်လပ်ရေးသူတို့ယူပေးခဲ့တာ
အမှတ်ရပါ။

အာဏာခုံမင် အို အာဏာရှင်တို့
ရှက်တက်ရင်လည်း ရှက်ကြပါ။
မရှက်တက်လိုမျက်နှာပြောင်တိုက်
ရာစုနှစ်တွေကုန်ဆုံးခဲ့တာ
အာဏာရူသူလူတစ်စုကြောင့်ပါ။

လွတ်လွတ်လပ်လပ်လွတ်လပ်ရေး
တိုးတက်မှုတွေဆင့်ကဲပေးတယ်။
မလွတ်လပ်တဲ့လွတ်လပ်ရေး
မလိုချင်ဘူး၊ပြန်ပေးခဲ့မယ်။

လွတ်လပ်မှုရှိအောင်စွမ်းဆောင်ပေးသူ
ငါတို့ဗိုလ်ချုပ် မင်းတို့အတွက်ယူခဲ့ပေးတာ
မဟုတ်ခဲ့ဘူးအာဏာရူတွေ။

ပန်းလိုချင်လို့အပင်ပျိုးသူ
ပန်းမပွင့်ခင်
အကြွေလွင့်စော
ပန်းမပျိုးသူလူတစ်စု
ဝိုင်းဝန်ခူးဆွတ် ချေဖွပစ်တယ်ရင်နာဖွယ်။

ဘာပဲဖြစ်ဖြစ်လွတ်လပ်ရေး
ငါတို့ရင်မှာအမြဲတမ်းမွေးမယ်
ဘယ်သူပြုပြု မပြုပြု
ငါတို့ဗိုလ်ချုပ် ငါတို့အလေးပြုမယ်၊
ငါတိုရင်မှာအမြဲတမ်း
လွတ်လပ်ရေးနေံရောက်တိုင်းလွမ်းမယ်။

အာဇာနည်းများဂုဏ်ပြုလျှက်
လွတ်လပ်ရေးကိုကြိုဆိုတက်ဖို့
ရွှေမြန်မာတိုင်းအမျိုးသာရေး
နိုးကြားသတိအမြဲမွေးပါ။

ဒီနေ့လိုမျိုးလွတ်လပ်ရေး
အမှန်တကယ်လွတ်လပ်ရေး
မြန်ပြည်သူတွေရစေရေး
လွတ်လပ်ရေးနေ့အမှတ်တရ
ဆုတောင်းစကားခွန်ချွေးလိုက်ရပါတယ်။

ပျိုးခင်းရှင်(မစိုးရိမ်)

မြစ်မင်းဧရာသနားပါ


မြစ်မင်းဧရာသနားပါ
^^^^^^^^^^^

မေခမလိခပေါင်းဆုံကြလို့
မြစ်မင်းဧရာဖြစ်ပေါ်လာ
သဘာဝမို့ချစ်စရာ။

သဘာဝကိုအန်တုလို့
မြစ်ဆုံလေးမှာဆည်ဆောက်ဖို့
cpi နဲ့အာဏာရှင်ပေါင်းစပ်
အဆန်းထွင်။
မြန်ပြည်သူရှင်လူအပေါင်း
ဝိုင်းဝန်ကာကွယ်စောင့်ရှောက်ပေး
အစိုးရကရပ်ဆိုင်းပေးတယ်။

ရပ်ဆိုင်းမကြာဆီးဂိမ်းလာပြီး
အကူညီပေးတရုပ်တွေးတယ်
မြစ်ဆုံးလေးတော့ရကောင်းရဲ့ပေါ့။
မျှော်တော်ယောင်စိတ်ကူးနဲ့
မြစ်မင်းဧရာဖျတ်ဆီးဖို့အတွက်မလာပါနဲ့
ပြန်လိုက်ပါ။

မြစ်ဆုံလေးမှာဆည်ဆောက်လို့
မြန်မာပြည်ကြီးကမ္ဘာ့အလယ်
တိုးတက်ထွန်းကာဘယ်လိုပင်ကျော်ကြားစေတော့
မလိုချင်ဘူးဂျောင်းလိုက်ပါ။

မြန်ပြည်သူတို့သွေးစက်တွေ
မြစ်မင်းဧရာမစွန်းပေစေချင်ပါ။
မြန်ပြည်အပေါ်တကယ်ပဲ
စေတနာတွေထားရင်ဖြင့်
တခြားနေရာမြှပ်နှံပါ။

မြစ်မင်းဧရာချမ်းသာဖို့
မြန်ပြည်သူတို့ဆုတောင်းစို့။

ပျိုးခင်းရှင်(မစိုးရိမ်)

Tuesday, November 26, 2013

ခံစားချက်တစ်စုံတစ်ရာဖြင့်
လောကကြီးကိုအမြင်မစောင်းပါလေနဲ့
ဘာပဲဖြစ်နေဖြစ်နေမင်းရထားတဲ့ဘ၀လေးဟာအကောင်းဆုံးပါ
ငွေမရှိလို့စိတ်မညစ်နဲ့ငွေရှိသူတွေရဲ့သောကမင်းထက်မကဆိုးလှပါတယ်
မပြည့်စုံလို့သောကမင်းမကြောင်းကြပါနှင့်
ပြည့်စုံပါတယ်ဆိုသူကမ္ဘာပေါ်တွင်ပုထုဇဉ်တို့သဏ္ဍာန်မြင်ရခြင်းမရှိပါဘူး
ဘ၀ဆိုတာဘာလဲ ? မင်းနာလည်အောင်ကြိုးပါ။
မင်းဘ၀ဘယ်လောက်ဆိုးဆိုးအဲ့ဒါဟာအဆိုးဆုံးမဟုတ်သေးဘူးဆိုတာမင်းနာလည်ထားပါ။
မင်းထက်မကအဆိုးတွေကြုံနေရသူကိုမင်းမြင်ရရင်
မင်းဘ၀ဆိုးတယ်ဆိုတာရယ်စရာဖြစ်နေပေလိမ့်မယ်။

ပျိုးခင်းရှင်(မစိုးရိမ်)
109/110 တို့ရေ
ဘ၀ဆိုးလှတယ်ဆိုတာတကယ်မဟုတ်ပါဘူး
ကိုယ့်ဘ၀ကိုကိုယ်ကကောင်းအောင်ပြုလုပ်နေသမျှဆိုးလှတယ်မထင်ပါလေနဲ
ဖြစ်သမျှအကြောင်းတိုင်းဟာအကောင်းမြင်စိတ်သာရှိရင်အားလုံးကောင်းမယ်လို့ထင်ပါတယ်
ကိုယ်ရပ်တည်နေတဲ့နေရာဟာဘယ်နေရာလဲဆိုတာတော့သိကြဖို့လိုတာပေါ့
ဘာမှမဟုတ်တဲ့သူတွေတောင်လုပ်ရင်းလုပ်ရင်းနဲ့ပဲထိပ်ဆုံးကိုရောက်လာခဲ့ကြတာပါ
မင်းတို့ဘ၀ကောင်းစာကြမယ်ဆိုတာဘယ်သူမယုံယုံငါယုံတယ်
ဒါကြောင့်မင်းတို့ဘ၀သာယာလှပဖို့ယနေ့မှ(သို့)အခွင့်အရေးရှိချိန်မှပေါ့
ကြိုးစားကြမယ်ဆိုတာငါကတော့အကြွင်းမဲ့ယုံပါတယ်ကွာ......။

ပျိုးခင်းရှင်(မစိုးရိမ်)

Monday, November 25, 2013

ကြေငြာချက်

စာမူကြမ်းကိုပြင်ဆင်ပြီးပြီးဖြစ်တဲ့အတွက် ၂၇ရက်နေ့တွင် အရာတာ် အ.ထ.ကနှင့်ရွှေပန်းကုံးအ.ထ.ကတို့တွင်စတင်ဖြန့်ဝေပေးပါမည်။
စာစောင်အား အခမဲ့ ဖြန့်ဝေလိုသူများနှင့်
ဆက်လက်တဆင့်ပြန်လည်ကူးယူဖြန့်ဝေလိုသူများဆက်သွယ်နိုင်ပါသည်။
စာစောင်အားမူရင်းအတိုင်းအကန့်အသတ်မရှိဖြန့်ဝေခွင့်ပြုပါသည်။
ပထမသုံးလ အလှူရှင်ကတော့
ဝက်လက်မြိုးနယ် ရွှေရိုးရွာ မှ ရတနာပျိုးခင်းအသင်းအသင်းသူ/သားများ မှ
သုံးလစာ (၃၀၀၀၀)ကျပ်လှူဒါန်းထားပါသည်။
ဒီလအတွက် စာစောင်ရွက်ရေ (၁၀၀၀)ရွက်ဖြန်ဝေပါမည်။နောက်လများတွင်
ရွက်ရေအပေါ်မူတည်ကာအလှူငွေအတိုးအလျှောရှိနိုင်ပါသည်။
အလှူရှင်များနှင့်သက်ဆိုင်ရာသူများသိစေနိုင်ရန်အတွက်ဆက်လက်တင်ပေးပါအုန်းမည်။

ပျိုးခင်းရှင်(မစိုးရိမ်)

ဆက်သွယ်ရန်။ ။ ဖုန်းနံပါတ် 09-256219938/ 09-402638303
အီးမေးလိပ်စာ။ ။ pyoekhinshin2013@gmail.com
aungmyintmyatmdy1500@gmail.com
ဖေ့ဘုတ်နှင့်ပေ့စာမျက်နှာ
https://www.facebook.com/pages/ရတနာပျိုးဥယျဉ်လူငယ်လစဉ်လက်ကမ်းစာစဉ်/1418110625073563?ref=hl

https://www.facebook.com/pyoekhinshin2013

ဘလောဂါ။ ။ http://yadanarpyoekhin.blogspot.com/

ဝင်ရောက်ဖတ်ရူနိုင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
"မွန်မြတ်သော ဆုတောင်း"

ငါသည် မည်သူ့ ကိုမျှ ဒုက္ခမပေးပါရစေနှင့် ၊
သူတစ်ပါးတို့ ၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်ရပါလို၏ ။

ငါသည် သူတစ်ပါးတို့ ၏ ဒုက္ခကိုပယ်ဖျောက်၊
ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏။

ငါသည် ငါ့ထက်သာလွန်သူကို မည်သည့် အခါမှ
အတုမပြိုင်ပါရစေနှင့်၊ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါစေလို၏။

ငါသည် လောက၏ဆိုးသော အခြေအနေ၌လည်း
စိတ်မပျက်ရပါစေနှင့် ၊လောက၏ကောင်းသော
အခြေ အနေကိုလည်း မတပ်မက်ရပါစေနှင့် ၊
ကောင်းဒဏ်ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူ ဖြစ်ရပါလို၏။

သီတဂူဆရာတော်ကြီး

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Friday, November 22, 2013

ခေတ်လူငယ်နှင့်ယဉ်ကျေးမှု


          နိုဝင်ဘာလအတွက်လက်ကမ်းစာစောင်စာမူကြမ်းလေးပါ


                                    ခေတ်လူငယ်နှင့်ယဉ်ကျေးမှု
    
           ဆယ်ကျော်သက်လူငယ်လေးတို့အတွက်ရည်ရွယ်လျှက်၂၀၁၃၊နိုးဝင်ဘာလမှစတင်ထုတ်ဝေသော လူငယ်လစဉ်လက်ကမ်းစဉ်တွင်ပထမဆုံးအဖြစ် ခေတ်လူငယ်နှင့်ယဉ်ကျေးမှုဟူသောခေါင်းစဉ်ဖြင့်လူငယ်လေး တို့သိသင့်ထိုက်ကျင့်သင့်ကျင့်ထိုက်သောမြန်မာ့ယဉ်ကျေးမှုအကြောင်းကိုစာရေသူနာလည်ခံယူထားသလို တင်ပြပေးပါရစေ။ဒီလက်ကမ်းစာစဉ်လေးကြောင့်လူငယ်များအသိအလိမ္မာဗဟုသုတတစ်စုံတစ်ရာရရှိမည်ဆို ပါကစာရေးသူအပင်ပန်းခံရေးရကျိုးနပ်၏ဟုခံယူပါတယ်။ 
    ယဉ်ကျေးမှုဟုဆိုရာဝယ်မြန်မာ့ယဉ်ကျေးမှုနယ်ပယ်သည်ကျယ်ဝန်းပါပေ၏ရိုးရာဓလေ့ထုံးတမ်းဘာသာ စာပေဂီတအနုပညာလူမှုပေါင်းသင်းဆက်ဆံရေးစသည်ဖြင့်များစွာပင်ရှိလို့နေပါသည်။အတုအယောင်မပီမပြင် ၀ိုးတ၀ါးဖြင့်သူများယဉ်ကျေးမှုကိုအတုခိုးထားသောယဉ်ကျေးမှုမဟုတ်။ကိုယ်ပိုင်ယဉ်ကျေးမှုရှိသောနိုင်ငံပင်ဖြစ်လေသည်။    
  ပုဂံခေတ်ဘုရင်အနော်ရထာ၏ဘာသာရေးအတုအယောင်အရည်းကြီးသာသနာကိုဖျတ်းဆီးလျှက် ရှင်အရဟံကိုယ်တော်မြတ်၏အဆုံးအမအောက်တည်ကာဗုဒ္ဓဘာသာကိုအထူးပင်အားထားယုံကြည်ကိုးကွယ်ခဲ့ပါသည်။ ထိုခေတ်ထိုအချိန်မှစတင်ကာမြန်မာ့ယဉ်ကျေးမှုသည်ဗုဒ္ဓဘာသာနှင့်ယဉ်တွဲလျက်ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုသည် လည်းအသက်ဝင်ပီပြင်လာခဲ့ပါလေသည်။ဘုရင်အနော်ရထာနှင့်ပုဂံပြည်သူ/ပြည်သားတွေရဲ့ဗုဒ္ဓဘာသာအပေါ်သက်ဝင် ယုံကြည်မှုအဘယ်မျှလောက်ကြီးမားသလဲဆိုရရင်တော့ပုဂံစေတီဘုရားတွေကပဲသက်သေခံလိုနေပါသည်။ယဉ်ကျေးမှု ဟူသည်သမိုင်းတွင်မြုပ်နှံထားအပ်သောအရာမဟုတ်ခေတ်အဆက်ဆက်လိုက်နာကျင့်သုံးအပ်ထိန်းသိမ်းစောင့်ရှောက် အပ်သောအရာပင်ဖြစ်သည်။နိုငငံတကာတွင်လည်းကိုယ့်ရိုးရာယဥင်္ကျေးမှုကိုထိန်းသိမ်စောင့်ရှောက်လိုက်နာကျင့် သုံးလျက်ရှိပါသည်။ 
     မည်သည့်နိုင်ငံကမှကိုယ့်ယဉ်ကျေးမှုပျတ်မည့်အခြားယဉ်ကျေးမှုတွေ၏လွှမ်းမိုးမှုကိုမခံယူလိုကြပါဘူး။ တခြားသူတွေ၏ယဉ်ကျေးမှုအဘယ်မျှလောက်ကောင်းကောင်းနေကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုလောက်ကောင်းသည် မထင်မမြတ်းနိုးမခင်တွယ်တက်ကြသည်မှာအမျိုးသားရေးစိတ်ဓါတ်ခံယူမှုကောင်းမြတ်ကြခြင်း ကြောင့်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့သည်မြန်ာလူမျိုးဖြစ်တဲ့ရွှေမြန်မာတို့အတွက်အဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုဖြစ် တာကြောင့်ရွှေမြန်မာတိုင်းသည်မြန်မာ့ယဉ်ကျေးမှုကိုလိုက်နာကျင့်သုံးထိန်းသိမ်းစောင့်ရှောက်ကြရန်အထူးပင်လိုအပ်နေပါ သည်။စာရိတ္တမဏ္ဍိုင်မယိမ်းယိုင်ခင်ဟိုယခင်ကကိုယ့်ယဉ်ကျေးမှုကိုအမြတ်တနိုးတန်ဖိုးထားတက်ကျင့်သုံးတက်သောရွှေမြန် မာတို့သည်ကမ္ဘာ့အလယ်နိုင်ငံတကာနယ်ပယ်မှာသူခိုးမရှိသောနိုင်ငံဟုပင်ကျော်ဇေားထင်ရှာခဲ့ပါလေသည်။   ယခုချိန်ခါမှာတော့ခေတ်တွေစနစ်တွေလူတွေမူတွေပြော်ငးလဲလာသည်နှင့်အမျှနိုင်ငံ၏ယဉ်ကျေးမှုဂုဏ်ဟာ လည်းတဖြည်းဖြည်းနှင့်မှေးမှိန်လာခဲ့လေသည်မှာနိုင်ငံတကာတွင်မျက်နှာငယ်စရာပင်ဖြစ်လိုကနေပါသည်။  သို့ပေမင့်အမှားကိုမြင်သောအချိန်အမှန်ကိုပြင်ခြင်းဟူသည်ဘယ်သောအခါမှနောက်ကျနေတာမျိုးမရှိပါဘူး။အချိန်မှီပဲ ရှိနေသေးတာကြောင့်ယခုမျိုးဆက်သစ်တို့၏ပြင်ဆင်ခြင်းဖြင့်နောင်မျိုးဆက်သစ်ပေါင်းများစွာတိုင်တည်စေနိုင်ဖို့ယခု မျိုးဆက်တို့မှာတာဝန်တို့ရှိနေပါသည်။     ထို့ထက်တဖန်မျိုးဆက်သစ်တွေကိုယဉ်ကျေးမှုအစစ်အမှန်များပေးနိုင်စေရေးယဉ်ကျေးမှုဂုဏ်မြင့်မာ လာရေးမျှော်တွေးကာအလေးထားပေးကြဖို့လိုနေပါသေးသည်။လည်ကတု့နှင့်တိုက်ပုံဝတ်ပုဆိုးတောင်ရှည်ခေါင်းပေါင်းမောင့် ကျတ်သရေဖြင့်သနပ်ခါးလေးပါကွပ်ကြားလိမ်းမှသာယဉ်ကျေးမငကိုထိန်းစောင့်တာမဟုတ်သလိုရင်ဖုံးအကျီ င်္ချိတ်ထမီးနှင့် ဆံထုံးတော်ကြီးမာန်ဝင့်လျှက်နြေ္ဒကြီးတခွဲသားနေမှသာယဉ်ကျေးတာမဟုတ်ပါဘူးကွယ်။မြန်မာမိန်းကလေးညီမလေးတို့ ဟာခေတ်နှင့်အညီယဉ်ကျေးမှုကိုတော့ထိန်းသိမ်းစေချင်ပါတယ်ကွယ်။ဖတ်ရှင်တခေတ်ဆန်းသစ်လာလို့ခေတ်ပေါ်ဖတ်ရှင်တို့ ကြာင့်စာရိတ္တတွေမပျတ်စီးစေလိုပါဘူး။မဖော်သင့်တာမပေါ်သင့်တာမတိုသင့်တာမခွဲသင့်တာ တွေမပါတဲ့လုံလုံခြုံခြုံဝတ်လို့ ရမဲ့ဖတ်ရှင်ကိုသာရွေးချယ်ကာဝတ်ပါလို့ပြောလိုပါတယ်ညီမလေးတို့ရေ။   အဲ့ဒီလိုမှမဟုတ်ရင်တော့ကျားတို့၏မာယာသမင်ငယ်၏မလိမ္မာမှု ပေါင်းစပ်မိရင်တော့အန္တရာယ်ဆိုတာအဝေးမှာ မဟုတ်အနီးမှာပဲရှိနေပေလိမ့်မယ်။မဖတိခေါ်ပဲအန္တရယ်ပေါင်းစုံကိုရင်ဆိုင်ရ ပေလိမ့်မယ်ညီမငယ်ဒါကြောင့်လိမ္မာ မှုဖြင့်နာလည်နိုင်ပါစေ။
       ယောကျာင်္လေးတွေဆိုရင်လည်းနည်းပညာတိုးတက်မှုတွေကြောင့်ဖျော်ဖြေရေးမီဒီယာတို့၏အားကောင်းခြင်းအင်တာနက်၏ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးဟာရွာကြီးတရွာလိုဆက်သွယ်မငတွေသတင်းအချက်အလက်တွေမြန်ဆန်လာခြင်းကြောင့် အတုမှားစရာတွေကအများကြီးပါပဲ။သရုပ်ပျတ်အ၀တ်အစားတွေနဲ့လူကြီးသူမတွေရှေ့ရဟန်းသံဃာတွေတွေရှေ့ဘုရားကျောင်း ကန်တွေမှာသွားလာလိုမသင့်တော်သောစတိုင်လ်တွေနဲ့RuppreတွေလိုလိုRocker တွေလိုလိုဆံပင်တွေထိုးလို့ ထောင်လောင် ကာလာအရောင်စုံတွေနဲ့စကားတွေဟောင်ဖွာဟောင်ဖွာပြောပြီးလူကြီးသူမတွေကိုမလေးမစားနဲ့ ဘိုးတော် ဘွားတော်ဘဲတွေ ဆော်တွေခေါ်ဝေါ်သုံးနှူန်းခြင်းတို့သည်ကိုယ့်အမျိုးဘာသာကိုစော်ကားရာရောက်ပြီးတော့ကိုယ့်ယဉ်ကျေး မှုကိုဖျတ်ဆီးရာရောက်ပါတယ်။အဲ့ဒီလိုဖြစ်နေခြင်းဟာလူငယ်လေးတွေအတွက်ပျတ်စီးရာလည်းဖြစ်ပါတယ်။       အဲ့ဒီလိုသရုပ်ပျတ်အ၀တ်အစားတွေဝတ်မှလူနားမလည်တဲ့စကားတွေပြောမှခေတ်မှီတယ်ခေါ်တာမဟုတ်ပါဘူးကွယ်။  တိုင်းတပါးသာတွေမြင်ရင်ဒါလားကွယ့်မြန်မာဆိုပြီးတော့အထင်သေးအမြင်သေးစရာတောင်ဖြစ်နေပါသေးတယ်။ကိုယ့်ယဉ် ကျေးမှုနှင့် မဆန့်ကျင်တဲ့ခေတ်ပေါ်အ၀တ်အစားတွေလည်းရှိလို့နေပါတယ်။သူများတကာတွေအမြင်မှာကဲ့ရဲ့ရာမဖြစ်မဲ့အ၀တ်အစားခေတ်ပေါ် ဖတ်ရှင်နဲ့လူအများနာဝင်ချိုစေမဲ့စကားတွေပြောပြီးကိုယ့်အမျိုးဘာသာကိုယ့်ယဉ်ကျေးမှုကိုခေတ်မှီမှီနဲ့စောင့်ထိန်းစေချင်ပါတယ်။ဒါမှ သာလျှင်ခေတ်မှီးတဲ့မြန်မာလူငယ်လေးတွေဟာယဉ်ကျေးမှုဂုဏ်ကိုစောင့်ထန်းနေကြတယ်ဆိုပြီးနိုင်ငံတကာကလေးစားမှုမြင့်မားလာ မယ်မဟုတ်လားကွယ်။လူငယ်တစ်ယောက်လူတစ်ယောက်ယဉ်ကျေးလိမ္မာသလားမယဉ်ကျေးမလိမ္မာဘူးလားဆိုတာဟာ အပြင်ပိုင်းဗဟိဒ္ဓ၀တ်စားဆင်ယင်မှုလူမှုဆက်ဆံရေးနှင့်ခွဲခြားလို့ရသလိုအတွင်းပိုင်းအဇ္ဈတ္တသဏ္ဍာန်၌စာရိတ္တကောင်းမွန်ခြင်း မကောင်းမွန်ခြင်းနဲ့ပါခွဲခြားလို့ရပါတယ်…။    ၀တ်စားဆင်ယင်မှုနဲ့ပါတ်သတ်တာကိုပြေားသင့်သလောက်ပြောပြီးပါပြီးစာရိတ္တပိုင်းဆိုင်ရာကိုဆက်ပြီးတော့ပြောရရင်တော့ စာရိတ္တဆိုတာကိုယ့်ကျင့်တရားကိုပြောတာပါ။စာရိတ္တသီလဆိုတော့ကိုယ့်ကျင့်သီလကိုပြောလိုတာပေါ့။ကိုယ်ကျင့်တရားဆို၍ လန့်မသွာပါလေနဲ့အုန်း။ကိုယ်ကျင့်တရားကောင်းမွန်သူဆိုတာဟာစိတ်ကောင်းစေတနာကောင်းတို့ဖြင့်အရာရာကိုအကောင်း မြင် တက်ကာကိုယ့်ထက်ကြီးသူကိုရိုသေရွယ်တူကိုလေးစားငယ်သူကိုသနားညှာတာလျှက်မိမိတို့ကျင့်ဆောင်ရမဲ့ဝတ္တရာတွေ ကိုကျေပွန်စွာထမ်းဆောင်ရင်းလူကြီးသူမဆရာသမားအသက်ဂုဏ်ဝါကြီးမြင့်သူတို့၏ကောင်းမြတ်သောလမ်းညွန်ဆုံးမမှုများကို နားထောင်တက်ကာမင်္ဂလာတရားတော်တွေကိုလိုက်နာကျင့်သုံးနေထိုင်သူတွေကိုစာရိတ္တကောင်းမွန်သူလို့ဆိုကြပါတယ်။ထိုသို့ စာရိဆ္ဆကောင်းမွန်ခြင်းသည်နိုင်ငံတော်တိုးတက်အတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်တာကြောင့်လည်းစာသင် ကျောင်းတွေမှာ စာရိတ္တပညာနှင့်ပြည်သူ့နီတိကိုနိုင်ငံတော်ကထည့်သွင်သင်ကြားပေးနေရခြင်းဖြစ်ပါသည်။    လူတစ်ဦးနှင့်တစ်ဦးမွေးဖွားရှင်သန်နေထိုင်ကြရာနေရာဒေသ မွေးရာပါမျိုးရိုးဗီးဇ စရိုက်ဝါသနာချင်းမတူညီကြတာကြောင့် စာရိတ္တပိုင်းရာများနှင့်စိတ်ဓါတ်ရေးရာတွင်ကောင်းမွန်သူများရှိသလို မကောင်းသောသူများလည်းရှိပါပေ၏။သို့ပေမဲ့အရာ အားလုံးပြီးပြည့်စုံသောသူမည်သည်တစ်ရာမှာတစ်ယောက်ဖြစ်ဖို့ရာအလွန်ပင်ခတ်ခဲပါပေ၏။မည်သူမဆိုအားနည်းချက်ကိုယ်စီရှိနေ တက်ကြတာဟာလောကတံထွာဓမ္မတာပေမို့ကိုယ်တစ်ယောက်တည်းမပြည့်စုံတာဟူ၍မထင်ပါလေနဲ့။ဒီလိုပြောလို့စိတ်အားလည်း ငယ်မသွာပါလေနဲ့အုန်း။ထိုသို့ပင်အားနည်းချက်ကလေးတွေရှိနေကြလင့်ကစား။ဘယ်သူမဆိုမည်သို့သောအရပ်ဒေသစရိုက်ဝါသနာ မျိုးရိုးဗီဇရျနေကြပါစေသင်ယူလေ့ကျတ်လိုက်နာကျင့်ကြံအပ်သောကောင်းမြတ်သောအကျင့်ကောင်းတို့ဖြင့်စာရိတ္တကောင်းမွန်သော ယဉ်ကျေးလိမ္မာသူများအမျိုးဘာသာကိုစောင့်ထိန်းသောလူလိမ္မာလူယဉ်ကျေးလေးများဖြစ် လာနိုင်တယ်ဆိုတာမေ့မထားကြပါနဲ့။သင်ယူပါလေ့လာပ်။ကိုယ့်ထက်ကြီးသူတွေရဲ့ကောင်းမြတ်သောအကျင့်တွေကိုလိုက်နာကျင့် သုံကြမယ်ဆိုရင်ဖြင့်ဘယ်လိုပဲစရိုက်ကြမ်းနေသူဖြစ်နေပါစေတဖြည်းဖြည်နှင့်ယဉ်ကျေးလိမ္မသူများဖြစ်လာကြရမှာမလွဲဧ ကန်အမှန်ပေတည်း။  လူငယ်မျိုးဆက်သစ်လေးတွေကိုဦးဇင်းပြောပြလိုတဲ့အသိလေးကတော့ငယ်ရွယ်စဉ်မှာအချိန်ကိုတန်ဖိုး ရှိစွာအသုံးချပြီးအသိပညာအတက်ပညာများကိုမပျင်းမရိဝီရိယထားလေ့လာဆည်းပူးကြပါ။အကြောင်းအမျိုးမျိုးကြောင့်   ကျောင်းပညာရေးကိုဆက်လက်မသင်ယူနိုင်ကြလင့်ကစားအသက်မွေးဝမ်းကြောင်းပညာတခုခုကိုတော့ဝမ်းရေးအတွက်မဖြစ် မနေသင်ယူလေ့ကျတ်ပါ။ဗဟုသုတကိုစာပေတွေကရောဘ၀ထဲကပါလေ့လာဆည်းပူးကြပါ။အချို့ဗသာဆယ်ကျော်သက်လူ ငယ်များနှင့်လူရွယ်လေးတွေကောလူကြီးပိုင်းတွေကပါပညာသင်ယူမှုပြီးကြသည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ရပ်နားကြရသည်ဖြစ်စေစာအုပ်စာပေတွေနှင့်ဝေးသွားတက်ကြသလို၊စာဖတ်းအားလည်း အတော်အားနည်းသွားကြလေ့ရှိပါတယ်။တကယ်တော့ဘ၀ဆိုတဲ့ကျောင်းတော်ကြီးမှာလူတိုင်းလူတိုင်းဟာ ဘ၀သင်ခန်းစာတွေကိုသင်ယူနေကြရတဲ့ထာဝရကျောင်း တော်သားလေးတွေပါပဲ။ ဘယ်တော့မှအားလပ်ရက်အားလပ်ချိန်ဆိုတာမရှိပါဘူး။အချိန်တိုင်းနေရာတိုင်းမှာသင်ယူနေကြရပါတယ်။ ဒါကြောင့်မို့ကိုယ့်ရဲ့ဘ၀ကိုယ့်ရဲ့လောကကိုယ့်ရဲ့အသိုင်းအ၀ိုင်းကိုယ့်နိုင်ငံရပ်ရွာနယ်ပယ်အမျိုးဘာသာသာသနာ ကိုကောင်းစေချင်တယ်တိုးတက်းထွန်းကားစေချင်တယ်ဆိုရင်တော့လုပ်သင့်တာကတော့စာဖတ်ခြင်းပါပဲ။ စာပေတွေကနေ ပေးတဲ့ဗဟုသုတတွေသင်ခန်းစာတွေစိတ်ဓါတ်ခွန်အားတွေအောင်မြင်ရေးလမ်းညွန်ချက် အစရှိတာတွေနဲ့တိုးတက်ကောင်းမွန်အောင်လုပ်ရမှာကနောင်တစ်ခေတ်ရဲ့ခေါင်ဆောင်တွေဖြစ် ကြမဲ့လူငယ်လေးတွေရဲ့တာဝန်ပါပဲကွယ်။စာပေနဲ့ပါတ်သက်တာစာဖတ်ရခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့ ပါတ်သက်တာကိုနောက်မှသီးသန့်ရေးပေးပါ့မယ်။ခုတော့ဖြင့်ယဉ်ကျေးမှုနဲ့ပါတ်သက်တာကိုအဆုံးသတ်ပါအုန်းမယ်။     ကိုယ်၏ယဉ်ကျေးခြင်း ကာယကံယဉ်ကျေးမှု၊နှုတ်၏ယဉ်ကျေးခြင်းဝစီကံယဉ်ကျေးမှု၊စိတ်၏ ယဉ်ကျေးခြင်းမနောကံယဉ်ကျေးမှုတို့ဖြင့်အပြင်၏ယဉ်ကျေးခြင်းအဆင်း၏ကောင်းခြင်းနှင့်ပြည့်စုံကြသောမျိုးဆက်တွေတိုး ပွားလာလေအမျိုးဘာသာသာသနာနဲ့ကိုယ့်ရဲ့ယဉ်ကျေးမှုအဓွန့်ရှည်ကြာတည်တံ့နိုင်လေပါပဲ။     ကာယကံယဉ်ကျေးမှုဝတ်စားဆင်ယင်ပြုမူနေထိုင်သွားလာခြင်း၌ယဉ်ကျေးတာ၊၀စီကံယဉ်ကျေးမှု သုံးနှုန်းပြောဆိုဆက်ဆံရာ၌ယဉ်ကျေးတာ၊ မနောက့ယဉ်ကျေးမှုစိတ်ကောင်းထား၍မကောင်းကြံစည်မှုမရှိဘဲအစဉ်သဖြင့်စိတ်ကောင်းမွေးခြင်း  ကာင်းမြတ်သည်ကိုသာလျှင်ကြံစည်တွေးတော့ဆင်ခြင်နှလုံးသွင်းခြင်းအစရှိ သည်ဖြင့်ယဉ်ကျေးခြင်း၏အဓိကကျင့်ဆောင်သင့်တာလေးတွေကိုမမေ့မလျှော့မပေါ့မဆ ပဲကောင်းမြတ်သောယောနိသောမနသိကာရတို့ဖြင့်ကျင့်ဆောင်ကြဖို့ ဦးဇင်းအနေနဲ့ဆုံးမသွန်သင်လမ်းညွန်ပါတယ်မောင်ညီမလေးတို့ရေ။          ယဉ်ကျေးခြင်းလိမ္မာခြင်းထူးချွန်ထက်မြတ်ခြင်းစာရိတ္တကောင်းမွန်ခြင်းအစရှိတာတွေ ဟာမျိုးဆက်သစ်လူငယ်မောင်ညီမငယ်တို့အတွက်အကောင်းဆုံး အဖော်မွန်တွေမို့အကောင်းဆုံးရှာဖွေလေ့လာသင်ယူကြပါကွယ်။     အစဉ်သဖြင့်တိုးတက်ပြောင်းလဲနေသောခေတ်ကြီးထဲမှာနည်ပညာတွေဘယ်လောက် ပဲတိုးတက်နေပါစေကိုယ့်ရဲ့အမျိုးကိုယ့်ရဲ့ဘာသာသာသနာ နိုင်ငံရဲ့ဂုဏ်သိက္ခဲာ့အမျိုးဘာသာရဲ့ယဉ်ကျေးမှုဂုဏ်ကိုတော့အကောင်းဆုံးထိန်းစောင့်ဖို့ မျိုးဆက်သစ်မင်းတို့ငါတို့ရောနောင်လာနောင်သားတွေရော ခုခေတ်မှာခုချိန်မှာအာဏာပါဝါလုပ်ပိုင်ခွင့်လုပ်နိုင်ခွင့်ရှိသူလူကြီးတွေမိဘပြည်သူတွေ အားလုံးအားလုံးမှာတာဝန်တွေကိုယ်စီကိုယ်ငှရှိနေကြတာကြောင့် ကျရာတာဝန်နိုင်ရာဝန်ကိုကျေးပွန်စွာထမ်းဆောင်ရင်းအမိမြန်မာနိုင်ငံတော် ကြီး၌ယဉ်ကျေးမှုအမွေအနှစ်များအဓွန့်ရှည်ကြာတည်တံ့နိုင်စေဖို့နဲ့မြတ်ဘုရား၏ သာသနာတော်သည်လည်းငါးထောင်မကတည်တံ့စေရေးစိတ်မှာတွေး၍ နိုးဆော်ပေးရင်းဆောင်းပါးလေးကိုအဆုံးသတ်ပါရစေ။     
(ပထမဆုံးသောလ ပထမဆုံးသောလုပ်ဆောင်ချက်တို့ဖြင့်ပထမဆုံးသောဆောင်းပါးလေးတွင် လိုအပ်ချက်အားနည်ချက် တွေများစွာပင်ရှိနေနိုင် တာကြောင့်အကောင်းဆုံးကိုရှုမျှော်တွေးရင်းယောနိသောမနသိကာရတို့ဖြင့်ဝေဖန်      အကြံပြုပေးကြပါရန်ထောက်ပြပြောဆိုကြပါရန်တိုင်တွန်းပါရစေ)
                                      
            ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အားလုံးသတ္တ၀ါဝေနေယျတိုဗုဒ္ဓမြတ်စွာရှင်တော်၏မဟာဂရုဏာမေတ္တာရိပ်အောက်တွင်   အစဉ်အေးချမ်းစွာတည်ရှိနိုင်ပါစေ

ပျိုးခင်းရှင် (မစိုးရိမ်)  
အရှင်ဣန္ဒာစက္က(မစိုးရိမ်တိုက်သစ်။မန္တလေး)